လစ်ဗျားနိုင်ငံရှိ အယ်လ် အက်ဆီမာ ရုပ်သံ အဆောက်အအုံအား အမည်မသိ သေနတ် သမားများ စီးနင်း တိုက်ခိုက်ခဲ့ပြီး လူလေးဦးအား ပြန်ပေးဆွဲ ခဲ့ကြောင်း မျက်မြင် သက်သေ များက ဆင်ဟွာသတင်း ဌာနသို့ ပြောကြားခဲ့သည်။
အမည်မသိ သေနတ်သမား ၁ဝဝ ခန့်သည် ထရီပိုလီမြို့ ဂေါ်ဂျီဒေသရှိ ရုပ်သံ အဆောက် အအုံအား မတ် ၇ ရက် မွန်းလွဲပိုင်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပစ္စည်းများအား ဖျက်ဆီးခဲ့ ကြောင်း သိရသည်။
ထို့အပြင် ရုပ်သံဌာန၏ မန်နေဂျာ ဂျူမာယူစာတာ အပါအဝင် လူလေးဦးအား ပြန်ပေးဆွဲ ခဲ့ကြောင်း၊ ယင်းတိုက်ခိုက် သူများသည် မူအာမာဂါဒါ ဖီအား သစ္စာခံသည့် ယူစာတာ ဂိုဏ်းမှ အဖွဲ့ဝင်များ ဖြစ်ကြပြီး ၎င်းအဖွဲ့သည် ရုပ်သံဌာနအား မာမွတ် ဂျီဘရီ ဦးဆောင်သော အမျိုးသား မဟာမိတ် တပ်ဖွဲ့နှင့် ပေါင်းစည်းခဲ့သည်ဟု စွပ်စွဲပြစ်တင် ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေး တပ်ဖွဲ့သည် ဒေသအတွင်း၌ လုံခြုံရေးများကို တိုးမြှင့်ချထား ခဲ့ရကြောင်း သိရသည်။
http://bit.ly/ZqXgs8