နမ့်ဆန်မြို့နယ် မန်လုံကျေးရွာ အုပ်စု
တာလတ်ရွာ၌ နေထိုင်သော ဦးမောင်စိန်နှင့် စိုင်းမြင့်အောင် တို့အား
ဖေဖော်ဝါရီ ၂၈ ရက် မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် TNLA လက်နက်ကိုင်
အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး မတ် ၁ ရက်က တာလတ်ရွာ၏
မြောက်ဘက်၌ ဦးမောင်စိန်နှင့် စိုင်းမြင့်အောင် တို့အား လက်နောက်
ပြန်ကြိုးတုပ်လျက် လက်နက်ငယ် များဖြင့် ပစ်ခတ် သတ်ဖြတ် ခဲ့သည်။
၎င်းဖြစ်စဉ်အား နမ့်ဆန်မြို့နယ် ရဲစခန်းမှ တရားဥပဒေ အရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။