အ၀ီးရောက် မင်းပြားသူ/သားများသို့ အသိပီးနှိုးဆော်ချက်
အ၀ီးရောက် မင်းပြားသူ/သားများသို့ အသိပီးနှိုးဆော်ချက်
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်းတွင် မင်းပြားမြို့ပေါ်မှ လူငယ်များနှင့် ကျေးရွာအုပ်စုများမှ လူငယ်များအတွက် Online Media အသုံးချနည်းနှင့် မီဒီယာကျင့်ဝတ်၊ စည်းကမ်းများနှင့် ပတ်သက်သည့် သင်တန်းတစ်ရပ်ကို မီဒီယာအသိုင်းအ၀ိုင်းမှ နားလည်တတ်ကျွမ်းသည့် ဆရာများအား ဖိတ်ခေါ်ပြီး မင်းပြားမြို့ပေါ်တွင် သင်တန်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။ ထို့အတွက် အ၀ီးရောက် မင်းပြားသူ/သားများအနေဖြင့် သင်တန်းဖြစ်မြောက်ရေးအတွက် တစ်ဖက်တစ်လမ်းက အကြံဥာဏ်နှင့် ငွေကြေးထောက်ပံ့ကူညီပေးလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။
၁။ ကိုထွန်းလင်း (ဖုန်း) ၀၉၄၂၅၃၀၂၅၆၅
၂။ ကိုဝင်းသိန်း (ဖုန်း) ၀၉၄၂၁၇၅၅၇၁၈
၃။ ကိုခင်ဇော်ဝင်း (ဖုန်း) ၀၉၄၉၂၉၆၂၄၅
၎။ ကိုကျော်ဆန်း (ဖုန်း) ၀၉၄၂၁၇၁၃၂၅၂
၅။ ကိုအေးကျော်သန်း (ဖုန်း) ၀၉၄၂၁၇၄၀၉၄၅
၆။ ကိုမြင့်ဇော်ဦး (ဖုန်း) ၀၉၄၂၁၇၄၄၈၉၉
Online မှ ဆက်သွယ်မေးမြန်းလိုသူများအတွက်
ုkingdonenyo.mb.new@gmail.com, kyawsanroyal@gmail.com သို့ mail ဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်
်စပါးကျီတိုင်းဒေသကြီးဆီမှအတိုးကြီးစားသည့် တရားမ၀င်ငွေချေးသူများ လယ်ယာသိမ်းကိစ္စများ ပေါ်ပေါက်
်စပါးကျီတိုင်းဒေသကြီးဆီမှအတိုးကြီးစားသည့် တရားမ၀င်ငွေချေးသူများ လယ်ယာသိမ်းကိစ္စများ ပေါ်ပေါက်
 ၊ ကျွဲခြံထောင့်ကျေးရွာ နေ အဘ ဦးညိုဝင်း
၏ သားဖြစ်သူ ဦးတင်ဝင်းညို (၁၄/ကပန
(နိုင်) ၁၃၀၁၃၀ ) က ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ နယ်၊အထောင်မြို့  အမှတ် (၃)
ရပ်ကွက် နေ ဘခင် ဦးလှခင်၏ သား ဦးငွေစိုးထံမှ  ၂၀၁၁ ခုနှစ်၊မေလ၊(၇) ရက်နေ့ တွင်  ငွေကျပ် ရှစ်သိန်းကျပ်ကို ခုနှစ်ကျပ်တိုးနှုန်းဖြင့် ချေးယူခဲ့ပြီး လစဉ် အတိုး ငါးသောင်းခြောက်ထောင် ကျပ် ကို ပုံမှန်ပေးသွင်းရန် ဖြစ်သော်လည်း ရာသီဥတုကြောင့်  သီးနှံများ ဖြစ်ထွန်းခြင်း မရှိခဲ့သည့် အတွက် လစဉ်အတိုးများပေးသွင်းနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ၊ (၇) ရက်နေ့ တွင် စပါးတင်းတစ်ရာလျှင် ငွေကျပ်သုံးသိန်းပေါက်သည့် အချိန် တွင် ဦးငွေစိုးတို့ က စပါး (၂၇၂) တင်း ကို ဦးတင်ဝင်းညှိထံမှ အတိုးအတွက် လေးသိန်း၊ လယ်ယာသုံး လက်တွန်းထွန်စက် ဖိုး စသည်ဖြင့် အကြောင်းပြ၍ သိမ်းယူခဲ့ကြကြောင်းဆိုသည်။
၂၀၁၂ ခုနှစ် ၊ မေလ ၊ (၇) ရက် နေ့ တွင် ငွေ ရှစ်သိန်းချေးသည့် ကာလ တစ်နှစ်ပြည့် မြောက် ချိန်တွင် ဦးငွေစိုး က ဦးတင်ဝင်းညို ကို ခေါ်ယူပြီး ငွေကျပ် ရှစ်သိန်းချေးယူထားသည့် စာချုပ်အားစုတ်ဖြဲ ကာ ဗလာစာအုပ် ပေါ်တွင် ငွေကျပ် တစ်ဆယ့်တစ်သိန်းချေးယူထားပါသည်ဟု အနိုင်အထက်ခြိမ်းခြောက် လက်မှတ်ရေးထိုးစေခဲ့ပါသည် ။ ယင်း မှာ ရှစ်သိန်းအတွက် အတိုးငွေနှင့် အရင်းငွေကိုများကို ပေါင်း ပြီး  တစ်ဆယ့်တစ်သိန်း ပမာဏဖြင့် စာချုပ်အဓမ္မ ချုပ်ဆိုစေခဲ့ခြင်းမှာ အတိုးပေါ်အတိုးဆင့်ပြီး အရင်းနှစ်ဆ ဖြစ်စေခဲ့ပါသည် ။
    ၁၉၄၅ ခုနှစ် ၊ငွေတိုးချေးစားသူများ အက်ဥပဒေအ၇လည်းကောင်း၊ ၂၀၁၁ ခုနှစ်အသေးစားငွေရေး ကြေးရေး လုပ်ငန်းအက်ဥပဒေအ၇ လည်းကောင်း ၊
ဆင်း၇ဲသား လူတန်းစားအပေါ် ငွေအား ရာထူးအ၇ှိန်အ၀ါ တို့ ဖြင့် မတ၇ား အတိုးယူ ဖိနှိပ်ချုပ်ခြယ် ဂုတ်သွေးစုတ်နေသူများအပေါ် ထိထိေ၇ာက်ေ၇ာက် အေ၇းယူပေးရမည်ဖြစ်သော်လည်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၊
 ဧ၇ာ ၀တီတိုင်းဒေသကြီးအစိုးရ တို့ အနေဖြင့် ၂၀၀၈ ခုနှစ် ဥပဒေအ၇ နိုင်ငံသားတို့ ၏ အကျိုးခံစားခွင့် ကို ထိထိရောက်ရောက် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သတင်း၇၇ှိသည်။
မင်းနန္ဒကျော်
 ရွှေမြန်မာမီဒီယာ
၂၂၈ ကြိမ်မြောက် ရခိုင်ပြည် သူ့ ကျွန်ဘ၀ကျရောက်ခြင်း ၀မ်းနည်းအောက်မေ့ ဖွယ်အထိမ်းအမှတ်အဖြစ် မင်းပြားတွင် ဖယောင်းတိုင်မီးထွန်း၍ ကျင်းပ
၂၂၈ ကြိမ်မြောက် ရခိုင်ပြည် သူ့ ကျွန်ဘ၀ကျရောက်ခြင်း ၀မ်းနည်းအောက်မေ့ ဖွယ်အထိမ်းအမှတ်အဖြစ် မင်းပြားတွင် ဖယောင်းတိုင်မီးထွန်း၍ ကျင်းပ
၂၂၈ ကြိမ်မြောက် ရခိုင်ပြည် သူ့ ကျွန်ဘ၀ကျရောက်ခြင်း ၀မ်းနည်းအောက်မေ့ ဖွယ်အထိမ်းအမှတ်အဖြစ် မင်းပြားတွင် ဖယောင်းတိုင်မီးထွန်း၍ ကျင်းပနေကြပုံ ...
