ရီးရဲလ်နည်းပြ မော်ရင်ဟိုနှင့် ရော်နယ်ဒို့တို့ကြားလာ ပြဿနာများ ရှိ

ရီးရဲလ်နည်းပြ မော်ရင်ဟိုနှင့် ရော်နယ်ဒို့တို့ကြားလာ ပြဿနာများ ရှိခဲ့ပြီး အပြန်အလှန်ဝေဖန်တိုက်ခိုက်ခဲ့ကြသည်ဟု အသင်းမှ အတည်ပြုသွားခဲ့သည်။ ဗလင်စီယာနှင့် ယှဉ်ပြိုင်ခဲ့သော စပိန် ဘုရင့်ဖလား ပထမအကျော့ပွဲစဉ်တွင် ၎င်းတို့နှစ်ဦးကြား ကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပြီး
မော်ရင်ဟိုက ရှုံးထွက်ပွဲစဉ်တစ်ပွဲတွင် အဝေးကွင်း ပေးရခြင်းမှာ တန်ဖိုးကြီးသည်ဟု ပြောကြားခဲ့ရာတွင် ရော်နယ်ဒိုမှာ အသင်းဖော်များ ရှေ့၌ပင် မော်ရင်ဟို၏စကားကို ပယ်ချသည့် အမူအရာဖြင့် ခေါင်းခါပြခဲ့ပြီး ပွဲအပြီး၌ ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

“ငါ့ဘ၀တစ်ခုလုံး မင်းကိုပေးထားခဲ့ပေမယ့် မင်း ငါ့ကိုဝေဖန်ခဲ့တာတော့ မှားတယ်”ဟူသော စကားဖြင့် ပြန်လည်တိုက် ခိုက်ခဲ့ပြီး ၎င်းတို့နှစ်ဦးကြား ပြဿနာမှာ ပိုမိုကြီးထွားလာခဲ့ခြင်း
ဖြစ်သည်။ မော်ရင်ဟိုမှာ ရီးရဲလ်ကို တာဝန်ယူပြီးနောက်ပိုင်း ရာမို့စ်၊ ကွန်ထရာအို၊ ကာဆီးလက်စ်တို့ နှင့် ပြဿနာဖြစ်ပွားခဲ့ပြီး ယခုအခါတွင် ရော်နယ်ဒိုနှင့် အပြန်အလှန် စကားများခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယင်းကဲ့သို့ ဖြစ်ပွားရခြင်းမှာ မော်ရင်ဟိုနှင့်
ရော်နယ်ဒိုတို့နှစ်ဦးစလုံးမှာ အောင်မြင်လိုစိတ်ပြင်းထန်သူများဖြစ်ခြင်း
ကြောင့်ဖြစ်ပြီး နည်းပြတစ်ဦးအနေဖြင့် ပွဲစဉ်တစ်ပွဲ၏ လိုအပ်ချက်ကို ပြောကြားသည်မှာလည်း အစဉ်အလာကိစ္စတစ်ခု ပင်ဖြစ်ကြောင်း အယ်ဘီယိုက ပြန်လည်ရှင်းလင်းထားသည်။
http://yoyarlay.com/sport/football/33929-2013-01-20-12-43-04

ငါ့ဘ၀တစ်ခုလုံး မင်းကိုပေးထားခဲ့ပေမယ့် မင်း ငါ့ကိုဝေဖန်ခဲ့တာတော့ မှားတယ်--ရော်နယ်ဒို

ရီးရဲလ်နည်းပြ မော်ရင်ဟိုနှင့် ရော်နယ်ဒို့တို့ကြား ပြဿနာများ ရှိလာခဲ့ပြီး အပြန်အလှန်ဝေဖန်တိုက်ခိုက်ခဲ့ကြသည်ဟု အသင်းမှ အတည်ပြုသွားခဲ့သည်။ ဗလင်စီယာနှင့် ယှဉ်ပြိုင်ခဲ့သော စပိန် ဘုရင့်ဖလား ပထမအကျော့ပွဲစဉ်တွင် ၎င်းတို့နှစ်ဦးကြား ကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပြီး
မော်ရင်ဟိုက ရှုံးထွက်ပွဲစဉ်တစ်ပွဲတွင် အဝေးကွင်း ပေးရခြင်းမှာ တန်ဖိုးကြီးသည်ဟု ပြောကြားခဲ့ရာတွင် ရော်နယ်ဒိုမှာ အသင်းဖော်များ ရှေ့၌ပင် မော်ရင်ဟို၏စကားကို ပယ်ချသည့် အမူအရာဖြင့် ခေါင်းခါပြခဲ့ပြီး ပွဲအပြီး၌ ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

“ငါ့ဘ၀တစ်ခုလုံး မင်းကိုပေးထားခဲ့ပေမယ့် မင်း ငါ့ကိုဝေဖန်ခဲ့တာတော့ မှားတယ်”ဟူသော စကားဖြင့် ပြန်လည်တိုက် ခိုက်ခဲ့ပြီး ၎င်းတို့နှစ်ဦးကြား ပြဿနာမှာ ပိုမိုကြီးထွားလာခဲ့ခြင်း
ဖြစ်သည်။ မော်ရင်ဟိုမှာ ရီးရဲလ်ကို တာဝန်ယူပြီးနောက်ပိုင်း ရာမို့စ်၊ ကွန်ထရာအို၊ ကာဆီးလက်စ်တို့ နှင့် ပြဿနာဖြစ်ပွားခဲ့ပြီး ယခုအခါတွင် ရော်နယ်ဒိုနှင့် အပြန်အလှန် စကားများခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယင်းကဲ့သို့ ဖြစ်ပွားရခြင်းမှာ မော်ရင်ဟိုနှင့်
 ရော်နယ်ဒိုတို့နှစ်ဦးစလုံးမှာ အောင်မြင်လိုစိတ်ပြင်းထန်သူများဖြစ်ခြင်း
ကြောင့်ဖြစ်ပြီး နည်းပြတစ်ဦးအနေဖြင့် ပွဲစဉ်တစ်ပွဲ၏ လိုအပ်ချက်ကို ပြောကြားသည်မှာလည်း အစဉ်အလာကိစ္စတစ်ခု ပင်ဖြစ်ကြောင်း အယ်ဘီယိုက ပြန်လည်ရှင်းလင်းထားသည်။
http://yoyarlay.com/sport/football/33929-2013-01-20-12-43-04

SHARE THIS
Previous Post
Next Post