အင်းလျားကန်အနီး လူသတ်၍ ပြိုင်ကားဖြင့် ထွက်ပြေးသူ ကိုယ်တိုင် လာရောက်အဖမ်းခံ

အင်းလျားကန်ဘောင်အနီး လူသတ် ၍ ပြိုင်ကားမောင်းပြီး ထွက်ပြေးသွား သူဟု ရဲက သံသယရှိသူမှာ ၄င်းကိုယ် တိုင် လာရောက်အဖမ်းခံလိုက်ကြောင်း သတင်းရရှိသည်။

ဧပြီ ၁ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ၄င်းကိုယ်တိုင် လာရောက်အဖမ်းခံခြင်း ဖြစ်ကြောင်း လှိုင်မြို့နယ် ရဲစခန်းမှူး က ပြောသည်။

မတ် ၁၇ရက် ည ၈နာရီ ၅ မိနစ် ခန့်တွင် အေဒီမီးပွိုင့်မှ လှည်းတန်းသို့ မောင်းလာသော ယာဉ်အမှတ်(၇ဂ/---) ငွေမင်ရောင်ပြိုင်ကားသည် အင်းလျား ကန်ဘေးရှိ အိအိုင်ဘီစီရှေ့အရောက်တွင် ရပ်ပြီး ကားပေါ်မှ ထိုးသွင်းဒဏ်ရာဖြင့် အမျိုးသားတစ်ဦးဆင်းလာကာလဲကျသွား ၍ လုံခြုံရေးတာဝန်ကျက သွားရောက် ကြည့်ရှုစဉ် အဆိုပါပြိုင်ကားမှာ လာရာလမ်း အတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ သည်။ ရဲများက ဒဏ်ရာရရှိသူအား ရန်ကုန်ဆေးရုံကြီးသို့ပို့ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့သည်။

''သတ်ရတဲ့အကြောင်းအရင်းကတော့ သေဆုံးသူက ရင့်ရင့်သီးသီးပြောလို့ တစ်ယောက်တစ်ခွန်း စကားများရာကနေ အသင့်ပါလာတဲ့ဓားနဲ့ ထိုးလိုက်တယ်လို့ ထွက်ချက်ရထားတယ်''ဟု စခန်းမှူးက ပြောသည်။
ယင်းသို့ ကားမောင်းပြေးသွား ပြီးနောက် တာဝန်ရှိသူများက ပြိုင်ကားကို ဝိုင်းဝန်ရှာဖွေကြရာ ည ၁၁ နာရီအချိန်၌ တောင်ဒဂုံ မြို့နယ်အတွင်း တွေ့ရှိခဲ့သည်။ ထို့နောက် တရားခံဟု သံသယရှိ သူ ကိုခိုင်နေထိုင်သော ရွှေပြည်သာရှိ ၄င်း၏နေအိမ်သို့ သွားရောက်ရှာ ဖွေခဲ့ရာ ခရီးထွက်နေ သည်ဟု သိရှိ ရကြောင်း ၄င်းကပြောသည်။

ကိုကျော်မင်းခိုင်(ခ)ကိုခိုင်၏ မိသားစုများက အကူအညီပေးသဖြင့် ၄င်းမှာ တောင်ကြီးရောက်နေ ကြောင်း သိရှိရပြီး ရဲတပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များ ၏ တိုက်တွန်း စည်းရုံးမှုကြောင့် ၄င်းမှာ ရန်ကုန် သို့ပြန်လာကာ အဖမ်းခံ ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

''တိုင်းတပ်ဖွဲ့မှူးရုံးမှာ လ အဖမ်းခံတော့ တိုင်းရုံးကနေ ကျွန် တော်တို့ဆီ ပြန်လွှဲပေးလိုက်တာ။ ဒီနေ့တော့ သူ့ကို ရုံးထုတ်ပြီး ရမန်ယူထားတယ်''ဟု စခန်းမှူးက ပြောသည်။

ထိုအမှုနှင့်ပတ်သက်၍ လှိုင် ရဲစခန်းမှ (ပ) ၉၈/၁၃၊ ပုဒ်မ ၃ဝ၂ နှင့် မူးယစ် (ပ) ၁/၁၃၊ ပုဒ်မ ၁၉/(ဂ)၂ဝ(က) ဖြင့် အမှုဖွင့်ထား သည်။
Popular Myanmar News Journal

''အင်းလျားကန်အနီး လူသတ်၍ ပြိုင်ကားဖြင့် ထွက်ပြေးသူ ကိုယ်တိုင် လာရောက်အဖမ်းခံ''

ရန်ကုန်၊ ဧပြီ ၂
	
သူရထွန်း

SHARE THIS
Previous Post
Next Post