100 Plus အားဖြည့်အချိုရည်မှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အား Offical Hydration စပွန်ဆာ ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ
အထွေထွေအတွင်းရေးမှူး ဦးတင်အောင်နှင့် တာဝန်ရှိသူများ၊ 100 Plus မှ
Country Manager မစ္စတာဂရေဟမ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော
ဧည့်သည်တော် များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။ ထို့နောက်
ဘောလုံးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်နှင့်
မစ္စတာဂရေဟမ်တို့က နှစ်ဦးသဘောတူ MoU လက်မှတ်ရေးထိုးခဲ့ကြသည်။ စာချုပ်အရ ၂၀၁၃
ခုနှစ်မှ စတင်ပြီး နှစ်နှစ်တာ ကာကလအတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ
ကြီးမှူးကျင်းပမည့် ပြိုင်ပွဲ အသီးသီး၌ ကစားသမားများ၏ ရေဓာတ်ဆုံးရှုံးမှုကို
ပြန်လည် ဖြည့်တင်းပေးနိုင်ရန် ရေဓာတ်အားဖြည့် အချိုရည်များအား 100 Plus မှ
ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ အစွမ်းအစရှိသော မျိုးဆက်သစ်လူငယ်အားကစားသမားများ ရှာဖွေ ဖော်ထုတ်မည့် အစီအစဉ်များတွင်လည်း ၀ိုင်းဝန်းကူညီထောက်ပံ့ပေးမည်ဟု
သိရှိရသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး
ဦးတင်အောင် က “ဒီနေ့ အခမ်းအနားကတော့ ထူးခြားတဲ့ အခမ်းအနား တစ်ခုပါ။ Offical
Hydration ပါတနာရရှိတဲ့အတွက် 100 Plus ကို အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်စား
နွေးထွေးစွာ လက်ကမ်း ကြိုဆိုပါတယ်။ စပွန်ဆာကိစ္စနဲ့ပတ်သက်ပြီး 100 Plus
နဲ့စတွေ့တာ လွန်ခဲ့တဲ့ နှစ်နှစ်က ကမ္ဘောဒီးယားမှာ စတွေ့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီကနေ တဖြည်းဖြည်းနဲ့ မျိုးစေ့ချ လာတာပဲဖြစ်တယ်။ နောက်တစ်ခုက 100 Plus
နဲ့ Offical Hydration စပွန်ဆာရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့
ကိုဆူးအောင်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီနေ့ပွဲကို
တက်ရောက်လာကြတဲ့ တာဝန်ရှိသူများ၊ မီဒီယာများအားလုံးကလည်း၊ ဘောလုံး အားကစား
တိုးတက်ရေး ရှုထောင့်ကနေ ပူးပေါင်းပါဝင်ပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း
ပြောလိုပါတယ်။ စာချုပ်နဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် ဘက်က
လိုက်နာဆောင်ရွက်ရမယ့် ကိစ္စများကို အကောင်းဆုံး ဖြည့်ဆည်းပေးသွားမယ်လို့
အဖွဲ့ချုပ် ကိုယ်စား ပြောလိုပါတယ်။ 100 Plus က နှစ်နှစ်အတွင်းမှာ
အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ထောက်ပံပေးမှာဖြစ်သလို လက်ရွေးစင်အသင်း
ဘောလုံးပွဲတွေနဲ့ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲတွေမှာလည်း ကစားသမားတွေ
ရေဓာတ် ဆုံးရှုံးမှုကို ထောက်ပံ့ပေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။
မှ Yatanarpon Call Center
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
ထို့အပြင် မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ အစွမ်းအစရှိသော မျိုးဆက်သစ်လူငယ်အားကစားသမားများ ရှာဖွေ ဖော်ထုတ်မည့် အစီအစဉ်များတွင်လည်း ၀ိုင်းဝန်းကူညီထောက်ပံ့ပေးမည်ဟု
မှ Yatanarpon Call Center