ဝေလငါး မရှိတော့သည့်ု ရခိုင်ကမ်းရိုးတန်းဒေသ

ရခိုင်ကမ်းရိုးတန်းဒေသတွင် ကျက်စားနေထိုင်ခဲ့သော ရေနေနို့တိုက်သတ္တ၀ါ ဝေလငါးများမှာ လေ့လာတွေ့ရှိချက်များအရ လုံးဝမရှိတော့ကြောင်း စစ်တွေအခြေစိုက် ဝေလငါးအစဉ်တစိုက် လေ့လာ သုတေသနပြုလုပ်နေသူ ပညာရှင်များထံက သိရှိရသည်။ “ဒီကမ်းရိုးတန်းဒေသမှာ ဝေလငါးကို ခြေရာခံလေ့လာလို့မတွေ့ရှိလာရတာ ဆယ်စုနှစ်တစ်ခုထိ ကြာလာပါပြီ။ အဓိကတော့ ရာသီဥတုပြောင်းလဲမှုနှင့် ပင်လယ်ရေထုအရည်အသွေးကြောင့် ထင်ပါတယ်။ ဝေလငါးကိုတော့ လုံးဝမတွေ့ရှိရပါဘူး။ မျိုးသုဉ်း ပျောက်ကွယ်သွားပြီလို့ ပြောလို့ရပါတယ်” ဟု ဝေလငါး သုသေသနပညာရှင်တစ်ဦးက ပြောဆိုသည်။ အဆိုပါဒေသတွင်း ဝေလငါးများကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်စု အတွင်းကာလများ၌ တွေ့ရှိခဲ့ရပြီး လက်ရှိတွင် ဝေလငါးများ မျိုးသုဉ်းပျောက်ကွယ်သွားကြောင်း၊ လင်းပိုင်၊ လင်းရှူး၊ ရေ၀က်တို့ကိုသာ တွေ့ရှိရကြောင်း သုတေသနပြုလုပ်ရာမှ အတွေ့အကြုံများကို ၄င်းက ဆက်ရှင်းပြသည်။ ကမ္ဘာပေါ်တွင် ဝေလာငါးမျိုးသည် ကာရစ်ဘီယံပင်လယ်၊ အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းနှင့် အာရှဒေသ သမုဒ္ဒရာလွင်ပြင် ဒေသတို့ တွင် အများဆုံးနေထိုင်ကျက်စားမှုများကို တွေ့ရှိရပြီး မြန်မာ့နိုင်ငံတွင် ဘင်္ဂလား ပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်နှင့် ရခိုင်ကမ်းလွန်ပြင်တို့တွင် ကျက်စားနေထိုင်မှုများ အများဆုံး တွေ့ရှိရကြောင်း သုတေသနမှတ်တမ်းများအရ သိရသည်။ ရခိုင်ကမ်းရိုးတန်းဒေသတွင်အများဆုံး တွေ့ရှိခဲ့ရသည့် ဝေလာငါးမျိုးစိတ်မှာ အရိုင်းဝေလာငါးမျိုး စိတ်ဖြစ်ပြီး ၄င်းငါးမျိုး စိတ်အမည်ကို တောင်အာဖရိကပင်လယ်ပြင်တွင် ဝေလာငါး စတင်ဖမ်းဆီးခဲ့သူ နော်ဝေနိုင်ငံသား Johon Bryde ကို ရည်ညွှန်းပြီး စတင်မှည့်ခေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဒေသတွင် (၁၉၈၀)ခုနှစ်၊ (၂၀၀၀)ခုနှစ်နှင့် (၂၀၁၀) ခုနှစ်များတွင် အရိုင်းတန် ဝေလငါးများ ကမ်းတင်သေဆုံးမူများ ရှိခဲ့ကြောင်း ရခိုင်ကမ်းရိုးတန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အသင်းမှ သိရသည်။ အာရကန်ကိုကို -ရခိုင်(မြစ်မခ) by Myit Makha Mediagroup on 30 Nov, 2012

SHARE THIS
Previous Post
Next Post