ကျွန်တော်နာမည် မောင်ယဉ်မျိုးထွန်းပါ။ ကျွန်တော်အညာသားပါ။ ကျွန်တော့ ဇာတိ ကတော့ မြန်မာပြည်အလယ်ပိုင်း မြင်းခြံမြို့ကပါ။ ကျွန်တော်တို့ဒေသမှာ မိုးခေါင်ရေရှားပြီး စီးပွားရေး လုပ်ရတာအဆင်မပြေလို့
ဖားကန့်မှာ ရေမဆေးကျောက်တူးတဲ့အလုပ်ကို ၂၀၀၈ခုနှစ်ထဲက လုပ်နေပါ တယ်။ ဒီလိုလုပ်နေရင်း တစ်နေ့မှာတော့ ကျွန်တော်တို့မှော်ထဲကိုဗိုလ်လဆိုင်း
ခေါင်းဆောင်တဲ့ အင်အား ၁၅ ယောက် လောက်ရောက်လာပြီးကျွန်တော်တို့
မှော်ထဲမှာရှိတဲ့ရေမဆေးကျောက်ရှာတဲ့ ယောကျာ်းလေး ၃၀ လောက်ကို ဖမ်ဆီးသွားပါတယ်။
အဲ့ဒိအထဲမှာငွေးကြေးတက်နိုင်တဲ့ လူ ၁၀ ယောက်ကတော့ တစ်ယောက်ကို ၃ သိန်း KIA ဗိုလ်လဆိုင်းကိုပေးပြီး ပြန်လွတ်သွားပါတယ်။ ကျွန်တော်နဲ့ ကျန်တဲ့ အယောက် ၂၀ လောက်ကတော့ ပေးစရာလဲငွေမရှိ တစ်နေ့လုပ်မှ တစ်နေ့စားတွေဆိုတော့ KIA၏ လူသစ်စုတဲ့အထဲဘုမသိဘမိသနဲ့ ပါသွား
တော့တာပါပဲ။ ကျွန်တော်တို့ကို တပ်ရင်း ၆ ရှိတဲ့ ကန်ဆီးမှ စစ်သင်တန်း
(၂) လတက်ခိုင်းပါတယ်။ စစ်သင်တန်း ပြီးတာနဲ့ ဘာမသိညာမသိနဲ့ KIA သူပုန်ဖြစ် သွားတော့တာပါပဲ။ အဲ့ဒိမှာကျွန်တော်တို့ အားလုံးသိထားတာက KIA တပ်ဖွဲ့ဝင်တွေဖြစ်သွားပြီ မင်းတို့ ဒီကထွက်ပြေးရင် ပစ်သတ်ခံရမယ်။ ထွက်ပြေးလို့လွတ်သွား ရင်လဲ ဗမာစစ်တပ်က မင်းတို့ကိုသတ်မှာပဲ။ ဗမာစစ်တပ်က ဖမ်းမိတဲ့ KIA စစ်သားမှန်သမျှကို အကုန် သတ်ရုံတင်
မကဘူး။ မင်းတို့ ဆွေမျိုးတွေ ပါ သောင်းကျန်းသူနဲ့ ဆက်သွယ်တယ်
ဆိုပြီး ထောင်ချခံရလိမ့်မယ် ဆိုပြီးကျွန်တော်တို့ ကို ခြိမ်းခြောက် ထားပါတယ်။
ကျွန်တော်တို့လို အတင်းအဓမ္မ စုဆောင်ခံရတဲ့ထဲမှာ လူမျိုးပေါင်းစုံပါပါတယ်။ အထူးသဖြင့် မြန်မာ တစ်နိုင်ငံလုံးက စီးပွားရေးအရ ဖားကန့်နဲ့ရွှေတောတွေ
မှာ လုပ်ကိုင်စားသောက်နေရတဲ့ လူအများစုပါ။ ဗမာ လဲပါတယ်။ ရှမ်းလဲ
ပါတယ်။ ရခိုင်လဲပါတယ်။ KIA တပ်ဖွဲ့ဝင်ဖြစ်လာတော့လဲ လူမျိုးရေး
ခွဲခြားတာကို ခံရပါတယ်။ ကချင်ဂျိန်းဖောတွေကိုတော့ ဦးစားပေးပါတယ်။ ကျန်တဲ့လူမျိုးတွေဆိုရင် ခွဲခြားဆက်ဆံပါ တယ်။ ကျွန်တော်တို့ ကို သိပ်ယုံကြည်ပုံမရပါဘူး။
KIA စစ်ဗိုလ်တွေ စကားပြောတိုင်းကျွန်တော်တို့ ဗမာကောင်တွေကို
