ပရီးမီးယားလိဂ်၏ အသက်အကြီးဆုံး မန်နေဂျာအဖြစ် မှတ်တမ်းဝင်ခဲ့ဖူးသူ အင်္ဂလန် နည်းပြဟောင်းကြီး ဆာဘော်ဘီရော့ဘ်ဆင်ဟာ
သူ့ရဲ့ စံချိန် အား သူ၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သူ မန်ချက်စတာ
ယူနိုက်တက်၏ ဆာအဲလက်စ်ဖာဂူဆန်မှ ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ခဲ့သည်ဟု
ကွယ်လွန် သူ နည်းပြ ကြီး၏ ဇနီး အယ်လ်စီမှ ဆာဘော်ဘီ၏ အသက် (၈၀)ပြည့်
မွေးနေ့မှာ ထုတ်ဖော် ပြောပြခဲ့ပါတယ်။
မနက်ဖြန်မှာ
ဆာဘော်ဘီရော့ဘ်ဆင်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အ ခမ်းအနားအား အနောက်မြောက်
ပိုင်းရှိ သူ့ဇာတိမြေမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး Dire Straite အဖွဲ့မှ
မက်ခ်နော့ခ်ဖလာ၊ ရူဘီတာနာ အစ ရှိသည့် နာမည်ကျော် အဆိုတော်များဖြင့်
ရန်ပုံငွေပွဲတစ်ပွဲ ပြုလုပ်မှာ ဖြစ်ပါပြီး ၂၀၀၉ခုနှစ်အရောက်မှာ
ဆုံးပါးသွားခဲ့တဲ့ အင်္ဂလန်ဂုဏ်ဆောင် နည်းပြကြီး မကွယ်လွန်မှီမှာ မတည်ငွေ
ပေါင်(၅)သန်းဖြင့် တည်ထောင်ခဲ့သော ဘော်ဘီရောဘ့်ဆင်
ကင်ဆာဖောင်ဒေးရှင်းကိုလှူဒါန်းမှာ
ဖြစ်ပါတယ်။ ဆာဘော်ဘီ ဟာ ၁၉၉၀ ခုနှစ်မှာ အင်္ဂလန်အသင်းကို ဦးဆောင်ပြီး
ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ် အထိ ပို့ဆောင်ပေး ခဲ့ပြီးနောက်
ကမ္ဘာ့ဘောလုံးလောကမှာ မန်နေဂျာတစ်ဦးဘ၀ဖြင့် သက်တမ်းကြာမြင့်စွာ ကျင်လည်
လှုပ် ရှားခဲ့သူ ဖြစ်ပါတယ်။ PSV. စပိုစ့်တင်းလစ္စဘွန်း၊ ပေါ်တို၊
ဘာစီလိုနာနှင့် နယူးကာဆယ်အသင်းတို့အား တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး
၂၀၀၄ခုနှစ်တွင် နယူးကာဆယ်အသင်းမှ ထုတ်ပယ်ခံခဲ့ရပြီး အနားယူသွား ခဲ့ပါ တယ်။
သူနောက်ဆုံး အနားယူသွားခဲ့ချိန်မှာ အသက် (၇၁)နှစ်နှင့် ခြောက်လဖြစ်ပြီး
အဆိုပါမှတ်တမ်း ဟာ ပရီးမီးယားလိဂ်၌ တာဝန်ယူခဲ့သော မန်နေဂျာ များအနက်
အသက်အကြီးဆုံးအဖြစ် စံချိန်တင်ခဲ့ ပါတယ်။ အကယ်၍ နောက်ထပ်တစ်ရာသီ ဆာအဲလက်စ်
ဆက်လက်တာဝန်ထမ်းဆောင်ပါက ဆာဘော်ဘီ၏ ပရီးမီးယားလိဂ်၏ အသက်အကြီးဆုံး
မန်နေဂျာစံချိန်အား ယခုအချိန်မှာ အသက် (၇၀)ကျော်ပြီဖြစ်သည့် ဆာအဲလက်စ်
အနေဖြင့် ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ ကွယ်လွန်သူ ဆာဘော် ဘီ၏
ဇနီးလေဒီအယ်လ်ဆီက
“သူ့စံချိန်ကို အဲလက်စ် ချိုးဖြတ်ပြလိုက်ရင်
ဘောဘ့်က စိတ်ဆိုးမှာ မဟုတ်ပါဘူး။ သူတို့တွေက သိပ် ရင်းနှီးကြပါတယ်။
အရင်တုန်းကဆို သူတို့တွေ ဖုန်းနဲ့ မကြာမကြာ စကားပြောနေကျပါ။ သူတို
့နှစ်ယောက်စလုံးဟာ နှိမ့်နှိမ့်ချချ နေတတ်တာချင်း ဘောလုံးကနေ တန်ဖိုးရှိတဲ့
အရာတွေကို သူတို့ ပိုင်ဆိုင်နေရတာကို နားလည်ထားကြတာချင်း တူကြတယ်။
တကယ်လို့ ဘော့ဘ်အခုရှိနေဦးမယ်ဆိုရင် အသက်(၈၀)အထိ မန်နေဂျာ
ဆက်လုပ်နေဦးမှာလား ဆိုတာကို ဘယ်သူမှ ပြောနိုင်မယ် မထင်ဘူး။ သူ့ရဲ့ဆန္ဒက
ဘောလုံးနဲ့ပဲ အမြဲအတူ ရှိနေချင်တာပါ။ ဆေးစွဲနေသူလိုပါပဲ။ အသက်
ငါးနှစ်လောက်မှာ ချစ်မြတ်နိုးခဲ့တဲ့ အရာတစ်ခုကို သေတဲ့အထိ စွဲစွဲလမ်းလမ်း
ချစ်နေနိုင်မယ့်သူ ဘယ်နှစ်ယောက်လောက် များ လောကမှာ ရှိမှာပါလဲ”