သိင်္ဂီထွန်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၃၇ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများ လာမည့်ဘဏ္ဍာနှစ်တွင် တိုးမြှင့်ပေးနိုင်တော့မည့် အနေအထားရှိကြောင်း ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၀ ရက်နေ့က ပေးပို့သော သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူး သဝဏ်လွှာတွင် အရိပ်အမြွက် ထည့်သွင်း ပြောကြားသွားသည်။
ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့သော လူမှုရေး ဆောင်ရွက်ချက်များအကြောင်း ပြောကြားရာတွင် သမ္မတ က ယခုလို ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
“လွှတ်တော်အတွင်း၌ ရသုံးမှန်းခြေ ငွေစာရင်း ဆွေးနွေးသည့် ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တဆင့်ပြီး တဆင့် တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်သည်ကို လည်း တွေ့ရှိရမည် ဖြစ်ပါသည်” ဟု သမ္မတ၏ နှစ်သစ်ကူး သဝဏ်လွှာတွင် ရေးသားပါရှိသည်။
လာမည့် ဘဏ္ဍာနှစ်သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်မည် ဖြစ်သည်။
ထို့ပြင် လာမည့်ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ပြီး “ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ” ကို ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည်ဟုလည်း ပါရှိသည်။
အစိုးရ အဖွဲ့အစည်းများအတွင်း အဂတိလိုက်စားမှု ကင်းရှင်းရန်နှင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရန်အတွက် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင် ၈ ဦး ပါသော "လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ"ကို လည်း ယခုလ ၈ ရက်တွင် သမ္မတ က ဖွဲ့စည်းခဲ့သေးသည်။
“ဒီကိစ္စလည်း စပ်ဆက်နိုင်တာပဲ။ စင်္ကာပူဆိုရင် သူ့ဝန်ထမ်းတွေကို အမြင့်ဆုံး ခံစားခွင့် ပေးထားတာ။ ဒါက လာဘ်ပေးဘာဘ်ယူ ပပျောက်ဖို့ အများကြီး အထောက်အကူပြုတာပေါ့” ဟု စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း က ပြောသည်။
၂၀၁၂-၂၀၁၃ ခုနှစ်မှစပြီး ဝန်ထမ်းလစာ တိုးမြှင့်ရေးနှင့် စပ်လျဉ်းသည့် အဆိုတခုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် တင်သွင်းခဲ့ပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးလှထွန်း အပါအဝင် စက်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၊ အမျိုးသား စီမံကိန်းဝန်ကြီးတို့မှ ဝန်ထမ်းများလစာ တိုးခြင်းကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင်သာ ဆောင်ရွက်သင့်ကြောင်း ဝန်ကြီး ဦးလှထွန်း က ပြန်လည်ရှင်းလင်းခဲ့ဖူးသည်။
ဝန်ထမ်းလစာများကို ၂၀၁၀ ခုနှစ်၊ ဧပြီလတွင် ကျပ်ငွေ နှစ်သောင်းစီ တိုးမြှင့်ပေးခဲ့ဖူးပြီး အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် အခြေခံပညာ ဦးစီးဌာန အောက်ရှိ ပြည်နယ်နှင့်တိုင်း အဆင့်မှ မြို့နယ်အဆင့်ထိ ပညာရေးဝန်ထမ်းများအား မူလ လစာ၏ ၇ ရာခိုင်နှုန်းစီ တိုးမြှင့်ပေးခဲ့သည်။
နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် တိုးမြှင့်ကြောင်း ကြေညာခဲ့ဖူးသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
နှစ်ကုန်ရင် နိုင်ငံရေး အကျဉ်းသား တယောက်မှ ထောင်ထဲ မကျန်စေရဘူးလို့ ကတိပေး Tuesday, July 16, 2013 ဗြိတိန် နိုင်ငံကို ပထမဆုံး တရားဝင် ခရီးစဉ် အဖြစ် ရောက်နေတဲ့ မြန်မာ
မြန်မာ့ မိုဘိုင်းဖုန်း ဘ၀ပြောင်းဖို့ အစပျိုးပြီ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိခဲ့ပြီးဖြစ်တဲ့ Telenor နှင
ALD နှင့် RNDP ပေါင်းစည်းရေး နှစ်ဖက်ပါတီသဘောတူ မိုးဇော် (သတင်း) ရခိုင်ပြည်နယ်မှ ရခိုင်ပါတီများဖြစ်သောရခိုင်ဒီမိုကရေးစီအဖွဲ့ချုပ်(ALD) န
ရခိုင်ပြည်အား ဘင်္ဂလီနိုင်ငံထူထောင်ရန် စီမံကိန်းရေးဆွဲခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင်ကို ရဲကဖမ်းမိပြီ ဘင်္ဂလီလူဦးရေ စာရင်းကောက်ခံရာတွင် အဓိက ကြိုးကိုင်ခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင
Appleက iPhone 5ကြောင့် သေဆုံးမှု မှန်ကန်လျှင် အဖြစ်မှန်အား ဖော်ထုတ်မည် Appleဟာ မကြာသေးခင်ကေ
အရိုက်ခံရတယ်ဆိုတဲ့အမျိုးသမီး ကိစ္စ မေမြို့ NLD ပြန်ရှင်း Saturday, June 15, 2013 ဧရာဝတီသတင်းဌာနက ယမန်နေ့က မေမြို့ ( ပြင်ဦးလွင်)မှာ ဒေါ်အောင်ဆန်းစြု
Previous Post
၂၀၁၃ ဇန်န၀ါရီ ၁၁ ရက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်
၂၀၁၃ ဇန်န၀ါရီ ၁၁ ရက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်
Next Post
အလင်းဝင် KIA စစ်သည်တစ်ဦး၏ ရင်ဖွင့်ချက်
အလင်းဝင် KIA စစ်သည်တစ်ဦး၏ ရင်ဖွင့်ချက်
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)