ဆံတော်ရှင် ဘုရားပွဲ ကျင်းပမည်ဟု အစိုးရထုတ်ပြန်



ကျိတ်ကျိတ်တိုးစည်ကားသော ဘုရားပွဲတစ်ခုဖြစ်သော ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြေငူကျွန်းရှိ ဆံတောင်ရှင် (ဆံဒရွင်)
စေတီ ဘုရားပွဲကို ဒီဇင်ဘာ ၂၃ရက်နေ့မှ ၂၈ ရက်နေ့အထိ စည်ကားသိပ်မြုက်စွာကျင်းပမည်ဖြစ်ကြောင်း အစိုးရက နိုင်ငံပိုင် မီဒီယာမှ တစ်ဆင့် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ဘုရားပွဲကို ဒေသတွင်းအခြေ မငြိမ်သက်သဖြင့် ပွဲကျင်းပမည့် အစီစဉ်ကို ယခုနှစ်တွင် ရပ်နားမည်ဟု လွန်ခဲ့သော လပိုင်းက အဆိုပါ ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

သို့သော်လည်း အစိုးရကမှု နှစ်စဉ်နှစ်တိုင်းကျင်းပသည့်အတိုင်း ယခုနှစ်တွင်လည်း ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။

ဆံတောင်ရှင်စေတီသည် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြေငူကျွန်း ၏ တောင်ဘက် အစွန်းနီလာ ပဗ္ဗတတောင် တောင်ထိပ်တွင် တည်ရှိသည်။

အဆိုပါ စေတီသည် ဓည၀တီခေတ် စန္ဒာသူရိယမင်းလက်ထက်၊ ဂေါတမမြတ်ဘုရားရှင်၏ ဆံတော်နှစ်ဆူကို ဌာပနာကာ ခေတ်အဆက်ဆက် ကိုးကွယ်လာခဲ့သည့် တန်ခိုးကြီးသမိုင်းဝင် စေတီတော်မြတ်ဖြစ်သည်။

ဓါတ်ပုံ - Coral Arakan News Agency

SHARE THIS