၂ဝ၁၂ ခုနှစ်၏ အထင်ကရ အာရှ အနုပညာ သတင်းများ

နှစ်သစ် ကူးခဲ့ပါပြီ။ ကုန်လွန်ခဲ့ပြီ ဖြစ်သည့် ၂ဝ၁၂ ခုနှစ်၏ အာရှ အနုပညာ လောကကို ပြန်ပြောင်း သုံးသပ်မည် ဆိုပါက ၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာ တစ်ဝန်းမှ ပရိသတ်ကို ကိုင်လှုပ်နိုင် ခဲ့သည့် Psy၊ ထို့အပြင် စင်ကာပူ နိုင်ငံတွင် ဖျော်ဖြေ တင်ဆက်ခဲ့သော ကမ္ဘာကျော်များ၊ လှုပ်လေမြုပ်လေ အရှုပ်တော်ပုံမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည့် JYJ အဖွဲ့များ အကြောင်းကို
ပြန်လည် သုံးသပ်ရမည် ဖြစ်သည်။

အာရှမှ ကမ္ဘာကို ၂ဝ၁၂ ခုနှစ်အတွင်း ထိုးဖောက်နိုင်ခဲ့ သူမှာ တောင်ကိုရီးယား ရက်ပ် အဆိုတော် Psy ပင် ဖြစ်သည်။ Psy ဟု ဆိုသည်နှင့် ပရိသတ်များက သူ၏ ဂမ်းနမ်စတိုင် အကကို ပြေးမြင်ဖြစ်သည်။ Psy သည် ဂမ်းနမ်စတိုင် ဂီတ ဗီဒီယိုနှင့် ကမ္ဘာကျော်ခဲ့သူ တစ်ဦးဖြစ်သည်။ 

ထိုသီချင်းဖြင့်ပင် ဆုပေါင်း များစွာကို သိမ်းပိုက် နိုင်ခဲ့ပြီး You Tube ဝက်ဘ်ဆိုက်တွင်လည်း ပရိသတ် ကြည့်ရှုမှု အများဆုံး ရရှိသည့် သီချင်းတစ်ပုဒ် ဖြစ်လာ ခဲ့သည်။ အသက် ၃၅ နှစ် ရှိပြီ ဖြစ်သည့် Psy ၏ အမည်အရင်းမှာ ပက်ဂျေးဆန်းဖြစ်သည်။ 

ကမ္ဘာကို ကိုင်လှုပ် ခဲ့သော Psy ၏ မြင်းစီး သကဲ့သို့ ပုံစံအကကို  ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းကပင် ဂုဏ်ပြုကပြ ခဲ့သည့်အပြင် ဒီဇင်ဘာ အစောပိုင်းက ဝါရှင်တန်မြို့တွင် ကျင်းပခဲ့သော ခရစ္စမတ် ဖျော်ဖြေပွဲ တစ်ခုတွင် အမေ ရိကန် သမ္မတ ရာထူးကို ဒုတိယအကြိမ် ဆက်ခံခဲ့သူ ဘားရက် အိုဘားမားနှင့် သမ္မတကတော် မီရှဲလ် အိုဘား မားတို့ကလည်း Psy ၏ ဂမ်းနမ်စတိုင် အကကို နှစ် သက်စွာ ကပြခဲ့ကြသည်။

၂ဝ၁၂ ခုနှစ်တွင် စင်ကာပူ နိုင်ငံ၌ ဖျော်ဖြေပွဲများဖြင့် ပြည့်နှက် နေခဲ့သည်။ ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါ နှင့် ဂျနီဖာ လိုပက်ဇ်တို့သည်လည်း စင်ကာပူ ၌ ဖျော်ဖြေပွဲများ ကျင်းပခဲ့သည်။ ထို့ပြင် Psy သည်လည်း ဖျော်ဖြေ ခဲ့သည့်အပြင် SMTOWN World Tour 3 Singapore ဖျော်ဖြေပွဲသည် စင်ကာပူ နိုင်ငံတွင် အကြီးဆုံး ဖျော်ဖြေပွဲ ဖြစ်လာခဲ့သည်။ ထိုဖျော်ဖြေ ပွဲ၌ k-pop အဆိုရှင်များ ဖြစ်ကြသည့် Super Junior အဖွဲ့နှင့် TVXQ အဖွဲ့တို့ ပါဝင် ဖျော်ဖြေခဲ့သည်။ အဆို ပါ ဖျော်ဖြေပွဲ၌ ပရိသတ် ၂၆ဝဝဝ ခန့် တက်ရောက် အားပေးခဲ့သည်။

အမျိုးသား ငါးဦး ပါဝင်သော TVXQ အဖွဲ့မှ ခွဲထွက်၍ JYJ အဖွဲ့ဟု ပြောင်းဖွဲ့ခဲ့သော ကင်ဂျေးဂျောင်၊ ပတ်ယု ချန်နှင့် ကင်ဂျန်ဆုတို့ သည်လည်း ၎င်းတို့၏ အနု ပညာ အေဂျင်စီဟောင်း ဖြစ်သည့် TVXQ နှင့် စာချုပ်ကိစ္စ ယခုနှစ် နိုဝင်ဘာလတွင် ပြီးပြတ်ခဲ့ပြီ ဖြစ်သည်။ 

TVXQ အဖွဲ့တွင် ဂျန်ယွန်ဟိုနှင့် ရှင်ချန်မင်းတို့ ကျန်ရှိခဲ့ပြီး အမျိုးသမီး ပရိသတ်များ အသည်းစွဲဖြစ်သည့် TVXQ အဖွဲ့၏ အဆိုပါ စာချုပ် အရှုပ်အရှင်း ကိစ္စကိုလည်း ပရိ သတ်များက အာရုံ စိုက်ခဲ့ကြသည်။

ထို့အပြင် ၂ဝ၁၂ ခုနှစ်သည် အာရှ အနုပညာရှင် မင်းသမီးများ အတွက် ရင်သွေးလေးများ မွေးဖွားသည့်နှစ်ဟုပင် ဆိုရနိုင်သည်။ တရုတ်နှစ်(နဂါးနှစ်) တွင် ဟောင်ကောင် မင်းသမီးချော Miriam Yeung, Athena Chu က တို့သည်  မိခင်များ ဖြစ်လာခဲ့သည်။ ထို့ပြင်  ဟောင်ကောင်မင်းသား Andy lau သည် လည်း ယခုနှစ် မေလတွင် ဖခင်ဘဝကို ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ

SHARE THIS
Previous Post
Next Post