လေးမြို့ 
ဒီဇင်ဘာလ ၂၉ ရက် ၊ ၂၀၁၅
နိုင်ငံတကာတွင် အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူရင်ဘောင်တန်းပြီး နိုင်ငံရေးနယ်ပယ်၌ ပါဝင်နေပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်အတွင်း၌ကား နိုင်ငံရေးနယ်ပယ်၌ အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် ပါဝင်မှု အားနည်းနေသေးသည်ဟု ရခိုင်အမျိုးသမီးများအစည်းအရုံး ဒု-ဥက္ကဌ ဒေါ်စောစံငြိမ်းသူက ပြောကြားခဲ့ကြောင်း သိရသည်။
ဒေါ်စောစံငြိမ်းသူက အခုကာလအတွင်း အမျိုးသမီး နိုင်ငံရေးနယ်ပယ်အတွင်းသို့ ဝင်ရောက်လာမှုသည် ယခင်ထက်တိုးတက်လာသော်လည်း လွှတ်တော်ထဲတွင် အမျိုးသမီးဦးရေ တွက်ချက်ကြည့်ခြင်း အားဖြင့် ရာခိုင်နှုန်းအများကြီး အားနည်းနေသေးကြောင်း ထင်ဟပ်ပြနေသည်ဟု ဆိုသည်။
ထို့ပြင် အမျိုးသမီးများ နိုင်ငံရေး နယ်ပယ်သို့  ဝင်ရောက်ရန် လိုသည်ဟု အမျိုးသားများကပါ လက်ခံသဘောတူလာသည့်အချက်ကို ဝမ်းသာမိကြောင်း ပြောကြားခဲ့သည်ဟ သိရသည်။
သက်ထားရွှေစင် (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)