Re-Post By ACM 10-3-2013, သတင်း
ယခင်နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)မှ မြန်မာပြည်သူလူထု နှင့်
တွေ့ဆုံစကားပြောမည်ဟု အင်တာနက်သတင်းအချို့၌ပျံ့နှံ့ လျက်ရှိနေပြီး
ယင်းကိစ္စနှင့်ပတ် သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
နှင့်နီးစပ်သူဟုယူဆရသူတစ်ဦး ဖြစ်သူ ယခင်အစိုးရ၀န်ကြီးဟောင်း တစ်ဦးဖြစ်သူ
ဦးဌေးဦးမှ ယင်း သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း မီဒီယာများသို့
အတိအလင်းပြော ကြားလိုက်သည်။
““ကျွန်တော့်အနေနဲ့ပြောရ ရင်
ဒီလမ်းကြောင်းဖြစ်လာအောင် တင်ပေးခဲ့တာပါ တင်ပေးပြီးတော့ မှ
ဒီလမ်းကြောင်းအောင်မြင် အောင် ဆောင်ရွက်နိုင်တယ်လို့ ယူဆတဲ့ အဖွဲ့အစည်းတွေ
အကုန် လုံးလုပ်ဆောင်နေပြီး သူလည်းပဲ လုံး၀၀င်ရောက်စွက်ဖက်မှုမရှိတော့
ပါဘူး။ စွက်ဖက်မှုမရှိတော့တဲ့ အတွက် ခုနက အင်တာနက်ပေါ်
မှာထွက်နေတဲ့သတင်းတွေဟာ ကျွန်တော် သဘောအနေနဲ့ပြော ရရင်
မဖြစ်နိုင်ပါဘူး။လက်ရှိအနေ အထားအရရော ယခင်ဆောင် ရွက်ခဲ့မှု အနေအထားတွေအရ ရော
ဗိုလ်ချုပ်မှူးကြီးအနေနဲ့ဝင် စွက်ဖက်မှာ ပါဝင်မှာမဟုတ်တော့ ပါဘူး။ဒီတော့
ဒီလိုထွက်နေတဲ့ သတင်းတွေဟာ ဖြစ်နိုင်မှာမဟုတ်ပါဘူး””ဟု ဦးဌေးဦးမှပြောကြား
သွားခဲ့သည်။
ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့် လက်ရှိအစိုးရအား ၂၀၁၀ခုနှစ်
အထွေထွေရွေးကောက် ပွဲကြီးအပြီး နိုင်ငံတော် အာဏာ
အရပ်ရပ်အားလွှဲပြောင်းပေးခဲ့ပြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးမှလည်းအနားယူခဲ့ရာ ယနေ့ ထိ
လူထုကြားသို့ထွက်ရှိခြင်းလုံးဝ မရှိခဲ့ပဲ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှ
ပျောက်ကွယ်နေခဲ့ရာ ယခုကဲ့သို့ လူထုနှင့်တွေ့ဆုံစကားပြောမည် ဟူသောသတင်းမှာမူ
လက်ရှိ အနေအထားအရ လူထုမှစိတ်ဝင် စားစရာ သတင်းတစ်ခုဖြစ်နေ လျက်ရှိသည်။
ခန့်ခန့်(ဒဿနိက)
>>The Hot News