ရန်ကုန်ပညာရေးတက္ကသိုလ်၏ (၄၅) ကြိမ်မြောက် ဘွဲ့ နှင်းသဘင်


၁၉၃၁ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ ပညာရေးတက္ကသိုလ်ကြီးကို နိုင်ငံတော်ရဲ့ ပညာရေးမူဝါဒတွေနဲ့ အညီ မြန်မာနိုင်ငံပညာရေးကို အထောက်အကူပြုနိုင်သော တော်သိ၊ တတ် ထက်မြက် ထူးချွန်တဲ့ ဆရာ၊ဆရာမလောင်းတွေ မွေးထုတ်ဖို့ ၊ ပြုစုလေ့ကျင့်ပေးဖို့ နဲ့ ခေတ်မီသင်ကြားရေး နည်းစနစ်တွေ၊ သုတေသနလုပ်ငန်းတွေနဲ့ ကြံဆတီထွင်မှုတွေ ဆောင်ရွက်နိုင်ဖို့ ရည်မှန်းချက်ထားရှိထားတယ်။

ယခုအခါ ပါရဂူသင်တန်း ၊ မဟာပညာရေးသင်တန်း ၊ မဟာဒဿန(ပညာရေး)သင်တန်း ၊ မဟာဝိဇ္ဖာ M.A (TEFL)သင်တန်း ၊ B.Ed ပညာရေးသင်တန်း ၊ အင်္ဂလိပ်စာသင်ကြားရေးနည်းပညာ ဒီပလိုမာသင်တန်း နှင့်
Multimedia အတတ်ပညာ ဘွဲ့ လွန်ဒီပလိုမာသင်တန်းများကို တိုးချဲံ့ ဖွင့်လှစ်ထားပြီး 

ပညာရေး ပထမဘွဲ့ (B.Ed.)ဘွဲ့ ကို ၁၉၆၅ ခုနှစ်မှ စတင်ပေးအပ်ခဲ့ပြီး ပညာရေးပထမဘွဲ့ နှင့် မဟာပညာရေးဘွဲ့ ၊ ပါရဂူဘွဲ့ ရှင်ပေါင်း (၅၁၂၃၁)ဦးကို မွေးထုတ်ပြီး ဖြစ်ပါတယ်။
Credit to Thinzar Shunlei Yi

SHARE THIS
Previous Post
Next Post