"ရွန်နီနှင့် ထွက်ပေါ်နေသော အပြောင်းအရွေ့ သတင်းများအား ပီအက်စ်ဂျီ ငြင်းဆို"

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဖြစ်သူ၏ အပြောင်းအရွေ့ ကောလဟာလ များအပေါ် ပီအက်စ်ဂျီ အသင်းမှ ရွန်နီကဲ့သို့ ကစားသမားအား စိတ်ဝင်စားမှု ရှိနေပေမယ့် တရားဝင် ကမ်းလှမ်းမှု မရှိသေးပါဘူးဟု ပဲရစ်အခြေစိုက် အသင်း၏ ဥက္ကဌဖြစ်သူ အဲလ်ခဲလ်လိုင်ဖီက ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

၎င်းက “ကစားသမား များစွာက အသင်းနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားမှု ရှိကြတဲ့ အတွက် အရင်ဆုံး ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ၀ယ်ယူခဲု့ပြီးတဲ့နောက် ဒီလို အဖြစ်အပျက်မျိုးတွေ ဖြစ်ပေါ်လာတာ ပြသနာတော့ မဟုတ်ပါဘူး။” ဟု ပီအက်စ်ဂျီ အသင်းအား ၀ယ်ယူခဲ့ပြီးနောက်ပိုင်း ကမ္ဘာကျော် ကစားသမား များစွာအား စည်းရုံးဝယ်ယူ နိုင်ခဲ့တဲ့ အသင်းဥက္ကဌက အခုလို ပြောခဲ့တာဖြစ်ပါတယ်။ လက်တလောမှာ ပဲရစ်မြို့ခံ အသင်းဟာ ချန်ပီယံလိဂ် ပြေးလမ်းပေါ်မှာ ဆက်လက်ရှိနေပြီး ၎င်းတို့နှင့် စပိန်အင်အားကြီး အသင်း ဘာစီလိုနာနှင့် တွေ့ဆုံမည့် ပွဲစဉ်နှစ်ရပ်ဟာ ကမ္ဘာ့ဘောလုံး ပရိသက်ရဲ့ အာရုံကို စွဲဆောင်နေပါတယ်။

“ရိုးရိုးသားသား ၀န်ခံရရင် ဒီအပြောင်းအရွေ့ အတွက် ကျွန်တော်တို့ တစ်ခါမှ စကားမစခဲ့ဖူးပါဘူး။ ရွန်နီဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးပါ။ လူတိုင်းကလည်း သူ့လိုကစားသမားကို လိုချင်ကြမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ကမ်းလှမ်းခဲ့တယ် ဆိုတာတော့ မဟုတ်ပါဘူး။”

ဒါ့အပြင် အဲလ်ခဲလ်လိုင်ဖီက အသင်းနဲ့ နာမည်ထွက်နေတဲ့ အာဆင်နယ် အသင်းရဲ့ မန်နေဂျာဖြစ်သူ အာဆင်ဝင်းဂါးနှင့် ပတ်သက်ပြီးတော့လည်း ယခုလို ပြောခဲ့ပါသေးတယ်။

“အာဆင်ဝင်ဂါးဟာ ကြီးကျယ်တဲ့ မန်နေဂျာ တစ်ဦးပါ။ အာဆင်နယ်နဲ့ အတူ ခမ်းနားတဲ့ အလုပ်တွေ သူလုပ်ဆောင် ပြခဲ့ဖူးပါပြီ။ ဒါပေမယ့် သူ အာဆင်နယ်နဲ့ ဆက်လက်လက်တွဲဖို့ ကန်ထရိုက်စာချုပ် ချုပ်ဆိုပြီးသားလို့လည်း မီဒီယာတွေက တဆင့် ကျွန်တော် ကြားခဲ့ပြီးသားပါ။ ကျွန်တော်အနေနဲ့ကတော့ သူ့ကိုယ်စား ပြောပြဖို့ မသင့်တော်ပါဘူး။ သူ့မှာ ဘယ်လို ဆုံးဖြတ်ချက်တွေ ရှိသလည်း ဆိုတာလည်း ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ ကားလိုစ့် (ကားလိုစ့်အန်စလော့တီ) ရှိနေပါတယ်။ ကားလိုစ့်ရဲ့ အရည်အချင်းကို ကျွန်တော်တို့ ကျေနပ်ကြပါတယ်။

SHARE THIS
Previous Post
Next Post