တရုတ်ပြည်၊ Hunan ပြည်နယ်၊ Dongting lake အနီးမှာ ရှိတဲ့ အထပ်မြင့် ဟိုတယ် တစ်ခု ဖြစ်ပါတယ်။
တည်ဆောက်တဲ့အဖွဲ့ကတော့ Broad Group ဖြစ်ပြီ အားလုံး ပြီးစီးဖို့ ၁၅ ရက်ပဲ ကြာပါတယ်။ နာရီနဲ့တွက်ရင် နာရီပေါင်း ၃၆၀ ပဲ ကြာပါတယ်။ အချိန်တိုအတွင်း ရရှိတဲ့ လူအင်အား၊ ငွေအင်အား၊ ကုန်ကြမ်းကို ခပ်မြန်မြန် အသုံးပြုလို့ တည်ဆောက်လိုက်ခြင်း ဖြစ်ပါတယ်။ တစ်ရက်ကို ၂ ထပ်နှုန်းနဲ့ အပေါ်တက်သွားတာ ဆိုတော့ အံ့မခန့်ပါပဲ။ တစ်ရက်ကို ၂ ထပ်တောင် မပါဘူး။ ဖောင်ဒေးရှင်းအတွက်လည်း အချိန်ပေးရသေးတော့ အပေါ် ပိုင်း တည်ဆောက်မှုက အတော်လေး မြန်ပုံရပါတယ်။
နေ့မအား၊ ညမအားကို တည်ဆောက်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဟိုတယ်ကြီး ဖြစ်သွားပါတယ်။ ကြံ့ ခိုင်မှု အပိုင်းကိုလည်း သေချာ စစ်ဆေးထားပြီး မြေငလျင် မဂ္ဂနီကျု အဆင့် ၉ လောက်ထိကို ခံနိုင်ရည် ရှိတယ်လို့ အတည်ပြုပေးထားပါတယ်။
ဒီတော့ အဆင့်မှီ အဆောက်အအုံ တစ်ခုပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ၁၅ ရက်နဲ့ အထပ် ၃၀ ဟိုတယ် တစ်ခုဆောက်လိုက်တာတော့ မြင်ရသူ အတွက် အံ့သြစရာ အဖြစ် ကျန်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: asia-weird
ရိုးရာလေး သတင်း
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
အသက်မပြည့် ပြည့်တန်ဆာနှင့် ဆက်ဆံမှုဖြင့် ဘန်ဇီးမားနှင့် ရစ်ဘာရီ တရားစွဲဆိုခံရ ပြင်သစ် လက်ရွေးစင် ဘောလုံးသမား နှစ်ဦးဖြစ်သော ဖရန့်ခ်ရစ်ဘာရီနှင့် ကီရင် ဘန်ဇီးမားတို့သည် အသက်မပြည
ဆန္ဒပြမှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့  မှ ပြောနိုင်ငံတကာ ၊ လေး
ဆီးရီးယားအတိုက်အခံကို လက်နက်ပေးရေး ဒီအပတ် ကန်ဆုံးဖြတ်မည် Tuesday, June 11, 2013 အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ဒီသီတင်းပတ်ထဲ ဆက်တိုက်ဆိုသလို အရေးတကြီ
“FBI က မောင်းသူမဲ့လေယာဉ်များ အမေရိကန်ပြည်တွင်း၌ အသုံးပြုခဲ့” ဇွန်လ ၂၁ ရက် ၂၀၁၃ FBI၏ ဒါရိုက်တာ ဖြစ်သူက ထောက်လှမ်းရေး ကိစ္စအတွက် မောင်းသူမဲ့ လေယာဉ်များကိ
ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့ UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်
ထိုင်းတွင် ဗီဇာသက်တမ်းကုန် ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးမှုစတင်ထိုင်းနိုင်ငံေ&
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)