ကချင်​ရောက်​ မင်းပြားဒုက္ခသည်​ ၄၁၆ ဦးအား ​နေရပ်​ပြန်​​ရောက်​နိုင်​​ရေး ကူညီမည်

(ဇွန်​လ ၂၇ ၊ ဖားကန့်​)

ရေကြိုင်​ရာ မြက်​နုရာသို့  ရှာ​ဖွေသည့်​အ​နေဖြင့်​ ကချင်​ပြည်​နယ်​သို့  အလုပ်​အကိုင်​သွား​ရောက်​​ လုပ်​ကိုင်​ရင်း ဒုက္ခ​ရောက်​​နေကြသည့်​ ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ နယ်​မှ ကချင်​​ရောက်​ဒုက္ခသည်​ ၄၁၆ ဦးအား ကချင်​ပြည်​နယ်​အစိုးရအဖွဲ့ နှင့်​ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့ တို့ ပူး​ပေါင်း၍ ​နေရပ်​ဇာတိသို့ ပြန်​ရောက်​နိုင်​​ရေး အကူအညီများ ​ပေးသွားမည်​ဖြစ်​​ကြောင်း  သိရသည်။

အဆိုပါဒုက္ခသည်​များသည်​ ကချင်​၌ မိုးရာသီအလုပ်​အကိုင်​ရှားပါးခြင်း ၊ နယ်​​မြေ​ဒေသလုံခြုံမှုမရှိခြင်း ၊ စစ်​​ရေးမငြိမ်​မသက်​မှုများ​ကြောင့်​ အလုပ်​လက်​မဲ့များဖြစ်​​နေကြရပြီး အပြန်​စရိတ်​အခက်​အခဲများ​ကြောင့်​ ​နေရပ်​မပြန်​နိုင်​ဘဲ ​သောင်​တင်​ဒုက္ခ​ရောက်​​နေကြသူများဟု ယူဆရသည်​။

အဆိုပါဒုက္ခသည်​များမှာ အိမ်​​ထောင်​စု (၉၆)စု ၊ လူ(၄၁၆)ဦးဟု သိရပြီး ၄င်းတို့ သည်​ ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ နယ်​ရှိ အိုင်​ဝန်း​ ၊ စအင်း ၊ ​တောကန်​ ၊ ရန်​တိုင်​နှင့်​ အခြားရွာများမှ ဖြစ်​​ကြောင်း သိရသည်။ ​ကျေးရွာများမှသာမက
မင်းပြားမြို့  ​ပေါ်ရှိ ​ဈေး​ဟောင်းပိုင်း ၊ ​အလယ်​ပိုင်း ၊ ​အောက်​ရွာပိုင်းရပ်​ကွက်​များမှလည်း ပါဝင်​​ကြောင်း သိရသည်​။

အဆိုပါဒုက္ခသည်​များသည်​ ကချင်​ပြည်​နယ်​အစိုးရအဖွဲ့ မှ ကူညီမှု​ကြောင့်​ လာမည့်​ ၂၉ ရက်​​နေ့  တွင်​ မန္တ​လေးမြို့ သို့  ​ရောက်​ရှိလာမည်​ဖြစ်​ပြီး ဇွန်​လ ၃၀ ရက်​​နေ့ တွင်​ မင်းဘူးမြို့  ၊ ဂျူလိုင်​လ ၁ ရက်​​နေ့  တွင်​ ရခိုင်​ပြည်​နယ်​ ၊ မင်းပြားသို့  ​ရောက်​ရှိလာမည်​ဟု ခန့်​မှန်းရ​ကြောင်း သိရသည်။

အဆိုပါ​ဒုက္ခသည်​များအား မင်းပြားတွင်​ ယာယီစခန်းထားရပ်​နားခိုင်းမည်​ဖြစ်​ပြီး စခန်း​နေရာအဖြစ်​ မင်းပြားမြို့  ၊ မြို့ နယ်​​ဓမ္မာရုံကြီးနှင့်​ မြို့ မ​တောင်​​ကျောင်း ဘုန်း​တော်​ကြီး ​ကျောင်းများကို အသုံးပြုဖွယ်​ရှိ​ကြောင်း သိရသည်​။

အဆိုပါဒုက္ခသည်​များအား ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ မှ အိမ်​​ထောင်​စု တစ်​စုလျှင်​ ဆန်​(၁)အိတ်​နှင့်​ ကျပ်​​ငွေ (၁၀၀၀၀)စီ ​ထောက်​ပံ့ကူညီသွားမည်​ဖြစ်​ပြီး မင်းပြားမှ ​စေတနာရှင်​များက တစ်​နိုင်​တစ်​ပိုင်​​ထောက်​ပံ့ကူညီသွားမည်​ဖြစ်​​ကြောင်း သိရသည်။

မင်းမြတ်​ခိုင်
(​လေးမြို့ သတင်းဘ​လော့ဂ်​)



SHARE THIS
Previous Post
Next Post