မြောက်ဦး ၊ လေးမြို့ 
ဇန်န၀ါရီ ၅ ရက် ၊၂၀၁၆
ရခိုင်ဒေသတွင် ဖြစ်ပွားနေသော အစိုးရတပ်နှင့် AA တို့ တိုက်ပွဲများကြောင့် နေရပ်စွန့် ခွာထွက်ပြေးလာသူပေါင်း ၁၃၆ ဦးခန့် ရှိသွားပြီဖြစ်သည်ဟု Mizzima သတင်းတွင် ဖော်ပြချက်အရ သိရသည်။
"ရွာနှစ်ရွာမှာ ဒီနေ့အထိအားလုံး ၁၃၆ဦးရှိပြီ အရင်နေ့တွေကတော့ကယ်ထားတဲ့ရွာထဲကဆန်နဲ့ စားစရာကိုဝေမျှပြီးစားရတယ်။ ဒီနေ့တော့ပရဟိတအဖွဲ့တစ်ခုက ဆန် ၁၅အိတ်စီလာလှူထားတယ်။ တစ်ခြားငါးခြောက်တို့၊ ခေါက်ဆွဲခြောက်တို့လည်းပါတယ်။ ဒီနေ့တော့ ထက်ပြီးထွက်ပြေးတဲ့သူတွေကျွန်တော်တို့ဆီလာတယ်ဆိုလို့ လှေဆိပ်မှာလာစောင့်နေတာ။" ဟု စစ်ရှောင်ဒုက္ခသည်များ ကူညီကယ်ဆယ်ပေးနေသည့် ကျောင်းအုပ် ဦးမောင်ဝင်းလှိုင်က ပြောကြားသည်ဟု သိရသည်။
အစိုးရတပ်နှင့် AA တို့သည် ကျောက်တော်၊ မြောက်ဦး နှင့် ပလက်ဝမြို့နယ် သုံးခုအစပ်ရှိ ပီးချောင်းအနီးတွင် တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ပြီး၊ မြောက်ဦးမြို့နယ် သံတံတားရွာနှင့် ဗာအီရွာတို့တွင်နေထိုင်သည့် ဒေသခံများက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရခြင်းလည်းဖြစ်သည်ဟု ဦးမောင်ဝင်းလှိုင်ကပြောကြားကြောင်း Mizzima သတင်းတွင် ဖော်ပြထားသည်။
၎င်းစစ်ရှောင်ဒုက္ခသည် ၁၃၆ တို့ အနက် သံတံတားရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ၇၀ဦးကို မြောက်ဦးမြို့နယ်ရှိ ကျီရာပြင်ရွာဘုန်းတော်ကြီးကျောင်း တွင်လည်းကောင်း၊ ဗာအီရွာမှ ၆၆ဦးကို စေတီတောင်ရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း အသီးသီး ကူညီ၊ကယ်ဆယ်ထားကြောင်း သိရသည်။
(လေးမြို့ သတင်းမီဒီယာ)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)