(မင်းပြား-ကျိန်းတောင်ဘုရားရင်ပြင်)
မျော်တိုင်းဝေးမဲ့ ပြည်ထောင်စု
မျော်တိုင်းဝေးမဲ့ ပြည်ထောင်စု
ကချင်တွေ စစ်မှန်တဲ့ ပြည်ထောင်စု အကြောင်း စဉ်းစားလာတာ လွတ်လပ်ရေး ရကတည်းကပါ။ ဒါပေမယ့် စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့ခွင့် မရခဲ့ပါဘူး။ ဗမာ လူမျိုးများတောင် လက်မခံတဲ့ ဗမာ စစ်ခေါင်းဆောင်များ အပိုင်စီးထားတဲ့ စစ်တပ်ဟာ တိုင်းရင်းသားများကို မခံချင်အောင် အမျိုးမျိုး ရန်စပြီး လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ဆက်ဆံ၊ မဒိမ်းကျင့်၊ ကလိမ်ကကျစ်လုပ်၊ ဥပဒေမဲ့ လူသတ်၊ ဖမ်းဆီးချုပ်နှောင်ပြီး ဆက်ဆံနေခဲ့တာ လွတ်လပ်ရေး ရကတည်းကပါ။ လွတ်လပ်ရေး ရရချင်း သူပုန် စလာတာ ဗမာ တွေပါ။ ရောင်စုံ သူပုန် ဆိုတာ ကချင်တွေ မပါဘူး။ အဲဒီ ရောင်စုံသူပုန်တွေကို နှိမ်နင်းခဲ့တာ ကချင် လက်နက်ကိုင် တပ်ရင်း (၁ မှ ၅ အထိ) ဖြစ်တယ်။ ပြည်တွင်းစစ်ရှည်နေမှာ စိုးလို့ စစ်အစိုးရ စတက်လာတော့ အသံကောင်းဟစ်ပြီး အခြေခံဥပဒေ ရေးဆွဲမယ်၊ တိုင်းရင်းသားတွေလဲ ပါဝင်ပါ ဆိုပြီးခေါ်တော့ အပစ်ရပ်ခဲ့တယ်။ ညီလာခံတွေ တက်ခဲ့တယ်။ သို့သော် တိုင်းရင်းသားများ လိုလားတဲ့ အချက်တွေ တခုမှ မထည့်ပေးခဲ့ဘူး။ အဲဒီ အခြေခံဥပဒေ ကို လက်မခံတာ ကေအိုင်အေပဲ မဟုတ်။ ကျန် လက်နက်ကိုင် အပစ်ရပ် အဖွဲ့ အားလုံးဖြစ်တယ်။ နောက်တော့ နယ်ခြားစောင့်တပ် ဖွဲ့ပါ ဆိုပြီး အတင်းအကြပ် လုပ်တယ်။ အဲဒီ အစီအစဉ်ကိုလဲ နိုင်ငံရေးအရ ရပ်တည်ချက် ခိုင်မာ တဲ့ ဘယ် တိုင်းရင်းသား အဖွဲ့တွေမှ လက်ခံတာ မတွေ့ပါ။ ဒါပေမယ့် ၂၀၀၉ ခုနှစ်ကစ ပြီး ကေအိုင်အေ ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတယ်။ လိုင်ဇာ မြို့သားတွေ စစ်ဖြစ်လာရင် ထွက်ပြေးဖို့ ပြင်ဆင်ထားခဲ့တာ ၂၀၀၉ ကတည်းကပါ။ ကေအိုင်အေ ဟာ လိုင်ဇာ ကို ဖက်သွယ်နေတာတော့ မဟုတ်.. ဒါပေမယ့် တတ်နိုင်ဆုံး သူတို့ရဲ့ အုပ်ချုပ်ရေး ခိုင်မာ တဲ့ နေရာ၊ ကချင်ကျောင်း၊ စာပေ၊ ယဉ်ကျေးမှု ခိုင်ခိုင်မာမာ လုပ်ထားတဲ့ နေရာမို့ ကာကွယ်ချင်တာ.. ဒါကို ဗမာ စစ်အုပ်စုက သိတယ်... လိုင်ဇာကို ဘာဖြစ်လို့ တိုက်သလဲ၊ ကချင်တွေရဲ့ ရပ်တည်ချက် (ကိုယ်ပိုင်ကျောင်း၊ ယဉ်ကျေးမှု၊) များကို ဖျက်စီးဖို့ ဖြစ်တယ်။ ကေအိုင်အေ ဆိုတာ လိုင်ဇာ တနေရာထဲမှာ ရှိတာ မဟုတ်။ လိုင်ဇာ သိမ်းရလို့ ကေအိုင်အေ ပျောက်သွားဖို့ မရှိ။ ကေအိုင်အေ တပ်မဟာ (၁) တည်ရှိရာ နေရာဆိုရင် ဘယ်သောအခါမှ ဗမာ အစိုးရ ရောက်ဖူးတဲ့ နေရာ မဟုတ်ပါ။ အင်္ဂလိပ် ခေတ်ကတောင် ကချင်ဒူဝါ များပဲ အုပ်ချုပ်ခဲ့တဲ့ နေရာ ဖြစ်တယ်။ တောတောင် ထူထပ်ပြီး ဗမာ စစ်ကြောင်း ဘယ်လိုမှ ထိုးဖေါက်လို့ မရ။ ကေအိုင်အေ စစ်သား တပ်စိပ် တခုထဲ နှင့်တင် စစ်ကြောင်း တခုလုံးကို ထိန်းထားလို့ ရတဲ့ နေရာ ဖြစ်တယ်။ ဒီတော့ ကေအိုင်အေ ရဲ့ နေရာဟာ ကချင်ပြည်နယ်ရဲ့ သုံးပုံ နှစ်ပုံ လောက် မြေဧရိယာကို ထိန်းချုပ်ထားတဲ့ သဘော ဖြစ်တယ်။ လိုင်ဇာ ဆိုတာ သေးသေးလေး။ သုံးမိုင် ပတ်လည်ပဲ ရှိတာပါ။ နောက်တခုက တရုတ်အစိုးရ အတွက် တောင်အာရှ ထွက်ပေါက် ဖြစ်တဲ့ အတွက် ၂၀၀၉ ကတည်းက တရုတ်အစိုးဟာ လိုင်ဇာ တဖက်ကမ်းမှာ ကုန်သွယ်ရေး ဂိတ် အကြီးစား တခု ဆောက်ခဲ့တယ်။ တပြိုင်နက်ထဲ မြစ်ကြီးနား တိုင်းမှူးတွေဟာ စသလို ပြောင်သလိုနဲ့ ကေအိုင်အေ ခေါင်းဆောင်များကို လိုင်ဇာမြို့အပ်ဖို့ တောင်းဆိုတာတွေ ရှိခဲ့တယ်။ ဒီတော့ လိုင်ဇာကို တိုက်ခြင်းသည် စစ်အစိုးရဟာ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ အစီအစဉ်လုံးဝ မရှိတဲ့အပြင်၊ ကချင်လူမျိုးများကြား အမုန်းတရား ပိုရှည်လာအောင် ဖန်တီးရုံက လွဲပြီး ဘာမှ အကျိုးမရှိပါ။ ဗမာ စစ်တပ်ကို အားပေး အားမြောက်လုပ်နေတဲ့ အဖွဲ့တွေလဲ စစ်အုပ်စုက မဟုတ်ရင် တခု ဆက်စဉ်းစားစေချင်တယ်။ ကေအိုင်အေ ကို အချိန်တိုတိုနဲ့ အမြစ်ပြတ်တိုက်နိုင်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ဆိုတာ သိထားသင့်တယ်။ သီရိလင်္ကာနိုင်ငံနဲ့ ကချင်ပြည် မြေပြင် အနေအထားမတူပါ။ ဒီတော့ ကေအိုင်အေ ကို အမြစ်ပျက် တိုက်ခိုင်းခြင်းသည်၊ ခင်များတို့ဟာ ခင်များတို့ စစ်ကျွန်ဘ၀မှာ အကြာကြီး နေချင်တယ် ဆိုပြီး တောင်းဆိုတာနဲ့ အတူတူ ဖြစ်တယ်။ စစ်တိုက်တယ် ဆိုတာ ခင်များတို့ရဲ့ ကျန်းမာရေး နဲ့ ပညာရေး အသုံးစရိတ် ပါသွားတယ် ဆိုတာ သတိရပါ။ ကေအိုင်အေ ဆိုတာ ကချင်လူမျိုးများနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ် ဖြစ်တယ်.. အစိုးရ စစ်တပ်ကို ထိရင် ဗမာတွေ ရင်နာသလို... ကေအိုင်အေ ထိရင် ကချင်တွေ ရင်နာရမယ်။ ကချင်နဲ့ ဗမာ ကြား အမုန်းတရား ပိုရှည်လာရုံက လွဲပြီး ဘာမှ အကျိုးမရှိ။ ကချင်လူမျိုးအားလုံးကို အမြစ်ပြတ် တိုက်နိုင်မှာ မဟုတ်ပါ။ နိုင်ငံတကာ ရောက်နေတဲ့ ကချင်တွေ အများကြီး ကြည့်နေတယ်။ အီစ္စရေး လူမျိုးများကို လူမျိုးတုန်းတိုက်ခဲ့တဲ့ လူမျိုးတွေ တခါမှမအောင်မြင်ခဲ့ပါဘူး။ လူမျိုးတုန်း မတိုက်တဲ့ အမျိုးတွေပဲ လူမျိုပြီး ပျောက်သွားတာ များပါတယ်။ တခုထဲသော ဖြေရှင်းနည်းဟာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူ ချမှတ်နိုင်ဖို့ ဖြစ်ပါတယ်။ ကချင်တွေ ပြည်ထောင်စုထဲ နေချင်ခဲ့တာ စစ်မှန်တဲ့ ပြည်ထောင်စု အတွက်ပါ။ ဗမာ နိုင်ငံရေး ခေါင်းဆောင် လူနည်းစုက ကြိုက်သလို ချေလည်တဲ့ ဘ၀မျိုးမဟုတ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ဖြစ်တယ်။ နိုင်ငံရေး အရ ဖြေရှင်မှ စစ်မှန်တဲ့ ပြောင်းလဲ မှု ဖြစ်ပါမယ်။ မာနယ်ပလော ကို နိုင်လို့ ကရင် တော်လှန်ရေး ပျောက်မသွား သလို၊ လိုင်ဇာ ကို ဗုံးကျဲလို့ ကေအိုင်အေ ပျောက်မသွားပါ။ ကချင်လူငယ်တွေကို ပိုစိတ်ဆွပေးရုံပဲ ရှိမှာပါ။ ကချင်လူငယ်များ ရှို့နေတဲ့ အလံဟာ ပြည်ထောင်စု အလံ မဟုတ်ပါ။ တပြည်ထောင် အလံ ကို ရှို့နေခြင်း ဖြစ်ပါတယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ဖို့ရာ နည်းလမ်း (၁၁)ဖြာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ဖို့ရာ နည်းလမ်း (၁၁)ဖြာ
