ဒီဇီကိုအတွက် ဒေါ့မွန်နှင့် မန်စီးတီးတို့ကြား ဈေးနှုန်း သတ်မှတ်ချက် ကြီးကြီးမားမား ကွာဟနေ


မန်ချက်စတာစီးတီး တိုက်စစ်မှူး အီဒင် ဒီဇီကိုအား ခေါ်ယူရန် ကြိုးစားနေသည့်တိုင် ဘိုရူးစီးယား ဒေါ့မွန် အနေဖြင့် ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု ကိစ္စတွင် အခက်ကြုံဖွယ် ရှိနေကြောင်း သိရသည်။
မန်စီးတီး အသင်းသည် အသက်(၂၆)နှစ် ရှိပြီဖြစ်သော တိုက်စစ်သမားကို ကမ်းလှမ်းမှုများ ရှိလာပါက ရောင်းချရန် စီစဉ်ထားသော်လည်း ၎င်းတို့ ဝယ်ယူခဲ့သည့် ဈေးနှုန်း ပေါင်စတာလင် (၂၇)သန်းထက် (၂)သန်းမျှသာ လျှော့ပြီး ပေါင်စတာလင် (၂၅)သန်းဖြင့် လက်လွှတ်ရန် စဉ်းစားထားသည်။ သို့သော်လည်း ဂျာမန် ချန်ပီယံ ဒေါ့မွန် အသင်းက အဆိုပါ ဘော့စနီးယား လက်ရွေးစင်အတွက် ဈေးနှုန်းကို ပေါင်စတာလင် (၁၅)သန်းထက် ပိုသုံးရန် ဆန္ဒမရှိခြင်းကြောင့် အသင်းနှစ်သင်းကြား အချိန်ယူ ညှိနှိုင်းရမည့် သဘောမျိုး ဖြစ်လာသည်။
dzeko celebration
ဒီဇီကိုသည် ဂျာမန် ဘောလုံးလောကနှင့် မစိမ်းလှဘဲ ဝုဖ်ဘက် အသင်းနှင့်အတူ ဘွန်းဒစ်လီဂါ ချန်ပီယံဆုကို ရယူထားခဲ့ဖူးသည်။ ၎င်းသည် လက်ရှိတွင် မန်စီးတီးအတွက် ခြေစွမ်းပြ ဂိုးများ သွင်းယူနေသော်လည်း တတိယ ဦးစားပေး တိုက်စစ်မှူး နေရာတွင်သာ ရှိနေခြင်းအပေါ် စိတ်ပျက်လျှက်ရှိသည်။ ဒေါ့မွန်မှာမူ နွေရာသီ ဈေးကွက် ကာလတွင် အဓိက တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီးကို လက်လွှတ်ရမည့် အခြေအနေမျိုး ကြုံနေရခြင်းအတွက် အစားထိုးရန် တိုက်စစ်မှူးသစ် တစ်ဦးကို ရှာဖွေနေရပြီး လတ်တလောတွင် ဒီဇီကိုအား အဓိက အကျဆုံး ရည်ရွယ်နေခြင်း ဖြစ်သည်။
လီဝင်ဒေါစကီးကို လတ်တလောတွင် မန်ချက်စတာ ယူနိုက်တက်နှင့် ဘေယန်မြူးနစ် အသင်းများက အပြိုင်အဆိုင် ချိတ်ဆက်နေကြောင်း သတင်းများလည်း ထွက်ပေါ်လျှက် ရှိသည်။

MyanmarStriker

SHARE THIS
Previous Post
Next Post