သာမန်ကားများထက် အရောင်းသွက်လာသည့် ပြိုင်ကား



မြတ်မိုးကျော်(မြစ်မခ)
by Myit Makha Mediagroup on 1 Jan, 2013



ကားဈေးကွက်အတွင်း မော်ဒယ်မြင့်ကားများထက် 1300 CC ကားများမှာ အရောင်းပြခန်းများ၌ အရောင်းအ၀ယ်ဖြစ်လျှက်ရှိပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ မော်ဒယ်မြင့်ကားများ အနည်းငယ် အရောင်းအ၀ယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။
 
1300CCကားများတွင်လူငယ်ကြိုက်ဖြစ်သောMazda(1300CC)အမျိုးအစားပြိုင်ကားသည်အခြားကားများထက်စိတ်ဝင်စားမှု များကြောင်း သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုမှပြောသည်။ အဆိုပါကားတန်ဖိုးမှာ ကျပ် ၂၁၀ သိန်း ၀န်းကျင် ရှိသည်။
 
အဆိုပါကားသည်ဂျပန်နိုင်ငံထုတ်အမျိုးအစားဖြစ်သည်။အဆိုပါပြိုင်ကားအား စိတ်ဝင်စားကြ သည့်အချက်မှာ ပြိုင်ကားဟုဆိုသည်နှင့် တံခါးနှစ်ပေါက်အမျိုးအစားသာ သိသော်လည်း Mazda သည် တံခါးလေးပေါက်ပါရှိခြင်းဖြစ်ပြီး နောက်တံခါးနှစ်ပေါက်ကို အတွင်းမှ ဖွင့်နိုင်ခြင်း၊ ထို့အပြင် 1.3 L(Rotary) အင်ဂျင်( လေယာဉ်)များတွင်သာ အသုံးပြုသော အင်ဂျင်အမျိုးအစား အသုံးပြုထားခြင်း တို့ကြောင့်ဖြစ်ကြောင်းကိုလည်း သိရသည်။ 
 
`` အခုနောက်ပိုင်းဂျပန်က ကားတွေကို ၀ယ်သူတွေ တော်တော်များများ စိတ်ဝင်စားလာတာ တွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အပိုပစ္စည်းစုံလင်တာရယ်၊လိုအပ်တဲ့ပစ္စည်းဆိုရင်တောင်မှဈေးသက်သက်သာသာနဲ့အချိန်သိပ်ပေးစရာမလိုတာရယ်ကြောင့် ပါ၊ရောင်းအားကတော့ထုံးစံအတိုင်းမကောင်းပါဘူး၊ဒါပေမဲ့ရောင်းအားကအခုရက်ပိုင်းတော့အရင်ကထက်စာရင်   ရောင်းအားနည်းနည်း ပြန်တက်လာတယ်၊ ဆိုင်လည်ပတ်လို့ ရရုံလောက်ပေါ့´´ ဟု သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ ကိုမင်းထက်ကိုမှ ပြောသည်။
 
ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ Surf ကားများနှင့် Prado ကဲ့သို့သော ကားများ ရောင်းရပြီး Land Rover ကဲ့သို့သော ကားများ ရောင်းနေရကြောင်း သိရသည်။
 
Hilux Surf (3000CC) ကားများသည် သိန်း ၂၄၀ မှ ၂၆၀ အတွင်း ရှိကြောင်း သိရှိရသည်။ Prado (96) ထုတ်၊ အင်ဂျင်(2.7 L) အနေဖြင့် သိန်း ၃၂၀ မှ ၃၅၀ အတွင်း ပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။
 
``အခုနောက်ပိုင်းဝင်းထဲမှာကားအမြင့်တွေတော့နည်းနည်းအရောင်းအ၀ယ်ဖြစ်တယ်တော့ကြားတယ်၊အကိုတို့ဘက် မှာတော့  ငြိမ်နေတယ်၊ Prado တွေကတော့ ဈေးနည်းနည်းတက်လာတယ်၊ ဘာလို့လဲဆိုတော့ ဒီကားတွေဘက် စိတ်ဝင်စားတာ နည်းနည်းများလာတော့ ဈေးတင်လာတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အ၀ယ်က အဲလောက်လည်း မများပါဘူး၊ အရောင်းကတော့ အစကထက်တောင် ပိုများလာသေးတယ်´´ ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှ ပြောသည်။
 
ကားဈေးကွက်အတွင်း ကားဈေးများသည် အတက်အကျ တည်ငြိမ်မှု မရှိသော်လည်း အရောင်းအ၀ယ် အနည်းငယ်ရှိကြောင်း၊ ထို့အပြင် လူငယ်ကြိုက် ပြိုင်ကားများမှာ သာမန်ကားများထက် စိတ်ဝင်စား မှုများပြားပြီး အရောင်းသွက်နေကြောင်းကိုလည်း သိရသည်။
 
 

SHARE THIS
Previous Post
Next Post