ပြည်ထောင်စု ဖလား အားကစား ပြိုင်ပွဲများ ဆက်လက် ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စု ဖလား အားကစား ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်း မှစတင်၍ သက်ဆိုင်ရာ နည်းအလိုက် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း၁  (ဝဏ္ဏသိဒ္ဓိ) ၌ဆက်လက် ကျင်းပသည်။
လေ့ကျင့်ရေး ကွင်း၁ ကြက်တောင်ရုံ ၌ကြက်တောင် အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲတွင် သံလွင်အောင် (ရန်ကုန်)၊ သက်ခိုင်(ရခိုင်)၊ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲတွင် သက်ထားသူဇာ (ရန်ကုန်)၊ ခိုင်ဇာလင်း (မန္တလေး)၊ အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲတွင် အေးမင်းထွန်း နှင့်လင်းထက်ကြူ (ရန်ကုန်)၊ ချိုလင်းကိုကိုနှင့် ဘုန်းပြည့်နိုင် (ရခိုင်)၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဖူးပွင့်ကံနှင့် သက်ထားသူဇာ (ရန်ကုန်)၊ ထူးထူးရနှင့် လင်းလင်းထွေး (ချင်း)၊ အမျိုးသား/ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် သံလွင်အောင် နှင့်ဖူးပွင့်ကံ (ရန်ကုန်)၊ အေးမင်းထွန်းနှင့် လဲ့လဲ့ရည် (ရန်ကုန်) တို့က ပြိုင်ဘက်များကို အနိုင်ယူပြီး ဗိုလ်လုပွဲ သို့တက်ရောက် ခဲ့ကြသည်။
စားပွဲတင် တင်းနစ် အမျိုးသမီး တစ်ဦးချင်း ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် ဆွေဆွေဟန် (ရန်ကုန်) နှင့်အေးမြတ်သူ (မွန်)၊ အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲတွင် ထက်ကိုကိုလတ် (မွန်) နှင့်သက်ဦး (တနင်္သာရီ)၊ အမျိုးသားနှစ် ယောက်တွဲ ပြိုင်ပွဲတွင် ထက်ကိုကိုလတ် နှင့်ဝင်းညီအောင် (မွန်)၊ လှမျိုးခိုင် နှင့်ကျော်သူဟန် (ရန်ကုန်) အတွဲများမှာ ဗိုလ်လုပွဲသို့ တက်ရောက်သည်။
တင်းနစ် ပြိုင်ပွဲတွင် အမျိုးသား တစ်ဦးချင်း ပွဲစဉ်တွင် အောင်ကျော်နိုင်(ရန်ကုန်)၊ ဇော်ထက်နိုင် (ရခိုင်)၊ အမျိုးသမီး နှစ်ယောက်တွဲ ပွဲစဉ်တွင် ဝင့်သဇင်ထိုက်နှင့် နွေဦးမွန် (ကယား)၊ သန္တာအောင်နှင့် အေမီထွန်း (ရန်ကုန်)၊ အမျိုး သား နှစ်ယောက်တွဲ ပွဲတွင် အောင်ကျော်နိုင် နှင့်ဝင်းနိုင်ဦး (ရန်ကုန်)၊ ခင်မောင်ဝင်းနှင့် ဖြိုးမင်းသား (ပဲခူး)တို့မှာ ဗိုလ်လုပွဲစဉ် များတက်ရောက်၍ အမျိုးသား/ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် အောင်ပြည့်ဖြိုးနှင့်  နွေဦးမွန် (ကယား)၊ အောင်မျိုးသန့်နှင့် မေသီထွန်း (ရန်ကုန်)၊ အောင်ကျော်နိုင်နှင့် အေမီထွန်း (ရန်ကုန်)၊ ခင်မောင်ဝင်းနှင့် ချစ်စုရည် (ပဲခူး) တို့မှာ ပြိုင်ဘက် အသင်းများကို    ဖြတ်ကျော်၍ အကြို ဗိုလ်လုပွဲစဉ်များ သို့တက်ရောက်သည်။
ဖူဆယ် ဘောလုံးပြိုင်ပွဲ (အမျိုးသား) တွင် နေပြည်တော် အသင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ ရခိုင်ပြည်နယ် အသင်း၊ ပဲခူးတိုင်း ဒေသကြီး အသင်းတို့မှ ပြိုင်ဘက် အသင်းများအား အနိုင်ရရှိကြောင်း သတင်းရရှိသည်။

SHARE THIS