မင်းပြားတွင်​ မှိုနှင့်​ဒညင်းသီး အတူစားမိ၍ ၂ ဦး ​သေဆုံးပြီး ၃ ဦးကို ​အ​ရေး​ပေါ်ကုသ​နေရ


(ဇွန်​လ ၂၉ ၊ မင်းပြား)

ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ နယ်​ ၊ ဆင်​ကြီးပြင်​ရွာအနီး င/ပယင်း​ကျွေးရွာတွင်​ ​မှိုနှင့်​ ဒညင်းသီးကို တွဲစားမိ၍ ၂ ဦး​သေဆုံးခဲ့ပြီး ကျန်​ ၃ ဦးကို မင်းပြားမြို့ ၊ ပြည်​သူ့ ​ဆေးရုံကြီး၌ အ​ရေး​ပေါ်ကုသ​နေရ​ကြောင်း သိရသည်။

ဇွန်​လ ၂၆ ရက်​​နေ့ က မိသားစုတစ်​စုသည်​ ​မှိုနှင့်​ ​ဒညင်းသီးကို တွဲစားမိခဲ့ပြီး​နောက်​ အဆိပ်​ဖြစ်​လာသဖြင့်​ နီးစပ်​ရာ တိုင်းရင်း​​ဆေးသမားနှင့်​ ကုသပြီး​နောက်​ အဆိပ်​မပြယ်​နိုင်​​သော​ကြောင့်​ ၃ ရက်​​မြောက်​ ​နေ့ တွင်​ မင်းပြား​ဆေးရုံကြီးသို့ ​ရောက်​ရှိလာခြင်း ဖြစ်​​ကြောင်း သိရသည်​။

အဆိုပါ ၅ဦးမှာ မိသားစုဝင်​ ၅ ဦးဖြစ်​၍ ​သေဆုံးသူ ၂ ဦးမှာ က​လေးများဖြစ်​ပြီး ၄ နှစ်​အရွယ်​ တစ်​ဦး နှင့်​ ၈ နှစ်​အရွယ်​ တစ်ဦးတို့ ဖြစ်​​ကြောင်း သိရသည်​။ကျန်​ ၃ ဦးမှာ မိဘ ၂ ဦးနှင့်​ သားသမီး ၁ ဦးဖြစ်​ပြီး ၄င်းတို့ ၏ အ​ခြေအ​နေများမှာလည်း စိုးရိမ်​ရသဖြင့်​ မနက်​ဖြန်​မနက်​၌ စစ်​​တွေ ​ဆေးရုံကြီးသို့  ပို့ ​ဆောင်​သွားရန်​ စီစဉ်​ထား​ကြောင်း ​ဆွေမျိုးရင်းချာတစ်​ဦးက ​ပြောကြားသည်​။အဆိုပါ မှိုမှာ ​ကောက်​ရိုးမှိုဖြစ်​ပြီး ဒညင်းသီးနှင့်​ တွဲစားမိသဖြင့်​ အဆိပ်​ဖြစ်​သွားဟန်​တူ​ကြောင်း ၄င်းက​ပြောကြားချက်​အရ သိရသည်။

ရေးသားသူ-သန့်ဇင်
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post