ရက္ခိုင့်တပ်မတော်နှင့်မြန်မာ့စစ်တပ် ရခိုင်-ဘင်္ဂလားနယ်စပ်အနီးတိုက်ပွဲဖြစ်ပွားလျှက်ရှိ

ရက္ခိုင့်တပ်မတော်၊ အမှတ် (၅)ဗျူဟာလက်အောက်ခံစစ်ကြောင်းများ နှင့်မြန်မာ့စစ်တပ်၊ တပ်ရင်း (၂၈၉) တို့သည် ၂၀၁၅ ခုနှစ်၊ မတ်လ (၂၉) ရက်၊ ၀၀၃၀ နာရီတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အပြန်အလှန် ပစ်ခတ်အပြီး တွင်လက်နက်ကြီး (၃) ကြိမ်ပစ်ခတ်ပြီး ကစဉ့်ကလျား ထွက်ပြေးပြီးစခန်းစွန့် ထွက်ပြေး သွားခဲ့ကြသည်။

မိမိတို့ရက္ခိုင့်တပ်မတော်မှ ထွက်ပြေးသွားသော ရန်သူနောက်သို့နယ်မြေရှင်းလင်းရေး လုပ်ရာ ၀၇၃၀ အချိန်တွင် ရန်သူ့ဖက်မှ ဒုတပ်ကြပ်- နိုင်ထွန်း (ကိုယ်ပိုင်အမှတ် ကြည်း-၉၉၂၀၈၄ )အားလက်ရ ဖမ်းဆီးပြီး ယခုအချိန်ထိ ဆက်လက် တိုက်ပွဲဖြစ်ပွားလျှက် ရှိသည်။

ရက္ခိုင့်တပ်မတော်
သတင်းနှင့်ပြန်ကြားရေးဌာန



SHARE THIS
Previous Post
Next Post