အစားအသောက်တွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်သလို အိပ်စက်မှုကို နှောင့်ယှက်တဲ့ အစားအသောက်တွေလည်း ရှိနေပါတယ်။ ၁။ ထရစ်တိုဖန် ကြွယ်ဝသော အစားအစာ သဘာဝစစ်ကရတဲ့ နွားနို့ ပူပူနွေးနွေး တစ်ခွက်က သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အိပ်စက်မှုကို ကောင်းစေတဲ့ ထရစ်တိုဖန် (Tryptophan) ပါဝင်တာကြောင့်ပါ။ နို့နဲ့ နို့ထွက်ပစ္စည်းအပြင် အစေ့အဆန်၊ ငှက်ပျောသီး၊ ပျားရည်နဲ့ ဥအမျိုးမျိုးတွေမှာလည်း ထရစ်တိုဖန်များစွာ ပါဝင်တာကြောင့် အိပ်စက်မှုကို ကောင်းမွန်စေပါတယ်။ ၂။ ကာဗိုဟိုက်ဒရိတ် စားပါ ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်တဲ့ အစားအစာတွေက အိပ်ပျော်စေတဲ့ ထရစ်တို ဖန်တွေကို သွေးထဲမှာ များပြားအောင် လုပ်ဆောင်ပေးပါတယ်။ နို့၊ ကွေကာ၊ ဒိန်ချဉ်၊ ပေါင်မုန့်၊ ချိစ် စတဲ့ အစာတစ်ခုခုကို မအိပ်ခင်မှာ အနည်းငယ် စားပေးတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ၃။ အိပ်ချိန်မှာ သရေစာ အနည်းငယ်စားပါ သင်ဟာ တစ်ခါတစ်ရံမှာ အိပ်စက်မရဘဲ မျက်စိကြောင်နေတာမျိုး ကြုံတွေ့နိုင်ပါတယ်။ သရေစာ အနည်းငယ် စားပေးတာက အိပ်ပျော်သွား စေပါတယ်။ သင့်အိမ်မှာ သရေစာမုန့် အနည်းငယ် ဆောင်ထားဖို့တော့ လိုပါတယ်။ ဗိုက်ပြည့်တင်းအောင်တော့ မစားမိပါစေနဲ့။ ၄။ ဘာဂါနှင့် ဆီကြော်စာများကို ရှောင်ပါ အဆီများတဲ့ အစားအစာတွေကို ရှောင်ဖို့ လိုပါတယ်။ လေ့လာမှုအရ အဆီများတဲ့ အစားအစာတွေ စားသုံးမှုက ကိုယ်အလေးချိန်ကို တက်စေပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေတာကို တွေ့ရပါတယ်။ ၅။ ညနေခင်းတွင် ကော်ဖီမသောက်ပါနှင့် ညနေဘက်မှာ ကော်ဖီသောက်တာက အိပ်စက်မှုကို သိသိသာသာ နှောင့်ယှက် နိုင်ပါတယ်။ ကော်ဖီအပြင် ကက်ဖင်းဓာတ်ပါတဲ့ ချောကလက်၊ ကိုလာ၊ လက်ဖက်ရည်နဲ့ ကက်ဖင်းဓာတ် ဖယ်ထားတဲ့ ကော်ဖီ သောက်သုံးမှုတွေ ကိုလည်း ရှောင်ရှားဖို့ လိုပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေဖို့ အိပ်ရာမဝင်မီ လေးနာရီကနေ ခြောက်နာရီအတွင်း ကက်ဖင်း ပါတာတွေကို မသောက်မိပါစေနဲ့။ ၆။ ကက်ဖင်းဓာတ်ပါသော ဆေးများကို ရှောင်ပါ တချို့ဆေးဝါးတွေမှာ ကက်ဖင်းတွေ ပါဝင်နေတတ်ပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ကိုယ်အလေးချိန် လျှော့ချဆေး၊ ဆီးဆေးနဲ့ အအေးမိနှာစေး ပျောက်ဆေး စတဲ့ ဆေးတွေမှာ ကက်ဖင်းဓာတ်ပါဝင်တဲ့ ဆေးမျိုးတွေ ရှိနေပါတယ်။ သင့်အနေနဲ့ ဆေးသောက်မယ်ဆိုရင် ဆေးညွှန်းကို ဖတ်ကြည့် ဖို့တော့ လိုပါတယ်။ ၇။ အရက်မသောက်ပါနှင့် အရက်သောက်တာက အလျင်မြန်ဆုံး အိပ်ပျော်သွားတတ်ပေမယ့် မကြာခဏ ပြန်နိုးတတ်ပြီး အနားရစေတဲ့ အိပ်ပျော်မှုကို မရရှိတာ၊ ခေါင်းကိုက်တာ၊ ညဘက် ချွေးထွက်တာနဲ့ ကယောင်ကတမ်း ဖြစ်စေပါတယ်။ ညနေဘက်မှာ အရက်သောက်မယ် ဆိုရင် အရက်နဲ့ ညီမျှတဲ့ ရေကို သောက်ပေးဖို့ လိုပါတယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့ အတွက်တော့ အိပ်ရာမဝင်မီ လေးနာရီမှ ခြောက်နာရီအတွင်း အရက်သောက်တာကို ရှောင်ရှားဖို့ လိုပါတယ်။ ၈။ အပူအစပ် လွန်ကဲသော အစားအစာများကို အလွန်အကျွံ မစားပါနှင့် ဗိုက်တင်းအောင် ညစာစားပြီး အိပ်စက်တာက သင့်ကို သက်သောင့်သက်သာ မဖြစ်စေပါဘူး။ ဘာကြောင့်လဲဆိုတော့ အိပ်စက်နေချိန်မှာ အစာခြေ စနစ်က အလွန် နှေးကွေးတာကြောင့်ပါ။ အထူးသဖြင့် ညစာမှာ အပူအစပ် လွန်ကဲတဲ့ အစားအစာတွေကို စားထားပါက ရင်ပူတာကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ လေးနာရီလောက်ကွာပြီး ညစာစားပေးပါ။ ၉။ ပရိုတင်း လျှော့စားပါ ပရိုတင်းက သင့်တစ်နေ့တာ အတွက် မရှိမဖြစ် လိုအပ်ပေမယ့် ညအိပ်ခါနီး မှာတော့ ပရိုတင်းများစွာ မစားသုံးသင့်ပါဘူး။ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေက အစာကြေညက်မှုကို ခက်ခဲစေပါတယ်။ ညအိပ်ရာဝင် ခါနီးမှာ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးမယ့်အစား နွားနို့တစ်ခွက် သောက်တာနဲ့ ခရက်ကာ မုန့်အနည်းငယ် စားတာတွေ ပြုလုပ်ပါ။ ၁၀။ ည ၈ နာရီနောက်ပိုင်း အရည်မသောက်ပါနှင့် ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝနေဖို့အတွက် ရေသောက်ပေးဖို့ လိုအပ်တယ် ဆိုပေမယ့် ည ၈ နာရီ နောက်ပိုင်းမှာတော့ ရေနဲ့ တခြားအရည်တွေ သောက်သုံးတာကို ရပ်သင့်ပါတယ်။ အိပ်ခါနီးမှာ ရေသောက်များတာက မကြာခဏ ဆီးသွားချင်တာကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေ နိုင်တာကြောင့်ပါ။ ၁၁။ ဆေးလိပ်မသောက်ပါနှင့် ဆေးလိပ်မှာ ပါဝင်တဲ့ နစ်ကိုတင်းက လှုံ့ဆော်ပေးတဲ့ အာနိသင်ရှိပြီး ကက်ဖင်းဓာတ်နဲ့ အာနိသင် တူပါတယ်။ အိပ်ခါနီး ဆေးလိပ်သောက်တာနဲ့ ညဘက် တစ်ရေးနိုးလာတဲ့အခါ ဆေးလိပ် သောက်တာမျိုးတွေကို ရှောင်ကြဉ်ပါ။ နစ်ကိုတင်းရဲ့လှုံ့ဆော်မှုကြောင့် အိပ်မရ ဖြစ်တတ်ပါတယ်။ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်) Ref: Good Health
KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့
KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့