မယုံနဲ့ဆိုပြီး အမြဲပြောတာ ကိုကြားရ ပါတယ်။ KIA ထဲမှာနေရပေမဲ့ KIA အောက်ခြေစစ်သားတွေဟာ ဘာခံယူချက်မှ မရှိပါဘူး။ သူတို့ လူကြီးတွေပြောနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ကိုယ်ပိုင်ပြဌာန်းခွင့်
တို့ဆိုတာလဲနားမလည်ပါဘူး။ KIA စစ်သား တွေသိထားတာက အစိုးရတံတားတွေဖျက်ဆီးရမယ်။ ရထားတွေကို မိုင်းခွဲရမယ်။ ခိုင်းတာ လုပ်ရင်အခွင့်အရေး ရမယ်။ ခိုင်းတာမလုပ်ရင် မင်းတို့မိသားစု အန္တရာယ်ရှိမယ်။ ဒီကနေထွက်ပြေးရင် မိသားစုတွေ ဒုက္ခရောက်မယ်။ အစိုးရဆီမှာ လက်နက်ချရင် အစိုးရတပ်တွေက ညှဉ်းပန်းနှိပ်စက်ပြီး သတ်မယ်။ မိသားစုတွေကို ထောင်ချခံရမယ်ဆိုတဲ့ အတွေးမျိုးဝင်အောင်
လုပ်ထားပါတယ်။ KIA တပ်ဖွဲ့ဝင်အများစုမှာ KIA ရဲ့ လုပ်ရပ်တွေကို စိတ်ကုန်ပြီး KIA ကိုစွန့်ခွာချင်နေကြပါပြီ။ ဒါပေမဲ့ KIA ခေါင်းဆောင်တွေရဲ့ ခြိမ်းခြောက်ပြော ဆိုမှုတွေကြောင့် တော်တော်တန်တန် အလင်းမ၀င်ရဲ
ကြပါဘူး။
နောက်ဆုံးတော့ ကျွန်တော်လဲဘယ်လိုမှသည်းမခံနိုင်တော့လို့ မြန်မာ
စစ်တပ်က ငါ့ကိုသတ်ရင်လဲ သတ်ပါစေတော့ ဆက်ပြီးမနေနိုင်တော့ဘူး။ ဒီမှာနေရင်လဲ အသေခံတိုက်ရမဲ့အတူတူ အစိုးရဆီမှာ ပြန်ပြီး အလင်းဝင်တာပဲ ကောင်းတယ်လို့ ဆုံးဖြတ်ပြီး နီးစပ်ရာ တပ်စခန်းတစ်ခုမှာ အလင်းဝင်ခဲ့ပါတယ်။ ကျွန်တော် တကယ်အလင်းဝင်တဲ့အခါမှာတော့ ကျွန်တော်တို့ ထင်ထားတာတွေနဲ့ တခြားစီဖြစ်နေပါတယ်။ KIA ခေါင်းဆောင်တွေပြောသလို တပ်ကကျွန်တော်တို့ကို မသတ်ပါဘူး။
ထောင်လဲမချပါ ဘူး။ တော်ေ တ်ာလေးကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုခဲ့ပါတယ်။ ကျွန်တော်ထင်မထားတာတွေဖြစ်လာတော့ ကျွန်တော် မျက်ရည်တောင် ကျမိပါတယ်။ တပ်က ကျွန်တော်တို့အလင်းဝင်တွေကို
နွေးထွးစွာကြိုဆိုတဲ့အပြင် စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးနဲ့
နောင်အနာဂတ်အတွက်ပါ လိုအပ်တာတွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။
ကျွန်တော် ဒီတစ်သက် လုံးဝမတွေ့ရဘူးလို့ ထင်ခဲ့တဲ့ ကျွန်တော့ မိဘ(၂)ပါးနဲ့လည်း တွေ့ဆုံ ခွင့်ရခဲ့ ပါတယ်။ အခု ကျွန်တော် ကျွန်တော့
ဇာတိမြေပြန်ရောက်နေပါပြီ။ KIA ခေါင်းဆောင်တွေပြောသလို ကျွန်တော်အသတ်လည်း မခံရပါဘူး။ ကျွန်တော့ မိဘတွေလဲ
