မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ချာဗလစ်ယောင်ချိုင်ယုဒ် လာရောက် တွေ့ဆုံဟုပြော

ဇန်နဝါရီလ ၂၂ ရက်။    ။ ဒီကနေ့မနက် ၉ နာရီက ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ချာဗလစ်ယောင်ချိုင်ယုဒ်နဲ့ အဖွဲ့ဟာ မွန်ပြည်နယ်မှာရှိတဲ့ မော်လမြိုင် လေဆိပ်ကို ရောက်ရှိလာပြီး၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို သွားရောက် တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း ချာဗလစ်ယောင်ချိုင်ယုဒ်နဲ့ အဖွဲ့ဟာ ယခု လာရောက်ခြင်းဟာ ဒုတိယအကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး၊ ယခင် ပထမအကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်က နေပြည်တော်သို့ သွားရောက်ကာ နို်င်ငံတော်သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့လည်း မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ယခုလို ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ချာဗလစ်ယောင်ချိုင်ယုဒ်နဲ့အဖွဲ့ လာရောက်ခြင်းဟာ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် ပြည်နယ်အစိုးရနှင့် ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Photo



ရတနာပုံသတင်း

SHARE THIS
Previous Post
Next Post