စစ်တွေတက္ကသိုလ်မှ ကျောင်းသားများ ကျောင်းမတက်ဘဲ စာမေးပွဲဖြေဆိုခွင့်ရတော့မည်

စစ်တွေ တက္ကသိုလ်ကျောင်းသားများအနက် တစ်ချို့သည် စားမေးပွဲဖြေဆိုစဉ်အ တွင်းလည်း ဖြေဆိုခွင့်မရှိသည့်အပြင် စားမေးပွဲကြီးလည်းပြီးဆုံးသွားပြီဖြစ်သည့် တိုင် ပြန်လည်ဖြေဆိုခွင့်ရရှိတော့မည်ဖြစ်ကြောင်းသိရသည်။ ထိုသို့ဖြေဆိုခွင့်ရရှိသူများမှာ ဘင်္ဂလီကျောင်းသားများသာဖြစ်ကြောင်းနှင့် ကျောင်း မတက်ဘဲ စာမေးပွဲဖြေဆိုခွင့်ရရှိခြင်းသည် စစ်တွေက္ကသိုလ်ဖာရုံအဆင့်သို့ရောက်ရှိ သွားခြင်းဖြစ်ကြောင်း တက္ကသိုလ်ကျောင်းမှ တာဝန်ရှိသူတစ်ဦကပြောပါသည်။ ကျောင်းခေါ်ချိန်မပြည့်ဘဲ ထိုသို့ စာမေးပွဲဖြေဆိုခွင့်ရရှိခြင်းသည် မြန်မာနိုင်ငံတွင် မည်သည့် တက္ကသိုလ်မှ မရှိကြောင်း လည်းသိရှိရပါသည်။ စာမေးပွဲဆိုတာ တစ်ခါဘဲဖြေခွင့်ရတယ်။ ဒါကြောင့်အ ခုဖြေဆိုခွင့်မရသူကို ပြည်နယ်အစိုးရက အတင်းအကြပ်ဖြေဆိုခွင့်ပေးတာဟာ လုပ်သင့်သလားဆိုတာ ထည့်စဉ်းစားဖို့လိုမယ်။ အခုက ကျောင်းမတက်ဘဲ စားမေးပွဲဖြေလို့ရတယ်ဆိုရင် ဖြေစရာမှ မလိုတော့တာ အောင်ပေးလိုက်ရင်ပြီးတာဘဲလေ။ ဒါကလေးကစားတာ မဟုတ်ဘူး ။ မြန်မာနိုင်ငံပညာရေးခေတ်မီ ဖွံ့ဖြိုးဖို့လုပ်နေတယ်ဆိုတာကို မေးခွန်း ထုတ်စရာဖြစ်လာပြီ။ ထိုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေတက္ကသိုလ်မှ ဆရာမ တစ်ဦးက '' မဖြစ်သင့်တာကို မဖြစ်အောင်တော့ စည်းစောင့်ဖို့လိုပြီးလို့ထင်တယ်။ ပြီးတော့ စားမေးပွဲဖြေဆိုသူ တွေကို အရှုံးမပေးရဘူး၊ဖြေနိုင်သည်ဖြစ်စေ မဖြေနိုင်သည်ဖြစ်စေ အောင်ပေးရမယ် ဆိုရင် ကျွန်မတို့ ဒီလိုစာမေးပွဲကို စစ်ဖို့လိုသေးသလား။ ဒီလုပ်က နေ နုတ်ထွက်ပစ် မယ်'' ဟုလည်းပြောကြားခဲ့ပါသည်။ ယင်းအပြင် စစ်တွေတက္ကသိုလ်မှ ကျောင်းသားတစ်ဦးကလည်း'' ကျွန်တော် တို့က ကျောင်းခေါ်ချိန်မပြည့်ရင် စာမေးပွဲဖြေဆိုခွင့်မရခဲ့ဘူး။ ဒါပေမယ့် အခုက ကျောင်း မတက်၊ကျောင်းခေါ်ချိန်မပြည့်တဲ့သူတွေကိုစားမေးပွဲဖြေဆိုခွင့်ပေးမယ်၊ မဖြေနိုင် ရင်လည်းအရှုံးမပေးရဘူးဆိုတာဟာ စဉ်းစားလို့မရအောင်ထိပါဘဲ။ ဒါကြောင့်ကျွန် တော်တို့ ဆန္ဒဖော်ထုတ်သွားမှာပါ''ဟုလည်း တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောကြားခဲ့ပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရက ပါမောက္ခချုပ်အား အတင်း အကြပ် လုပ်စေခြင်းဖြစ်ကြောင်းနှင့် ယနေ့တွင် ဆုံးဖြတ်ချက်ချသတ်မှတ်လိုက်ကြောင်း၊ သို့ သော်လည်း သတင်းသမားများနှင့် မီဒီယာများသို့ မပြောရန် ညွှန်ကြားထားကြောင်း လည်းသိရှိရပါသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထိုသို့လမ်းညွှန်ခြင်းအပေါ် ပြည်သူတစ်ရပ်လုံးကလည်း မကျေမနပ်ဖြစ်နေကြကြောင်းနှင့် မကြာခင် ကျောင်းသားများဆန္ဒဖော်လာလျင် ထို ကိစ္စသည် ပြည်နယ်အစိုးရ၏ တာဝန်သာဖြစ်ကြောင်းလည်းသိရှိရပါသည်။ from RSV

SHARE THIS
Previous Post
Next Post