ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် မန္တလေးတိုင်း
မြင်းခြံမြို့ကနေ လမ်းလျှောက်တဲ့သူ ၅၅ ဦးပါဝင်တဲ့ ငြိမ်းချမ်းရေး
လမ်းလျှောက်ချီတက်သူတွေဟာ ဒီနေ့ နေ့လည် ၂ နာရီလောက်မှာ
တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်
အနီးက လိုင်ဇာမြို့ကို ရောက်ရှိခဲ့ပါတယ်။
မြင်းခြံမြို့ ကနေ လမ်းလျှောက်လာသော အဖွဲ့တွင် အမျိုးသမီး ၁၁ ယောက် ၊ သံဃာတော် ၉ ပါး အပါအဝင်စုစုပေါင်း ၅၅ ဦး ပါဝင်ကာ ကိုသန့်စင် က
ဦးဆောင်ပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့ကတည်းက မြင်းခြံမြို့ ကနေ စတင်
လမ်းလျှောက်လာတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီးက မိုးလဲချောင်းတံတားမှာ
ကေအိုင်အေမှ ထောင်ထားတဲ့ မိုင်းတွေနဲ မြှုပ်နှံထားတဲ့ မြေမြုပ်မိုင်း
တွေကို မြန်မာ့တပ်မတော် စစ်ကြောင်းများမှ ရှင်းလင်းဖော်ထုတ်ပေးခဲ့ပြီး
လမ်းလျှောက်အဖွဲ့ကို ကူညီပေးခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ကိုသန့်စင်မှ
ပြောကြားခဲ့သည်။
အလားတူ ကိုရန်နိုင်ထွန်းဦးဆောင်တဲ့ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ ဟာ မတ် ၁၁ရက်နေ့နဲ့ ၁၂ ရက်နေ့တွေက
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ရောက်ရှိနေပြီး မြစ်ကြီးနားမြို့
ဒေသခံလူထုများမှ လှိုက်လဲဝမ်းမြောက်စွာ ကြိုဆိုကြခဲ့ကာ အလှူငွေများ
ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။
Myanmar Online News