ၾသစေၾတးလ် အိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ် အဆင့်သို့ ရောက်ရှိ

Photo


သြစတြေးလျ အိုးပင်းတင်းနစ် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ ပြီးဆုံးပြီဖြစ်ပြီး ဆီးမီးဖိုင်နယ် ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်သွားမည်  ဖြစ်သည်။ အမျိုးသား တစ်ဦးချင်းတွင် နာမည်ကြီး တင်းနစ်ကစားသမား ၂ ဦးဖြစ်သည့် အန်ဒီမာရေးနှင့် ရော်ဂျာဖက်ဒရာတို့ ထိပ်တိုက်တွေ့ဆုံနေပြီး အကြိတ်အနယ်ရှိသည့် ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ဖွယ် ရှိသည်။ အမျိုးသား တစ်ဦးချင်း အခြား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် လက်ရှိကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ဂျိုကိုဗစ်နှင့် စပိန် တင်းနစ်ကစားသမား ဒေးဗစ်ဖာရာတို့ တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
 
(အန်ဒီမာရေးနှင့် ရော်ဂျာဖက်ဒရာ)

အမျိုးသမီး တစ်ဦးချင်း ဆီးမီးဖိုင်နယ် ပွဲစဉ်များတွင် လက်ရှိချန်ပီယံ ဗစ်တိုးရီးယား အဇာရင်ကာနှင့် နာမည်ကြီး ဆရီနာဝီလျံကို အနိုင်ယူလာသော အမေရိကန်တင်းနစ်မယ် ဆလွန်နီစတီဖင်စ်တို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
 
(အဇာရင်ကာနှင့် စတီဖင်စ်)

ထိုပွဲစဉ်တွင် အတွေ့အကြုံ ပိုမိုများပြားကာ လက်ရှိချန်ပီယံလည်းဖြစ်သူ အဇာရင်ကာက အသာရနိုင်ဖွယ်ရှိကြောင်း သုံးသပ်ကြသည်။ အမျိုးသမီးတစ်ဦးချင်း ဆီးမီးဖိုင်နယ်၏ အခြားပွဲစဉ်တွင် တရုတ်နိုင်ငံသူ တင်းနစ်မယ် နာလီနှင့် နာမည်ကြီး ရုရှားတင်းနစ်မယ် ရှာရာပိုဗာတို့ တွေ့ဆုံယှဉ်ပြိုင်ရမည် ဖြစ်သည်။
 
(ဂျိုကိုဗစ်နှင့် ဒေးဗစ်ဖာရာ)

သြစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ

အမျိုးသမီး တစ်ဦးချင်း ပွဲစဉ်များ

Rod Laver တင်းနစ်ကွင်း (ဇန်နဝါရီ ၂၄ ရက်၊ ကြာဿပတေးနေ့)

- နာလီ (တရုတ်) vs မာရီယာ ရှာရာပိုဗာ (ရုရှား)

- ဗစ်တိုးရီးယား အဇာရင်ကာ (ဘီလာရုစ်) vs ဆလွန်နီ စတီဖင်စ် (အမေရိကန်)

* ပွဲစဉ်များကို ဇန်နဝါရီ ၂၄ ရက် မဲလ်ဘုန်းစံတော်ချိန် မွန်းလွဲ ၁း၃၀ နောက်ပိုင်း၊ မြန်မာစံတော်ချိန် နံနက် ၉း၀၀ နောက်ပိုင်းတွင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
 
(ရှာရာပိုဗာနှင့် နာလီ)

အမျိုးသား တစ်ဦးချင်း ပွဲစဉ်များ

- နိုဗက်ဂျိုကိုဗစ် (ဆားဘီးယား) vs ဒေးဗစ်ဖာရာ (စပိန်)

Rod Laver တင်းနစ်ကွင်း (ဇန်နဝါရီ ၂၄ ရက်၊ ကြာဿပတေးနေ့)

* မဲလ်ဘုန်းစံတော်ချိန် ည ၇း၃၀၊ မြန်မာစံတော်ချိန် မွန်းလွဲ ၃း၀၀ တွင် စတင်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

- အန်ဒီမာရေး (ဗြိတိန်) vs ရော်ဂျာဖက်ဒရာ (ဆွစ်ဇာလန်)

Rod Laver တင်းနစ်ကွင်း (ဇန်နဝါရီ ၂၅ ရက်၊ သောကြာနေ့)

* မဲလ်ဘုန်းစံတော်ချိန် ည ၇း၃၀၊ မြန်မာစံတော်ချိန် မွန်းလွဲ ၃း၀၀ တွင် စတင်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 By Planet


SHARE THIS
Previous Post
Next Post