ရေကြီးမှု ပြည်ထောင်စုအစိုးရ ဆောင်ရွက်ပေးရန် အရေးကြီးအဆိုတင်

မြန်မာနိုင်ငံတဝန်းလုံးရှိ ရေကြီးနစ်မြုပ်နေသည့် ဒေသများတွင် ပျက်စီးဆုံးရှုံးခဲ့သော ကိစ္စများကို ပြည်ထောင်စုအဆင့်အစိုးရက အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေရန်အတွက် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ယနေ့ (ဇွန် ၃၀)ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်သည်။
သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များက ဆောင်ရွက်နေသော်လည်း မူလအခြေအနေ အမြန်ဆုံးရောက်ရှိစေရန် ပြည်ထောင်စုအဆင့်က ရေတို၊ ရေလတ်၊ ရေရှည် နည်းလမ်းများဖြင့် ဆောင်ရွက်သင့်ကြောင်း အဆိုရှင်က ဆွေးနွေးတင်ပြခဲ့သည်။
အဆိုကို ပြည်ထောင်စုလွှတ်တော်တွင် လက်ခံဆွေးနွေးရန် အတည်ပြုခဲ့ပြီး ယနေ့နံနက်ပိုင်း အစည်းအဝေးနောက်ဆုံးချိန်တွင် အမည်စာရင်းတင်းသွင်းရန် သူရဦီးရွှေမန်းက ပြောကြားလိုက်သည်။

From-7DayDaily



SHARE THIS
Previous Post
Next Post