ပုဏ္ဏားကျွန်း ၊ လေးမြို့ 
ဇန်န၀ါရီ ၅ ရက် ၊ ၂၀၁၆
ရခိုင်မျိုးနွယ်ဝင်(၇)မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သော ဒိုင်းနက်(ခ)သက္ကမလူမျိုးစု၏ ပထမဆုံးကြိမ်မြောက် ဒိုင်းနက်အမျိုးသားနေ့ ကို ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့ နယ် ၊ သျှင်တော်ကျေးရွာ၌ လာမည့် ဇန်န၀ါရီ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒိုင်းနက်အမျိုးသားနေ့ ဖွင့်ပွဲအခမ်းအနားကို ၄င်းနေ့ နံနက်ပိုင်း၌ စတင်ဖွင့်လှစ်ကာ ဒိုင်းနက်ရိုးရာအကအလှများဖြင့် ဖြေဖျော်ဖွင့်လှစ်မည်ဖြစ်ပြီး လူမျိုးစုခေါင်းဆောင်များက ဟောပြောမည့် ဟောပြောပွဲကိုပါ တစ်ဆက်တည်း ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း Arakan Blood News ၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်များကို တွေ့ ရသည်။
(လေးမြို့ သတင်းမီဒီယာ)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)