ကျောက်ဖြူ၊ ဒီဇင်ဘာ ၂၉
ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရေးအတွက် ကျောက်ဖြူတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လယ် တစ်နာရီခန့်က လူတစ်သောင်းကျော်ဆန္ဒပြခဲ့သည်။
ကျောက်ဖြူမြို့၊ ဘုရားကြီးကွင်းတွင် လူစု၍ မြို့တွင်းလှည့်လည်ကာ ဝင်းဇော်ထွန်းနှင့် ဇော်လင်း တို့နှစ်ဦး လွတ်မြောက်ရေး အတွက် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
မတရားဖမ်းဆီးခံမြန်မာနိုင်ငံသားနှစ်ယောက်အမြန်ဆုံးလွတ်မြောက်ရေး ဒို့အရေး၊ လိပ်ကျွန်းလူသတ်မှုအမှုမှန်ပေါ်ပေါက်ရေး ဒို့အရေး၊ မြန်မာ လူမျိုးနှင့် မြန်မာနိုင်ငံသား ဂုဏ်သိက္ခာအတွက် ထိရောက်စွာ ကာကွယ်ပေးရေး ဒို့အရေး စသည့်အသံများကိုကြွေးကြော်ခဲ့ကြသည်။
၎င်းဆန္ဒပြပွဲသို့ ကျောက်ဖြူမြို့ပေါ်မှ လူတွေ သာမက ကျေးလက်ဒေသ မှ ဒေသခံများနှင့် ကိုဇော်လင်း၊ ကိုဝင်းဇော်ထွန်း တို့မိသားစုများလည်း လာရောက် ဆန္ဒပြခဲ့ကြသည်။
"အခင်းဖြစ်တဲ့အချိန်တုန်းက ကျနော်လိပ်ကျွန်းမှာရှိတယ်။ ကျနော် ညီလေး တို့ကိုကို မဖမ်းခင်အချိန်တုန်းက တစ်ခြားမြန်မာနိုင်ငံသားအများအပြားကို သံသယနဲ့ အများအပြား ဖမ်းဆီးစစ်ဆေးခဲ့တာတွေ့ခဲ့ရတယ်။ အခင်းဖြစ်ပြီး ဆယ့်ငါးရက်လောက်ကြာတဲ့အခါမှ ကျနော့်ညီလေးနှင့်ကိုဝင်းဇော်ထွန်းကို လာဖမ်းတာတွေ့ရတယ်။ တရားခံအစစ်ရှာမတွေ့တဲ့အခါ ခုလို ဓါးစာခံလို လာဖမ်းတာတွေ့ရတယ်။ ကျနော့်ညီလေးတို့လုံးဝမဖြစ်နိုင်ပါ။ ဒါကြောင့် အမြန်ဆုံးလွှတ်ပေးစေချင်တယ်ဟု ထိုင်းအစိုးရကိုတောင်းဆို ပါတယ်"ဟု ကိုဇော်လင်း၏ အစ်ကို ကိုမောင်ဇော်ဝင်း ကပြောသည်။
ကိုဝင်းဇော်ထွန်းရဲ့ ဦးလေးဖြစ်သူ ဦးမောင်ရွှေလှ ကလည်း" မတရား ဖမ်းဆီးထားတာ့ဖြစ်တယ်။ အမှန်တစ်ကယ်ဟုတ်ရင် သတ်ပစ်ရင်လည်း ဝမ်းမနည်းဘူး။ အခုဟာက မတရား ဖမ်းဆီးထားတာဖြစ်တယ်။ အမြန်ဆုံး လွှတ်ပေးပါ" ဟု ထိုင်းအစိုးရကို တောင်းဆိုကြောင်း ဦးမောင်ရွှေလှ ကပြောသည်။
ဆန္ဒလာရောက်ပြသူတွေကိုထံမှ လက်မှတ်ကောက်ခံထားပြီး ထိုင်းနိုင်ငံမှာရှိတဲ့ စာပေ လူငယ်အဖွဲ့မှ တစ်ဆင့် ထိုင်းဘုရင်နှင့် ထိုင်းအစိုးရကို အမှုမှန်ပေါ်ပေါက်ရေး တောင်းဆို သွားမည်ဟု ဆန္ဒပြခေါင်းဆောင် ကိုထွန်းထွန်းနိုင် ကပြောသည်။
From-Arakan State
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)