“တရုတ်နိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် မျက်နှာဖုံးများတပ်ဆင်ရန် တိုက်တွန်းထား”

တရုတ်နိုင်ငံ၏ မြို့တော် ဘေဂျင်းတွင် ဖုန်ထူထပ်မှုနှင့် မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည့်အတွက် အာဏာပိုင်များက မြို့နေလူထုအား မျက်နှာဖုံးများ တပ်ဆင်ထားရန် တိုက်တွန်းထားကြောင်း သိရှိရသည်။

ဘဂျင်းမြို့တော် တောင်ပိုင်း ဆင်ခြေဖုံး ဒေသများတွင် မီးခိုးမြူများ ထူထပ်နေသလို မြောက်ဘက်ပိုင်းမှ သဲမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် ဘေဂျင်း၏ လေထုသန့်စင်မှု အခြေအနေသည် ယခုရက်ပိုင်းအတွင်း ပိုမို ဆိုးရွားလာသည်။

မြို့နေ လူထုအနေဖြင့် မနှစ်မြို့ဖွယ် ရာသီဥတု အခြေအနေများကြောင့် စိတ်ပျက်နေရသလို မျက်နှာဖုံး တပ်ဆင်ထားသည့်တိုင် နှာခေါင်းထဲသို့ ဖုန်မှုန့်နှင့် သဲများ ဝင်ရောက်မှုကို မတားဆီးနိုင်ဘဲ ရှိနေသည်။
ယခုအခါ ဘေဂျင်းတွင် ရဲတပ်ဖွဲ့ဝင်များသည်လည်း မျက်နှာဖုံးများတပ်ပြီး တာဝန် ထမ်းဆောင်နေရသည်။

Planet Myanmar

SHARE THIS