31 Dec 2012 KIA ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး တရုတ်နဲ့လက်တွဲရေး လုပ်ဆောင် ချက်တွေကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပါတယ်။ တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာတဲ့အတွက် KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ တရုတ်ပြည်ဘက်ကို အစောဆုံးဆုတ်ခွာသွားခဲ့ သလို ကျန်ရှိနေတဲ့ ဆွေမျိုးတွေလဲ အိမ်ထောင်စုအလိုက် တရုတ်ပြည်ဘက်ကို ပြောင်းရွှေ့နေကြပါတယ်။ KIA ခေါင်းဆောင်ပိုင်းတွေရဲ့ ဆွေမျိုး၊မိသားစုတွေအနေနဲ့ အရင်ကထဲက တရုတ်ပြည်နယ်အစိုးရနဲ့ သဘော တူညီချက်တွေရှိထားတဲ့အတိုင်း လိုင်ဇာမှာနေလို့မရတော့တဲ့အတွက် ပြောင်းရွှေ့နေကြခြင်းဖြစ်ပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ လိုင်ဇာဌာနချုပ်က အစိုးရတပ်တွေရဲ့လက်ထဲကို ကျရောက်တော့မဲ့ အခြေအနေ ဖြစ်နေပါတယ်။ KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးလဂျွန်ကတော့ ``သူတို့ KIA တွေရဲ့ လျှို့ဝှက်ချက် တွေကို ABSDF ကျောင်းသားတပ်မတော်ကနေတစ်ဆင့် စစ်တပ်က သိသွားတာဖြစ်တယ်လို့`` ပြောပါတယ်။ ``ABSDF ကျောင်းသားတပ်မတော်မှာ အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေရှိတယ်ဆိုတာ သူတို့သတိမပြုမိလို့ အခုလိုခံလိုက်ရခြင်းဖြစ်တယ်လို့`` လည်း ပြောပြပါတယ်။ KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ တရုတ်ပြည်ဘက်မှာရှိနေတဲ့ သူတို့ရဲ့ ကျောက်စိမ်းကုမ္ပဏီ တွေမှာ အရှိန်အဟုန်မပျက်ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပေမယ့် လိုင်ဇာမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့ အနာဂတ်အရေးကတော့ ဘာမှသေချာရေရာခြင်းမရှိပါဘူး။ ကျန်ခဲ့တဲ့တပ်ဖွဲ့တွေမှာ စားနပ်ရိက္ခာ၊ ငွေကြေးနဲ့ ဆေးဝါးတွေလုံလောက်မှုမရှိတဲ့အတွက် တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ တပ်ဖွဲ့ဝင်တွေ အခြေအနေကဆိုးရွားနေသလောက် တရုတ်ပြည်ဘက်မှာရောက်နေတဲ့ KIA ဆွေမျိုးတွေကတော့ အခြေအနေ မပျက် စည်းစိမ်အပြည့်နဲ့ နေနိုင်မှာပါလို့ ဆက်လက်ပြောပြပါတယ်။
ဆိုက်ကယ်ဖြင့် ဝင်တိုက်မိသူ လူငယ်ကို တပ်မတော်သား သုံးဦး ထိုးကြိတ်သဖြင့် သေဆုံး
ဆိုက်ကယ်ဖြင့် ဝင်တိုက်မိသူ လူငယ်ကို တပ်မတော်သား သုံးဦး ထိုးကြိတ်သဖြင့် သေဆုံး
ဟင်္သာတ၊ ဒီဇင်ဘာ ၂၆ ဟင်္သာတမြို့နယ် ကျုံတွမ် ကျေးရွာတွင် ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသူ အသက် ၁၆ နှစ် အရွယ် လူငယ်တစ်ဦးကို တပ်မတော်သား သုံးဦးက ထိုးကြိတ် ရိုက်နှက်သောကြောင့် ဒီဇင်ဘာလ ၂၇ ရက် ညနေ ၄နာရီတွင် သေဆုံးသွားကြောင်း သေဆုံးသူ မိသားစုဝင် ထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ သေဆုံးမှုတွင် ကျုံတွမ် ကျေးရွာ နေထိုင်သူ အသက် ၁၆ နှစ်အရွယ် မောင်သန်းထိုက်အောင်ဖြစ်ပြီး ယင်းလူငယ်မှာ ဒီဇင်ဘာလ ၁၄ ရက် ည ၈ နာရီတွင် အမှတ် (၁၈)ခြေလျင်တပ်ရင်း ရှေ့၌ လမ်းဖြတ်ကူးသူ တပ်မတော်သား တစ်ဦးကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသောကြောင့် အခြားတပ်မတော်သား သုံးဦးက ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်ကြသဖြင့် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွင် ဆေးကုရာမှ မသက်သာသဖြင့် ဒီဇင်ဘာလ ၂၆ ရက်တွင် ဟင်္သာတ ဆေးရုံမှ ရန်ကုန် ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသနေစဉ် တစ်ရက်အကြာတွင် သေဆုံးခဲ့ကြောင်း အုပ်ထိန်းသူ ဦးအောင်မင်းနိုင်က ပြောကြားသည်။ အဆိုပါ ထိုးကြိတ်သူများမှာ အမှတ်(၁၈) ခြေလျင် တပ်ရင်းတွင် တာဝန် ထမ်းဆောင်နေသည့် တပ်ကြပ်ကျော်ကျော်၊ တပ်ကြပ် လွှမ်းမိုးအောင်၊ တပ်ကြပ်ပြည့်စုံတို့ ဖြစ်ကြောင်း ဟင်္သာတမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရသည်။ ဒဏ်ရာရသူ လူငယ်၏ ဦးခေါင်းခွံနှင့် ဦးနှောက် အမြှေးကြားတွင် သွေးယိုစိမ့်မှုများ တွေ့ရှိရသဖြင့် အချိန်မီ ကုသနိုင်ရန် ရန်ကုန် ပြည်သူ့ဆေးရုံသို့ စေလွှတ်ရခြင်းဖြစ်ကြောင်း ဟင်္သာတမြို့နယ် ဆေးရုံ ဆေးရုံအုပ် ဒေါက်တာ ဦးကြည်စိုး က ပြောကြားသည်။ အဆိုပါအမှုသည် ဒီဇင်ဘာ ၁၄ ရက်နေ့ညက ဖြစ်ပွားပြီး ဒီဇင်ဘာ၂၆ ရက်နေ့တွင် လာရောက် အမှုဖွင့်ထား ကြောင်း၊ ဝိုင်းဝန်းထိုးကြိတ်သည်ဟု အစွပ်စွဲခံရသူ တပ်မတော်သား သုံးဦးကို အမှတ် (၁၈) ခြေလျင်တပ်ရင်းသို့ တရား ဝင် အကြောင်းကြားထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ အဆိုပါ တပ်မတော်သားသုံးဦး၏ ရိုက်နှက်မှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၂၆ ရက်တွင် ရဲတပ်ဖွဲ့၏ ကြေးနန်းစာ ရောက်ရှိလာပြီး တပ်ရင်းမှူးထံ တင်ပြနေသောကြောင့် ပြစ်မှု ကျူးလွန်သည်ဟု ဆိုသော တပ်မတော်သား သုံးဦးကို အရေးယူမည့် အခြေအနေကို လတ်တလောတွင် မပြောနိုင်ကြောင်း အမှတ် (၁၈)ခြေလျင် တပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသည်။ "အစ်ကိုတို့ ရှေ့မှာ မောင်သန်းထိုက်အောင် ကို ပြည့်စုံဆိုတဲ့ ရဲဘော်က စထိုးတာပါ။ ပြီးမှ တပ်ကြပ်ကျော်ကျော် က ဝင်ထိုး ပါတယ်။ မျက်နှာကို ခြေထောက်နဲ့ ကန်တာလည်း တွေ့တယ်" ဟု မျက်မြင်တွေ့ရှိသူ ကျေးရွာဒေသခံ ဦးအေးလွင်က ပြောကြားသည်။ သေဆုံးသူ မောင်သန်းထိုက်အောင်ကို အသက်လေးနှစ်သား အရွယ်ကတည်းက မွေးစားထားခြင်း ဖြစ်ကြောင်း ၄င်း၏ အုပ်ထိန်းသူထံမှ သိရသည်။ နေမင်းထက် အေးချမ်းမွန်မှ The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
မလေးရှားရောက် ရခိုင်များ အနိုင်ကျင့်သတ်ဖြတ်ခံရမှုနဲ့ပက်သက်၍ အစိုးရမှ သေချာစွာ အရေးယူဆောင်ရွက်ခြင်းမရှိသေး
မလေးရှားရောက် ရခိုင်များ အနိုင်ကျင့်သတ်ဖြတ်ခံရမှုနဲ့ပက်သက်၍ အစိုးရမှ သေချာစွာ အရေးယူဆောင်ရွက်ခြင်းမရှိသေး
ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်း၏ ဂယက်ရိုက်ခတ်မှု့ကြောင့် မလေးရှားဒေသခံများနှင့် မလေးရှားရှိ ဘင်္ဂလီမူဆလင်များထံ မလေးရှားရောက် ရခိုင်များ အနိုင်ကျင့် သတ်ဖြတ်ခံရမှုများကို မလေးရှားအာဏာပိုင်များသို့ တိုင်ကြားထားသော်လည်း ရဲအရာရှိများက ယင်းအမှုများနှင့် ပက်သက်သည့် တရားခံများကို ယခုအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရှိရသည်။ "အလုပ်က ပြန်လာချိန်မှာ သတ်ဖြတ်ခံရတာ၊ အခန်းကိုလာပြီး သတ်ဖြတ်ဖို့ကြိုးစားတာတွေ၊ ပြီးတော့ လိုင်းကားပေါ်မှာ အနိုင်ကျင့်ခံကြရတာ ကျနော်သိသလောက်ဆို ရခိုင်တိုင်းရင်းသား ၃ဦး သေဆုံးပြီး၊ ၄ဦး ဒဏ်ရာရှိထားပါတယ်။ မလေးမှာ မြန်မာနိုင်ငံသားတွေအတွက် လုံးဝလုံခြုံမှုမရှိဘူး။ ရဲအာဏာပိုင်တွေကလည်း အခုဖြစ်ပွားခဲ့တဲ့ အမှုတွေနဲ့ ပက်သက်လို့ အခုချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးတာ၊ နောက်ဒီလိုအမှုတွေ မဖြစ်အောင် တစ်စုံတစ်ရာလုပ်ဆောင်နေတာတွေ ဘာမှမရှိဘူး။ အလုပ်ခွင်ထဲမှာဆိုလည်း ကျွန်တော်တို့ကို ဘင်္ဂလီတွေ၊ မလေးတွေက မြန်မာလား၊ ရခိုင်လားဆိုပြီး လာမေးကြတယ်၊ အဲဒီတော့ သူတို့က မြန်မာတွေ၊ ရခိုင်တွေကိုဆိုရင် အနိုင်ကျင့် သတ်ဖြတ်မယ့် သဘောမှာရှိတာပေါ့။ ဒါကြောင့် အလုပ်ခွင်ထဲမှာလည်း ကျနော်တို့ အမြဲတမ်း သတိပြုပြီး စိုးရိမ်စိတ်တွေနဲ့ အလုပ်လုပ်နေရပါတယ်။"ဟု မလေးရှားရောက် ဗမာတိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုဇော်မိုးက ပြောသည်။ ကိုမင်းမင်းထွန်း ဇွန်လ ၁၁ရက်နေ့ ညနေအလုပ်က ပြန်လာချိန်တွင် သူ့အခန်းသို့ မရောက်ရှိဘဲ ယခုချိန်ထိပျောက်ဆုံးနေကြောင်း၊ မလေးရှားနိုင်ငံ ကိုတာသီဂီမြို့တွင် နေထိုင်ကြသော ကိုအောင်ဇော်မိုး၊ ကိုစိုးချေ၊ ကိုအချောက် ၃ဦးတို့မှာ ဇွန်လ ၁၁ရက်နေ့က ဘင်္ဂလီတစ်စုနှင့် မလေးရှားဒေသခံများ၏ အနိုင်ကျင့် သတ်ဖြတ်မှုကြောင့် ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြပြီး တစ်ဦးမှာ ကိုတာသီဂီ ဆေးရုံတွင် ဆေးကုသခံနေရကြောင်း၊ ဇူလိုင်လ ၁၂ရက်နေ့တွင် ကိုလင်းနိုင်ဆိုသူအား ဘင်္ဂလီများမှ ဓါးဖြင့်ခုတ်ရာ ဦးခေါင်းနောက်စည်းတွင် ဒဏ်ရာရရှိခဲ့ပြီး ကလန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ကိုစိုးနိုင်၊ ကိုကျော်သိန်းတို့ နှစ်ဦးသည် ဇူလိုင်လ ၁၈ရက်နေ့ အန်ပန်းမြို့နယ် ၁၄မိုင်တွင် ဘင်္ဂလီများနှင့် မလေးရှားဒေသခံများ၏ သတ်ဖြတ်မှုကို ခံလိုက်ရပြီး တောထဲတစ်နေရာတွင် ၄င်းတို့အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရကြောင်း၊ ဇူလိုင်လ ၂၈ရက်နေ့က လိုင်းကားပေါ်တွင် လိုက်ပါလာသော ရခိုင်များအား လိုင်းကားပေါ်မှဆွဲချကာ ရိုက်နှက်မှုများ တစ်ဘက်နှင့်တစ်ဘက် ဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။ "အခုဖြစ်ပွားခဲ့တဲ့အမှုတွေဟာ ဘင်္ဂလီတွေ မလေးရှားနိုင်ငံက လူကြမ်းတွေကို ပိုက်ဆံပေးပြီး သူတို့နဲ့ ပူပေါင်းပြီးတော့မှ အနိုင်ကျင့်သတ်ဖြတ်တာတွေပါ၊ မလေးနိုင်ငံသားတွေကိုက ဒီအမှုတွေထဲမှာ ပါဝင်နေလို့ ရဲအာဏာပိုင်တွေကလည်း လိုက်လျူရှုထားတာလို့ ကျနော်ယူဆမိပါတယ်။ မြန်မာသံရုံးလည်း ဒီအမှုတွေနဲ့ ပက်သက်ပြီးတော့ မလေးအစိုးရဆီ တရားခံတွေကို တစ်စုံတစ်ရာ အရေးယူပေးဖို့ တောင်းဆိုတာတွေလည်း ကျနော်တို့မသိရှိရဘူး။ အရင်ကတည်းက မြန်မာသံရုံးမှာ ဘာဘဲသွားပြောပြော လိုက်လံဖြေရှင်းပေးတာမရှိတော့ ကျနော်တို့အနေနဲ့လည်း ကိုယ့်နိုင်ငံသံရုံးအပေါ်မှာ ဘာမျှော်လင့်ချက်မှ မထားမိတော့ဘူးဗျာ"ဟု ကိုဇော်မိုးက ဆက်လက်ပြောကြားသည်။ မလေးရှားနိုင်ငံသည် Organisation of Islamic Cooperation အဖွဲ့ဝင် ၅၇နိုင်ငံထဲတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
၈၈ကျောင်းသားများ ကချင်ပြည်နယ်သွားမည်
၈၈ကျောင်းသားများ ကချင်ပြည်နယ်သွားမည်
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေး ဦးဆောင်သော အဖွဲ့ဝင်လေးဦး ကချင်ပြည်နယ်သို့ ဇန်န၀ါရီလ ၁ ရက်တွင် သွားရောက်မည်ဟု အဆိုပါအဖွဲ့မှ ဦးကိုကိုကြီးကပြောသည်။
ကချင်စစ်ပွဲ ငြိမ်းချမ်းရေးအတွက် အချက်အလက်များကို ရှာဖွေရန် ကချင်စစ်ဘေးဒုက္ခသည်များ၏ အခြေအနေကို သိရှိနိုင်ရန်အတွက် သွားရောက်ခြင်းဖြစ်သည်ဟု သိရသည်။
"လိုင်ဇာအထိ ရောက်အောင်သွားမယ်။ သဘောထားကြေညာချက်အပေါ် အခြေခံပြီး ဆောင်ရွက်သွားမယ်"ဟု ကိုမြအေးက ဒီဇင်ဘာ ၃၁ ရက် ကချင်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲအရှိန်အဟုန် မြင့်တက်နေခြင်းအပေါ် ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
နှစ်ဖက်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်ဆိုင်း၍ ဆွေးနွေးညှိနှိုင်းဖြေရှင်းကြရန် အလေးအနက် တိုက်တွန်းကြောင်း သဘောထား ကြေညာချက်ကို ဒီဇင်ဘာ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ 
7Day News Journal
၈၈ကျောင်းသားများ ကချင်ပြည်နယ်သွားမည် 
ရန်ကုန်- ဒီဇင်ဘာ ၃၁ 
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေး ဦးဆောင်သော အဖွဲ့ဝင်လေးဦး ကချင်ပြည်နယ်သို့ ဇန်န၀ါရီလ ၁ ရက်တွင် သွားရောက်မည်ဟု အဆိုပါအဖွဲ့မှ ဦးကိုကိုကြီးကပြောသည်။
ကချင်စစ်ပွဲ ငြိမ်းချမ်းရေးအတွက် အချက်အလက်များကို ရှာဖွေရန် ကချင်စစ်ဘေးဒုက္ခသည်များ၏ အခြေအနေကို သိရှိနိုင်ရန်အတွက် သွားရောက်ခြင်းဖြစ်သည်ဟု သိရသည်။
"လိုင်ဇာအထိ ရောက်အောင်သွားမယ်။ သဘောထားကြေညာချက်အပေါ် အခြေခံပြီး ဆောင်ရွက်သွားမယ်"ဟု ကိုမြအေးက ဒီဇင်ဘာ ၃၁ ရက် ကချင်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲအရှိန်အဟုန် မြင့်တက်နေခြင်းအပေါ် ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
