အက်ရှ်လေကိုးလ်ကို စာချုပ်သက်တမ်းတိုးရန် ချယ်လ်ဆီး သဘောတူညီမှုရ

ချယ်လ်ဆီး အသင်းသည် နောက်ခံလူ အက်ရှ်လေကိုးလ်ကို စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိထားပြီဟု အသင်းမန်နေဂျာ ရာဖေးလ်ဘင်နီတက်ဇ်က အတည်ပြု ပြောကြားခဲ့သည်။ ချယ်လ်ဆီးသည် ဝါရင့် ကစားသမားများကို (၁) နှစ်စီသာ ကာလတို သက်တမ်းတိုး စာချုပ်ရန် ကမ်းလှမ်းခဲ့ရာ အစောပိုင်းက အသက် (၃၂) နှစ်ရှိ ကိုးလ်သည် အသင်းထံမှ အဆိုပြုချက်ကို လက်မခံခဲ့ချေ။ ၎င်းသည် ယခုဘောလုံးရာသီ အကုန်တွင် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် အသင့် ဖြစ်နေခဲ့သည်။

Photo



သို့သော်လည်း သတင်းများက (၁) နှစ်တာ လုပ်ခအတွက် ချယ်လ်ဆီးက ပေါင်စတာလင် (၈) သန်းထိ ပေးချေမည့် စာချုပ်သစ်မျိုး ကမ်းလှမ်းလာသောအခါ အင်္ဂလန် လက်ရွေးစင် အနေဖြင့် ရွေးချယ်ရန် အကြောင်းမရှိတော့ဟု သိရသည်။ ဘင်နီတက်ဇ်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် မိမိတို့ အသင်းသည် ကိုးလ်ကို ဆက်ထိန်းထားရန် သဘောတူညီမှု ရရှိထားကြောင်း အတည်ပြုချက် ပေးသွားသည်။

အဆိုပါ စာချုပ်အရ ကိုးလ်သည် ဘောလုံးလောကတွင် လုပ်ခလစာ အများဆုံး နောက်ခံ ကစားသမား ဖြစ်လာမည်ဟု သိရှိရသည်။ ကိုးလ်ကို ပြင်သစ်ကလပ် PSG နှင့် စပိန်လာလီဂါ ချန်ပီယံ ရီးယဲလ်မက်ဒရစ် အသင်းများကလည်း ဆက်သွယ်ခဲ့သေးသော်လည်း ချယ်လ်ဆီးကသာ သက်တမ်းတိုး စာချုပ်ရန် သဘောတူညီမှု တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
By Planet 22 January, 2013
Soruce: Goal

SHARE THIS
Previous Post
Next Post