စစ်တွေတွင်​ ဖမ်းမိသည့် ခိုးဝင်ဘင်္ဂါလီ ၄၅ ဦးကို ဒိုင်ယာစီပင် ထိုးဆေးများနှင့်အတူ ဖမ်းမိ

စစ်တွေမြို့ သဲချောင်း
ဘင်္ဂါလီဒုက္ခသည်စခန်းအနီးရှိ သဲချောင်းထဲသို့ စက်လှေတစ်
စီး ခိုးဝင်လာ၍ လိုက်လံဖမ်းဆီးရာခြောက်ဦး လွတ်မြောက်သွားပြီး ၄၅ဦးကိုဒိုင်ယာစီပင်
ထိုးဆေးများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်းစစ်တွေမြို့မရဲစခန်းမှ သတင်းရရှိသည်။

ဇွန်လ ၂၆ ရက် မနက်ကိုးနာရီ ခန့်က စစ်တွေမြို့တွင် မိုးသည်း ထန်စွာရွာသွန်းနေပြီး သဲချောင်း အတွင်း လူ ၅၁ဦးတင်လာသည့် စက်လှေခိုးဝင်လာခဲ့သောကြောင့် လုံခြုံရေးစောင့်နေသည့် အမှတ် (၄)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ် တွေမြို့မရဲစခန်းမှ ဒုတိယရဲမှူး သန်းလှိုင်က ရန်ကုန်ပို့စ်အား ပြောသည်။

‘‘သဲချောင်းကနေ မိုးကိုအသုံးချပြီး ဖြတ်ဝင်လာ တာ။ အဲဒီအချိန်က မိုးကအရမ်းရွာ နေတာ။ ရပ်ခိုင်းတာကိုမရပ်ဘဲ မလွတ်မှန်းသိတော့ ရွှံ့တောထဲ လှေထိုးပြီး ထွက်ပြေးကြတာ။ ခြောက်ဦးထွက်ပြေးသွားတယ်။ ၄၅ဦးကိုတော့ ဖမ်းပြီးနယ်ရဲဘက် ကို လွှဲပေးထားတယ်’’ဟု စစ်တွေ မြို့ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းနှင့် ကျေးရွာအချို့တွင် လုံခြုံရေးတာဝန်ယူထားသည့် အမှတ် (၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

စက်လှေမှာ သဲချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းမှ ဘင်္ဂါလီ တစ်ဦးပိုင်သည့် စက်လှေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့သွားပြီးအပြန်တွင် ဒိုင်ယာစီပင်ထိုးဆေးများနှင့် လူအချို့ကိုခိုး၍ သယ်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း သူတို့သည် ရန်ကုန်မြို့အထိ ခရီးဆက်နိုင်ရန်ရှိကြောင်း ဖမ်းဆီးမှုဖြစ်စဉ်တွင် ပါဝင်သည့် ရဲအရာရှိတစ်ဦးက သုံးသပ်သည်။

ဒိုင်ယာစီပင်ထိုး ဆေးလုံး ၃,၉၀၀ ခန့်၊အမျိုးသား ၂၈ဦးနှင့် အမျိုးသမီး ၁၇ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
သဲချောင်းသည် ဘင်္ဂလား ပင်လယ်နှင့် ဆက်စပ်နေသည့် ချောင်းဖြစ်ပြီး ဘင်္ဂါလီများနေ သည့် ဒုက္ခသည်စခန်းနှင့် ကျေး ရွာထိပ်တွင်ရှိသော ပင်လယ်ပြင် သို့ ယင်းချောင်းမှတစ်ဆင့် အဝင် အထွက်ပြုလုပ်ကြခြင်းဖြစ်သည်။

From- The Yangon Post



SHARE THIS
Previous Post
Next Post