ထောင်မကျပါဘူး။ ကျွန်တော်လဲလွတ်လွတ် လပ်လပ်နဲ့ ကျွန်တော့ဘ၀ကို ရပ်တည်လို့ ရနေပါပြီ။ ဒါကြောင့် ကျွန်တော်ရဲ့အတွေ့အကြုံကိုကြည့်ပြီး
KIA အဖွဲ့အတွင်းမှာကျန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ပြောချင်ပါတယ်။ KIA ခေါင်းဆောင်တွေပြောနေတဲ့ အစိုးရ တပ်ကို အလင်းဝင်ရင် သတ်ပစ်တယ်၊ ထောင်ချ တယ်ဆိုတာလုံးဝမဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ တပ်မတော် က အလင်းဝင်သူအားလုံးကို နွေးနွေးထွေးထွေး ကြိုဆိုနေ
ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။
မြန်မာ့သားကောင်း
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ဆရာတော် ဦးဥတ္တမကြေးရုပ် ပြန်လည်ထားရှိရန် အကြံပြု Sunday, June 23, 2013 မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ ကို
အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် လေးဆူ အောက်တိုဘာ ၅ ရက်မှ ၂၁ ရက်အထိ ဒေသစာရီ ကြွချီ အပူဇော်ခံမည် Saturday, 17 August 2013 အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် လေးဆူသည် နှစ်စဥ
ရခိုင်ပြည်နယ် လ.ဝ.က ဒု-ပြည်နယ်မှူး (ငြိမ်း) ဦးသာမြ နှင့် တွေ့ဆုံခြင်း မေး။ ။ မင်္ဂလာပါဆရာကြီး။ ဆရာကြီးက ရခိုင်ပြည်နယ် လ.ဝ.က မှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူ
ရခိုင်ပြည်အား ဘင်္ဂလီနိုင်ငံထူထောင်ရန် စီမံကိန်းရေးဆွဲခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင်ကို ရဲကဖမ်းမိပြီ ဘင်္ဂလီလူဦးရေ စာရင်းကောက်ခံရာတွင် အဓိက ကြိုးကိုင်ခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင
ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် ကုန်သွယ်မှု စတင်စစ်ဆေးမည် Sunday, June 23, 2013 ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် မှောင်ခို ကုန်သွယ်မှုများကို စ
ထိုင်းငါးဖမ်းစက်လှေတွင် အဓမ္မခိုင်းစေခံနေရသည့် မြန်မာအလုပ်သမား ၁၆ ဦး လွတ်မြောက် Monday, July 22, 2013 ထိုင်းငါးဖမ်း စက်လှေများတွင် အဓမ္မခိုင်းစေခံနေရသည့် မြန်မ
Next Post
မြန်မာပြည်တွင် ဤတောင် မရှိပါ
မြန်မာပြည်တွင် ဤတောင် မရှိပါ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)