အမေရိကန် ခရီးသည်တင်လေယာဉ်ကို တိုက်လေယာဉ်များက လိုက်ပါစောင့်ရှောက်ပေးခဲ့ရ

အမေရိကန်နိုင်ငံ၌ အလာစကာ လေကြောင်းဌာန၏ လေကြောင်းခရီးစဉ် ပျံသန်းလာသော လေယာဉ် တစ်စင်းပေါ်တွင် လေယာဉ်ပြန်ပေးဆွဲနိုင်ဖွယ်ရှိသူ အမျိုးသားတစ်ဦး လိုက်ပါလာသည်ဟု လူတစ်ဦးက ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်) ထံ တယ်လီဖုန်းဆက် ပြောကြားခဲ့ပြီးနောက် အက်ဖ်-၁၅ ဂျက်တိုက်လေယာဉ်နှစ်စင်းက ယင်းလေယာဉ်ကို အစောင့်အကြပ်အဖြစ် လိုက်ပါပေးခဲ့ကြောင်း အမေရိကန် အာဏာပိုင်များက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားသည်။ အဆိုပါ ခရီးသည်တင်လေယာဉ်မှာ ဘိုးအင်း-၇၃၇ အမျိုးအစားဖြစ်ပြီး ဆီယက်တယ်လ်မြို့ရှိ လေဆိပ်သို့ ထူးခြားဖြစ်စဉ် တစ်စုံတစ်ရာ မရှိဘဲ ဆင်းသက်နိုင်သည်အထိ တိုက်လေယာဉ်များက နံဘေးမှ လိုက်ပါကာ စောင့်ရှောက်ပေးခဲ့ကြောင်း မြောက်အမေရိက လေကြောင်းပိုင်နက် ကာကွယ်ရေးဌာနချုပ်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။ ယင်းလေယာဉ်သည် ဟာဝိုင်ယီပြည်နယ် ကိုနာမြို့မှ စတင်ထွက်ခွာခဲ့သည်။ (ပီတီအိုင်)

SHARE THIS
Previous Post
Next Post