တစ်နိုင်ငံလုံးတွင်​ ၀ှိုက်ကတ်အပ်နှံသူ ၃၂၁၈၁၄ ဦးရှိပြီ

တစ်နိုင်ငံလုံးတွင် အပ်နှံသည့် ၀ှိုက်ကတ် အရေအတွက်မှာ ဧပြီလ ၂၉ ရက်နေ့ အထိ စုစုပေါင်း ၃၂၁၈၁၄ ခုရှိပြီ ဖြစ်ကြောင်း သိရသည်။


ရခိုင်ပြည်နယ်တွင် ၀ှိုက်ကတ် ပြန်အပ်သူများကို တွေ့ရစဉ်
“ကျနော်တို့ နိုင်ငံမှာ ၀ှိုက်ကတ် ကိုင်ဆောင်သူ အရေအတွက်က တစ်နိုင်ငံလုံးမှာ စုစုပေါင်း ၇၆၁၀၆၄ ဦးရှိပါတယ်။ ဒီနေ့ထိ အပ်နှံတဲ့သူ အရေအတွက်က ၃၂၁၈၁၄ ဦးရှိပါတယ်” ဟု လ.၀.က ညွှန်ကြားရေးမှူး ဦးတင်ရှယ်က ပြောသည်။

ဝှိုက်ကတ် (ခေါ်) ယာယီ သက်သေခံ လက်မှတ်များသည် မတ်လ ၃၁ ရက်နေ့မှ စပြီး တရားမ၀င်တော့ကြောင်း သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ဧပြီလတစ်ရက်နေ့မှ စ၍ ၀ှိုက်ကတ်များ ပြန်လည် အပ်နှံမှုကို လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ လက်ခံနေခြင်း ဖြစ်သည်။

“ဧပြီလနဲ့မေလ၊ နှစ်လအတွင်းလက်ခံသွားပါမယ်။ အားလုံးလာအပ်ကြပါလိမ့်မယ်။ ၀ှိုက်ကတ် ကိုင်ဆောင်သူအများဆုံး ဖြစ်တဲ့ ရခိုင်ပြည်နယ်ထဲမှာလည်းအပ်တဲ့သူကသုံးသိန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်” ဟုညွှန်ကြားရေးမှူးက ပြောဆိုသည်။ ရခိုင်ပြည်နယ်ထဲတွင် ၀ှိုက်ကတ် ကိုင်ဆောင်သူ စုစုပေါင်း ၆၆၆၃၈၁ဦးရှိပြီး၊ ယင်းအထဲ မှ ၃၀၀၄၃၂ ကတ်ကို အပ်နှံပြီး ဖြစ်ကြောင်း၊ ၀ှိုက်ကတ်ကိုင်ဆောင်သူ အများစုမှာ ဘင်္ဂါလီလူမျိုးများ ဖြစ်ကြောင်း ၄င်းကဆိုသည်။

“၀ှိုက်ကတ်ကို ပြန်အပ်နှံပြီးတဲ့ နောက်မှာ ၀ိုက်ကတ် ကိုင်ဆောင်သူတွေရဲ့ အရေးကိုတော့ အသစ် ဖွဲ့စည်းထားတဲ့ လေ့လာသုံးသပ်ရေး အကြံပြုချက် ကော်မရှင်ရဲ့ ညွှန်ကြားတဲ့ အတိုင်း လုပ်ဆောင်သွားပါ့မယ်။ အခု အဲဒီကော်မရှင်ကိုလည်း ဖွဲ့စည်းထားပြီ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးက ဆိုသည်။

ယင်းလေ့လာသုံးသပ်ရေး အကြံပြုချက် ကော်မရှင်ကို လ.၀.က ဒုဝန်ကြီးက ဦးဆောင်မည် ဖြစ်ပြီး၊ သမ္မတရုံး ဥပဒေ အကြံပေးတစ်ဦး၊ ကိုးကန့် ယဉ်ကျေးမှု အဖွဲ့မှ တစ်ဦး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ တစ်ဦးနှင့် အခြား ဥပဒေပညာရှင်များ၊ တတ်သိပညာရှင်များ ပါဝင်သည်ဟု သိရသည်။

၎င်းအဖွဲ့သည် ၀ှိုက်ကတ် ကိုင်ဆောင်သူများ အရေးကိုမည်သို့ မည်ပုံကိုင်တွယ် ဖြေရှင်းမည်ကို လေ့လာသုံးသပ်ပြီး အစိုးရထံ အကြံပြုမည်ဟု သိရသည်။

လေးမြို့ 
(မြန်​မာပြည်​အ​နောက်​ဖက်​သတင်းမီဒီယာ)
 http://maruthura.blogspot.com  
Credit - MID



SHARE THIS
Previous Post
Next Post