 နှစ်ဖက်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်ဆိုင်း၍ ဆွေးနွေးညှိနှိုင်းဖြေရှင်းကြရန် အလေးအနက် တိုက်တွန်းကြောင်း သဘောထား ကြေညာချက်ကို ဒီဇင်ဘာ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
လေးမြို့စီိမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံများ လက်မှတ်ထိုးရန်ပြင်ဆင်
လေးမြို့စီိမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံများ လက်မှတ်ထိုးရန်ပြင်ဆင်
လေးမြို့မြစ်အတွင်း ဆောက်လုပ်
ရန် ပြုလုပ်နေသည့် ရေအားလျှပ်စစ်
 စီမံကိန်းအား ဒေသခံများက ရပ်
တန့်ပေးရန်အတွက် လက်မှတ် ရေး
ထိုးပြီး ကန့်ကွက်သွားရန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။
အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို (Shwe Taung Hydropower Co.ltd) နှင့် (China Datang Overscas Investment Co. ltd-CDOIC) တို့မှ ဆောက်လုပ်နေကြခြင်းဖြစ်ပြီး ၄င်းစီမံကိန်းကို (၂၀၀၈) ခုနှစ်က စတင်ကာ စမ်းသပ်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိစမ်းသပ်မှု ပြုလုပ်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများထဲတွင် လေးမြို့ရေအား လျှပ်စစ်စီမံကိန်းသည် ဒေသခံရခိုင်ပြည်သူများအတွက် ထိခိုက်နစ်နာမှု အများဆုံးရှိမည်ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ဒီစီမံကိန်းကို အခုလိုကန့်ကွက်မှု ပြုလုပ်ရတာဟာ ဒေသခံတွေ တော်တော်နစ်နာမှာဖြစ်တဲ့ အတွက်ပါပဲ။ ဒီမြစ်ပေါ်မှာ ဆည် တည်ဆောက်လိုက်ရင် ဒေသတွင်းနေထိုင်တဲ့ ကျေးရွာပေါင်း (၁၅၀) ကျော်ရှိတဲ့ နေရာမှာ (၇၀) ကျော်လောက်က ပြောင်းရွှေ့ ပေးရမှာဆိုတော့ ဒါဟာဘယ်လိုမှ သဘောမတူနိုင်ပါဘူး။
ပြီးတော့ ဆည်ရဲ့ အောက်ဘက်မှာရှိတဲ့ ကျေးရွာတွေကည်း ရေခမ်းခြောက်မှု ကြောင့် ဘယ်လိုမှ နေလို့ရမှာ မဟုတ်ပါဘူး။ အဲဒီ ဒေသကလူတွေက မြစ်ရေကို အားကိုးပြီးနေကြတာ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို လုပ်ရတာပါ။” ဟု လေးမြို့စီမံကိန်းအရေး ဦးဆောင်လှုပ်ရှားနေသူ ကိုဒေးဗစ်ဘူးထန်ပိုင် က Arakan Review သို့ ပြောသည်။
လေးမြို့မြစ်ပေါ်တွင် ဆည်တည်ဆောက်ခဲ့ပါက မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြသည့် ဒေသခံကျေးရွာပေါင်း (၁၅၀) ကျော် ရှိသည့် အနက်မှ ကျေးရွာပေါင်း (၇၀) ကျော်တို့မှာ ပြောင်းရွှေ့ကြရမည်ဖြစ်ကာ မြစ်ကြောင်းတလျှောက်ရှိ စီးပွားရေးလုပ်ငန်းများ မှာလည်း ပျက်စီးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြစ်အတွင်း ဆည်တည်ဆောက်မည့် နေရာများမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်း မြစ်၏ အဖျားပိုင်း မကိုနှင့် သံချောင်း အဓိက မြစ်သွယ်နှစ်ခုဆုံရာ (ကိုဖေချေ) ကျေးရွာအနီးတွင် ဆည်အမှတ် (၁) ကို တည်ဆောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း စိုင်းဒင်ကျေးရွာအနီးတွင် ဆည်အမှတ် (၂) ကို တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။
ဆည်အမှတ် (၁) မှာ အမြင့်ပေ (၅၅၈) ပေထိ တည်ဆောက်မည်ဖြစ်ပြီး မဂ္ဂဝပ် (၆၀၀) ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။ ဒေသတွင်းရှိ ကျေးရွာ (၇၀) ကျော်တို့မှာ ဆည်နှင့် မိုင်ပေါင်း (၄၀) ခန့်အကွာသို့ ပြောင်းရွှေကြရမည်ဖြစ်ကာ လေးမြို့ဒေသတွင်း နေထိုင်ကြသူများမှာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးနေကြ သူများဖြစ်သည်။
မြစ်အောက်ပိုင်းရှိ ဒေသခံများ လုပ်ကိုင် စားသောက်နေကြသည့် မြေနုကျွန်းများ၊ ဥယဉ်ခြံမြေများ၊ လယ်မြေများမှာလည်း ဆားငန်ရေ တိုးဝင်လာမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံရမည်ဖြစ်သဖြင့် စီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများ၏ သဘောထားကို နိုင်ငံတော်အစိုးရထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လေးမြို့မြစ်မှာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်မြစ်ဖြစ်သဖြင့် ယခုလှုပ်ရှားမှုတွင် ရခိုင်ပြည်နယ်မှ ဒေသခံများနှင့်ပါ ပူးပေါင်းဆာင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်ဆင့်ပြောကြားသည်။
“ဒီလှုပ်ရှားမှုမှာ ကျွန်တော်တို့ သီးသန့်လှုပ်ရှားမှုအနေနဲ့ မဟုတ်ဘဲ ရခိုင်ဒေသမှ ဒေသခံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လေးမြို့ဒေသခံတွေကို ကန့်ကွက်လက်မှတ် ထိုးခိုင်းတာကတော့ ချင်းပြည်နယ်ဘက်မှာရှိတဲ့ ကျေးရွာတွေလောက်ကိုပဲ လုပ်ရသေးတယ်။
ရခိုင်ပြည်နယ်ဘက်အတွက်က ရခိုင်တွေနဲ့ဆက်သွယ်ပြီးမှ လုပ်ရမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဒေသခံတွေ လက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတဆီကို တင်ပြတောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ”ဟုပြောပြခဲ့သည်။
အဆိုပါစီမံကိန်း ကန့်ကွက်ရေးလှုပ်ရှားမှုကို ရခိုင်ပြည်နယ် မြောက်ဦးမြိုနယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင်ကာ (၂၀၁၂) ခုနှစ်မေလအတွင်းကလည်း တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းသိရှိရသည်။
လေးမြို့စီမံကိန်းပြီးစီးပါက ရရှိမည့် ရေအားလျှပ်စစ်ဓါတ်အားကို ပြည်တွင်းသုံးစွဲရန်အတွက် မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောင်းချရန်အတွက်သာဖြစ်ကြောင်း သိရှိရပြီး စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းကို တရုတ်နိုင်ငံမှ တာဝန်ယူ ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ArakanReview
၂၂၈ နှစ်မြောက် ရခိုင်နန်းတော်ကျဆုံးခြင်း ၀မ်းနည်းဖွယ် အမှတ်တရ ညအချိန် မီးများပိတ်ထားကြမည် ဟုသိရ
