အိုလံပစ် အကျော်အမော် ချစ်သူများ နေ့ မှာ ချစ်သူ ကို ပစ်သတ်

မသန်မစွမ်း သူများ ရဲ့  အိုလံ ပစ် ပွဲ တော်မှာ အပြေးသမား အနေ နဲ့  ရွှေတံဆိပ် ဆုတွေ ရရှိခဲ့တဲ့ အိုလံပစ် ချံပီယံ အော်စကာ ပစ်စတိုရီးယာစ် ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့  မနက် အစော ပိုင်း မှာ သူ့ ရဲ့ ချစ် သူနာမည်ကျော် မော်ဒယ်(လ) တစ်ဦး ဖြစ်တဲ့ ရီဗာ စတင်း ကမ့် ကို သေနတ် နဲ့  ပစ်သတ် ခဲ့ပါတယ်။ ချစ်သူများနေ့ နံနက် အစောပိုင်း မနက် လေးနာရီမှာ ပရီတိုးရီးယား ကအော်စကာ ရဲ့  တန်ဖိုးကြီးလှ တဲ့ အိမ်ကြီး မှာ သေနတ် ပစ်မှု ဖြစ်ပွား ခဲ့ တာဖြစ်ပါတယ်။

ရီဗာ စတင်း ကမ့် က အသက် ၃၀ အရွယ် ရှိ နေ ပြီ ဖြစ် ပြီး အော်စကာ ပရီတိုးရီယာစ်ကတော့ အသက် ၂၆ နှစ် ပဲ ရှိပါသေးတယ်။ သူတို့  နှစ်ဦး ချစ်ကြိုက် ကြတာ နှစ် လ သက်တမ်းလောက် ပဲ ရှိ သေး ပြီး
စတင်း ကမ့်က မနေ့  က တော့ သူ့  ရဲ့  တွစ်တာ မှာ ချစ်သူများ နေ့ မှာ သူ ပြု လုပ် မယ့် အစီအစဉ်တွေ အတွက် သူ့  ပရိသတ် တွေ ကို ဆု တောင်းမှု ပြု လုပ် ထား ပါတယ်။ အော်စကာ ပရီတိုးရီးယာစ် ကို ရဲ က လူသတ်မှု နဲ့  ဖမ်းဆီး ပြီး နောက် အာမခံနဲ့  ပြန်လည် လွှတ်ပေး ခဲ့ ပါတယ်။

 
 အော်စကာ က သူ့  အိမ် ထဲ ကို ဖောက်ထွင်း ၀င်ရောက် သူ တစ်ဦး လို့  ထင်တာ ကြောင့်စတင်း ကမ့် ကို မှား ယွင်း ပြစ် သတ် မိတာ ပါ လို့  ပြောပါတယ်။ မော်ဒယ်(လ) ရီဗာ စတင်း ကမ့် ဟာ ဟာ အမျိုး သမီး အခွင့် အရေး ဆော်သြ လှုံဆော်သူတက်ကြွ သူ တစ်ဦး ဖြစ်ပြီး ပြီးခဲ့ တဲ့ သီတင်း ပတ်က ကပဲ အုပ်စု လိုက် မုဒိမ်းကျင့် ပြီးသတ်ဖြတ် ခံ ခဲ့ ရတဲ့ Anene Booysen အတွက် ပြည်သူ လူထု နိုးကြား မှု ဖြစ်အောင်လှုံဆော် မှု ပြု ခဲ့ ပါသေးတယ်။ အော်စကာ ပရီးတိုရီးယစ် က သူ့ နိုင်ငံ မှာ ရိုးမော်ဒယ်(လ) တစ်ယောက် ဖြစ်ပြီး အသက် ၁၁ နှစ် အရွယ် မှာ ပဲ ခြေထောက် ရိုး က ကောင်းမွန်စွာ မထောက် နိုင်တာ ကြောင့်ခြေထောက် နှစ်ဖက် ကို ဖြတ် လိုက်ရတယ်။သူက မသန် ပေမယ့် စွမ်းသူ တစ်ယောက် ဖြစ် ပြီး ပညာရေး မှာ လည်း တက္ကသိုလ် ဘွဲ့  ကို
ထူးချွန်စွာ ရရှိခဲ့ သူ တစ်ဦး ပါ။
 ကချင်နေစဉ်သတင်း


SHARE THIS