" လွှတ်တော်များ၌ တည်ခင်းကျွေးမွေးသည့် အစားအသောက်အချို့တွင် ပိုးတွေ့  "

နေပြည်တော်တွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ကျင်းပခဲ့သည့် ပထမအကြိမ် လွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေးများ၌ တည်ခင်းကျွေးမွေးသော အစားအသောက်အချို့အား ဓာတ်ခွဲစစ်ဆေးရာ ရောဂါပိုးမွှားများတွေ့ရှိခဲ့ကြောင်း CJMyanmar သို့ CJ တစ်ဦးက သတင်းပေးပို့ထားသည်။

လွှတ်တော်တွင် တည်ခင်းကျွေးမွေးသော အစားအသောက်များအတွက် နေပြည်တော်၊ ဘောဂသိဒ္ဓိ စားသောက်ဆိုင်မှ စဉ်ဆက်မပြတ် တာဝန်ယူကျွေးမွေးခွင့်ရရှိထားကြောင်း သိရပြီး အဆိုပါ စားသောက်ဆိုင်သည် လက်ရှိတာဝန်ထမ်းဆောင်နေသော ၀န်ကြီးတစ်ဦးနှင့် ပတ်သက်ဆက်နွယ်လျက်ရှိသော စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ကြောင်းလည်း သိရသည်။

လွှတ်တော်အစားအသောက်အချို့တွင် ရောဂါပိုးမွှားများ တွေ့ ရှိရသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း CJMyanmar က သိရှိရပါသည်။
CJMyanmar

" လွှတ်တော်များ၌ တည်ခင်းကျွေးမွေးသည့် အစားအသောက်အချို့တွင် ပိုးတွေ့  "

by CJMyanmar, 13.3.2013

SHARE THIS