၂၂၈ နှစ်မြောက် ရခိုင်နန်းတော်ကျဆုံးခြင်း ၀မ်းနည်းဖွယ် အမှတ်တရ ညအချိန် မီးများပိတ်ထားကြမည် ဟုသိရ
၂၂၈ နှစ်မြောက် ရခိုင်နန်းတော်ကျဆုံးခြင်း ၀မ်းနည်းဖွယ် အမှတ်တရ နေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ရှိသော ရခိုင်သားများက ၈း ၀၀ မှ ၈း ၁၅ မီနစ် အထိ ၁၅ မီနစ်အတွင်း မိမိတို့၏ နေအိမ်များတွင် မီးများကို မှိတ်ထားကြ မည် ဖြစ်ကြောင်းသိရသည်။ ထိုသို့ မီးမှိတ်ထားခြင်းသည် မည်သူ့ကိုမျှ မထိခိုက်သဖြင့် ရခိုင်သားတိုင်းပါဝင် ကြမည်ဖြစ်ကြောင်းလည်းသိရသည်။ From : RSV
မိုးနှင့် ထူးကဲမြစ်ရေကြောင့် မော်ကျွန်းစပါးစိုက်တောင်သူများ အခက်ကြုံ
မိုးနှင့် ထူးကဲမြစ်ရေကြောင့် မော်ကျွန်းစပါးစိုက်တောင်သူများ အခက်ကြုံ
by Myit Makha Mediagroup on 31 Dec, 2012
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်အတွင်းမှ တောင်သူလယ်သမားများမှာ စပါးပေါ်ချိန်၌  ဒုက္ခရောက်နေကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်အတွင်း စပါးပေါ်ချိန်၌ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊မြစ်အောက်ရေများ ထူးကဲစွာတိုးလာခြင်းကြောင့် ယခုကဲ့သို့ ဒုက္ခရောက်နေခြင်းဖြစ်သည်။
မြစ်အောက်ရေ ထူးကဲစွာ မြင့်တက်နေမှုကြောင့် ကောက်လှိုင်စီးများ ရေမြုပ်မှုဒဏ်ကို အလုပ်သမားရှား ပါးခြင်းကြောင့် အချိန်မှီကာကွယ်နိုင်ခြင်းမရှိဖြစ်နေကြောင်းကိုလည်း တောင်သူများထံက သိရသည်။
“အချိန်မဟုတ်မိုးကရွာတယ်၊ ရေကလည်း ထူးမြင့်နေတော့ လယ်သမားအားလုံးလိုလို ဒုက္ခရောက် နေကြတယ်” ဟု မော်ကျွန်းမြို့မှ တောင်သူ ဦးအောင်ထွန်းက ပြောသည်။
လက်ရှိအချိန်တွင် တောင်သူများမှာ အခက်အခဲများစွာကြုံတွေ့နေရပြီး၊  ပျက်စီးဆုံးရှုံးမှုများနှင့်လည်း ရင်ဆိုင်နေရကြောင်း ၄င်းက ဆက်ပြောသည်။
နောက်ဆက်တွဲပြဿနာများအနေဖြင့် စပါးများရေစိုခြင်း၊ အစိုဓါတ်များခြင်း၊ ကောက်လှိုင်းစီး ရေစိုမှုကြောင့် စပါးအရောင် ပျက်စီးမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးများကြောင့် စပါးရောင်းချရာတွင် ဈေးမရခြင်းနှင့် အစိုဓါတ်ရှိခြင်းကြောင့် ၀ယ်သူမရှိဖြစ်နေကြောင်းကိုလည်း သိရသည်။
လက်ရှိတွင် မော်ကျွန်းမြို့နယ်၌ စပါးလှမ်းကွင်းများပြုလုပ်ထားရကြောင်းကိုလည်း သိရသည်။
“ကျွန်တော်တို့ စက်ပိုင်တွေစုပြီးတော့ တောင်သူတွေရဲ့အခက်အခဲကို ကူညီတဲ့အနေနဲ့ လှမ်းကွင်းလုပ်ပြီး ထိန်းဝယ်ပေးနေတယ်” ဟု ရွေမွန်/ကောင်းမွန် စက်ပိုင်ရှင်မှ ပြောသည်။
ပုဂံ အလိုတော်ပြည့်ဗုဒ္ဓပူဇနိယပွဲတော်၌ ပထမအကြိမ်မီးပုံးပျံလွှတ်တင်
ပုဂံ အလိုတော်ပြည့်ဗုဒ္ဓပူဇနိယပွဲတော်၌ ပထမအကြိမ်မီးပုံးပျံလွှတ်တင်
ထက်အောင်ခန့် (မြစ်မခ) by Myit Makha Mediagroup on 31 Dec, 2012 ပုဂံ ညောင်ဦးမြို့ရှိ အလိုတော်ပြည့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ပထမဦးဆုံးအကြိမ်အနေဖြင့် မီးပုံးပျံလွှတ်တင်ခြင်း များကိုထည့်သွင်းကျင်းပခဲ့သည်။ “လုံးတော်ပြည့်ရွှေသင်္ကန်းကြီးကပ်တာ ဒီနှစ်မှာမှ ထူးထူးခြားခြားရွှေပြည့် သွားပါတယ်။ (၂၁) ကြိမ် မြောက်မှာ ထူးထူးခြားခြားဖြစ်တယ်။ ထူးခြားတဲ့အတွက်ကြောင့် ဒီနှစ်မှာမီးပုံးပျံပွဲကိုထည့်သွင်း ကျင်းပရခြင်း ဖြစ်ပါတယ်။” ဟု အလိုတော်ပြည့် စေတီတော်ကြီး ၏ဂေါပကဖြစ်သူ ဦးကျော်တင့် က ပြောသည်။ အလိုတော်ပြည့်ဘုရားပွဲတော်ကို နှစ်စဉ် နတ်တော်လဆန်း (၁)ရက်နေ့မှလပြည့်ကျော် (၁၅)ရက် နေ့အထိ ကျင်းပလေ့ရှိကြောင်း သိရှိရသည်။ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်သည် ၂၁ ကြိမ်မြောက်ဖြစ်ပြီးအလိုတော်ပြည့်စေတီတော်၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူပြီးစီးသည့်အထိမ်းအမှတ်ဖြင့် ပထမဦးဆုံးအကြိမ်မီးပုံးပျံလွှတ်တင်ခြင်းထည့်သွင်း ခဲ့ပြီး ယခုအကြိမ်မှစတင် ကာနောင်နှစ်များတွင်လည်း မီးပုံးပျံလွှတ်တင်ခြင်းများ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ “ဒီလိုလွှတ်တင်တာကို ညောင်ဦးသူညောင်ဦးသားတွေကမမြင်ဘူးဖူး။မမြင်ဖူးတဲ့အတွက် ဒီလို ကြည့်ရတော့ စိတ်ထဲမှာအရမ်းပျော်တာပေါ့။ဘေးကနေလက်ခုတ်တီးတယ်။ ကိုယ်တွေက ဟိုကိုသွားကြည့် မှမြင်ရမဲ့ဟာမျိုးလေ။ဒေသခံတွေအနေနဲ့ ၀မ်းသာပြီးဂုဏ်ယူရတာပေါ့”ဟု ညောင်ဦးမြို့ခံတစ်ဦးကပြောသည်။ ပွဲတော်တွင်း မီးပုံးပျံလွှတ်တင်ခြင်းအတွက် ကုန်ကျမူစရိတ်များကိုအလိုတော်ပြည့် ဘုရားအလှူထည့် ၀င်ငွေများထည်းမှ အသုံးပြုကာ တောင်ကြီးမြို့မီးပုံးပျံပညာရှင်များအဖွဲ့မှ လာရောက်လွှတ်တင်ခဲ့ပြီး လပြည့်နေညတွင်နေ့လွှတ်မီးပုံး (၃) လုံး၊ စိန်နပန် (၁)လုံး၊ လပြည့်ကျော် (၁)ရက်နေ့တွင်နေ့လွှတ် မီးပုံး (၂) လုံးနှင့် ညမီးကြီး တစ်လုံး တို့အား ညဘက်တွင်လွှတ်တင်ခဲ့သည်။ မီးပုံးပျံများ၏ ကုန်ကျစရိတ်မှာ နေ့လွှတ်မီးပုံးတစ်လုံးလျှင် ကျပ်တစ်သိန်းခွဲနှင့် ညမီးကြီး/စိန်နပန် တို့မှာ တစ်လုံးလျှင် ကျပ် သိန်း(၂၀)၀န်းကျင်ရှိကြောင်း သိရှိရသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အဓမ္မပြုမှုများအား ဆန့်ကျင်ကြ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အဓမ္မပြုမှုများအား ဆန့်ကျင်ကြ
“ ဤအမျိုးသမီးငယ်လေးသည် -
အိန္ဒိယနိုင်ငံမှ ၂၃ နှစ်အရွယ် ဆေးကျောင်း
သူလေးတစ်ဦးဖြစ်သည်။ မကြာသေးခင်
ရက်ပိုင်းအတွင်းက - ယုတ်မာရိုင်းစိုင်းသော
လူစိတ်မရှိသည့် ယောက်ျားသား ၆- ဦး၏
အဓမ္မပြုကျင့်ကာ၊ တိုက်ခိုက်ရိုက်နှက်မှုကိုပါ
ခံခဲ့ရ၍ အပြင်းအထန် ဒဏ်ရာရကာ အိန္ဒိယမှ
စင်္ကာပူဆေးရုံသို့ ပို့ဆောင်ကုပေးခဲ့ရပါတယ်။
ဒါပေမဲ့ ထိုမိန်းကလေးငယ်သည် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၊
၂၈ ရက်နေ့တွင် ရရှိသောပြင်းထန်သည့် ဒဏ်ရာများကြောင့်
စင်္ကာပူနိုင်ငံဆေးရုံတွင် ကွယ်လွန်ခဲ့သည်။
မိတ်ဆွေ -
မိမိတို့ရပ်ကွက်၊ မြို့နယ်၊ ဒေသကြီး ၊ နိုင်ငံအသီးသီး
တို့နှင့် ကမ္ဘာလောကကြီးတွင် ပေါ်ပေါက်လျှက်ရှိနေ
သောအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊
အဓမ္မပြုကျင့်မှုများအား ရပ်တန့်သွားရန် ကမ္ဘာသူ၊
ကမ္ဘာသားအားလုံးတွင် တာဝန်ရှိသည်။
သင်သည် -
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊
အဓမ္မပြုကျင့်မှုများအား ဆန့်ကျင်ရှုံချလိုသော
လူပီသသည့်စိတ်ရှိလျှင် ဤအမျိုးသမီးငယ်လေးအဖြစ်
အပျက်ကို ကရုဏာသက်မိကြောင်း “ comment ”
တစ်ခုခုကို ရေး၍ ၊ မိမိတို့ မိတ်ဆွေ၊ သူငယ်ချင်းများအား
မျှဝေ “ share ” ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )
-------------------- *----------------*-------------------
“ အိန္ဒိယနိုင်ငံမှာ အုပ်စုလိုက် အဓမ္မပြုကျင့်တာ ခံခဲ့ရတဲ့ ဆေးကျောင်း
သူလေးရဲ့ အလောင်းကို 30.12.2012(ယမန်နေ့) မှာ မိသားစုက
မြှုပ်နှံသဂြုင်္ိဟ်တဲ့ အခမ်းအနား သီးသန့် ကျင်းပခဲ့ပါတယ်။
ဒီ ဆေးကျောင်းသူလေး အဓမ္မ ပြုကျင့်ခံရမှုနဲ့ သေဆုံးခဲ့တာ အတွက်
အိန္ဒိယ နိုင်ငံတလွှား ၀မ်းနည်းပူဆွေးမှုတွေနဲ့ ဒေါသတွေထွက်ခဲ့ကြပါတယ်။
သူမဟာ စင်ကာပူ ဆေးရုံမှာ စနေနေ့က သေဆုံးသွားခဲ့ပြီး အိန္ဒိယနိုင်ငံကို
လေယာဉ်နဲ့ အလောင်းပြန်ပြီး သယ်လာခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့
ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ လက်ရှိ အာဏာရ ကွန်ဂရက်ပါတီ အကြီးအကဲ
ဆိုနီယာဂန္ဒီ တို့ဟာ တနင်္ဂနွေနေ့ အစောပိုင်းတုန်းက ပြန်လည် ရောက်ရှိ
လာတဲ့ သူမရဲ့ အလောင်းကို လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ကြပြီး
ကျန်ရစ်သူ မိသားစုနဲ့ တွေ့ဆုံခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူလေးဟာ အဓမ္မ ပြုကျင့်ခံခဲ့ရပြီး
အတိုက်အခိုက်ပါ ခံခဲ့ရတဲ့ ဒဏ်ရာကြောင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း
တွေမှာ ဒဏ်ရာ အကြီးအကျယ် ရခဲ့ပြီး ဦးနှောက်မှာပါ ထိခိုက်မှု ရှိခဲ့တာမို့
ဆေးကုသမှု ခံယူဖို့ စင်ကာပူ ဆေးရုံကို သွားရောက်ခဲ့တာပါ။
သူမရဲ့ သေဆုံးမှုအတွက် အိန္ဒိယ အာဏာပိုင်တွေက လူ ၆ ဦးကို
လူသတ်မှုနဲ့ စွဲချက် တင်ခဲ့ပါတယ်။ သူတို့ဟာ ဒီလို ကျူးလွန်ခဲ့တာ
မှန်ကန်ကြောင်း သေချာရင် သေဒဏ်ပြစ်ဒဏ် ကျခံရဖို့ ရှိတယ်လို့လည်း
ရဲတွေက ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကလည်း
သေဆုံးသူ မိန်းကလေးရဲ့ မိသားစုဝင်တွေဆီ ၀မ်းနည်းကြောင်း
သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး -
“ အခုလို အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေကို
လုံးဝ လက်မခံသလို ဒီ ပြစ်မှုကျူးလွန်သူတွေကို ဘယ်တော့မှ
ခွင့်လွှတ် သည်းခံမှာ မဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ ”
- ( ဗွီအိုအေ သတင်းဋ္ဌာန )
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား ဆေးရုံတင်ထား
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား ဆေးရုံတင်ထား
နယူးယောက်၊ ဒီဇင်ဘာ-၃၁ ဦးခေါင်းကို ထိခိုက်မိရာမှတစ်ဆင့် သွေးခဲမှုဖြစ်နေ၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအား ဆေးရုံတင်ထားရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။ မစ္စစ်ဟီလာရီကလင်တန်အား နယူးယောက်မြို့ Resbyterian Hospital သွေးခဲမှုကို သက်သာစေမည့် ဆေးဝါးများဖြင့် ကုသနေသည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအကြံပေး မစ္စတာဖိလစ်ရိုင်းနက်စ်က ပြောကြားသည်။ သူမအား ဆေးရုံတွင် ၄၈ နာရီကြာ စောင့်ကြည့်ကုသသွားမည်ဟု ၄င်းကဆက်လက်ပြောကြားသည်။ ''ဆရာဝန်တွေက သူ့အခြေအနေကို ဆက်ပြီးစောင့်ကြပ်ကြည့်ရှုနေပါတယ်။ အဲဒီလို ကြည့်ရှုတဲ့အထဲမှာ ဦးခေါင်းထိခိုက်မှုကြောင့် တခြားပြဿနာတွေရှိသေးလားဆိုတာတွေလည်းပါဝင်ပါတယ်။ အခြားကုသမှုပုံစံလိုအပ်သေးလားဆိုတာကို ဆရာဝန်တွေက ဆုံးဖြတ်သွားပါမယ်" ဟု မစ္စတာ ဖိလစ်ကပြောသည်။ ယခုလ အစောပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဦးခေါင်းထိခိုက်မှုကို နောက်ဆက်တွဲကြည့်ရှုစစ်ဆေးရာမှ သွေးခဲမှုဖြစ်ပေါ်နေသည်ကို ဆရာဝန်များက တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက စီအင်န်အင်န်အား ပြောကြားသည်။ ယခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးရာထူးမှ ဆင်းပေးမည့် မစ္စစ်ဟီလာရီကလင်တန် ၆၅ နှစ်သည် ၀မ်းဗိုက်ဗိုင်းရပ်စ်တစ်မျိုးကြောင့် ရေဓာတ်ခမ်းခြောက်မှုဖြစ်ပေါ်ပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ -UPI
ဒီဇင်ဘာ ၃၁ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း
ဒီဇင်ဘာ ၃၁ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း
ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၇ ကျပ် သတ်မှတ်ကြောင်း သိရသည်။ ထို့အပြင် Cross Exchange Rate အရ တစ်ယူရို - ၁၁၃၄.၀ ကျပ်၊ စင်္ကာပူ တစ်ဒေါ်လာ - ၇၀၁.၃၄ ကျပ်၊ စတာလင်ပေါင် တစ်ပေါင် - ၁၃၈၅.၄ ကျပ်၊ ဂျပန်ယန်း တစ်ရာ - ၉၉၇.၆၁ ကျပ်၊ သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၈၉၁.၃၂ ကျပ်၊ တရုတ်ယွမ် တစ်ယွမ် - ၁၃၇.၅၂ ကျပ်၊ အိနိ္ဒယရူပီး တစ်ရူပီး - ၁၅.၆၅၄ ကျပ်၊ ကိုရီးယားဝမ် တစ်ရာ -၈၀.၂၉၂ ကျပ်၊ မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၂၇၉.၈၄ ကျပ် ထိုင်းဘတ် တစ်ဘတ် - ၂၈.၀၁၁ ကျပ် သတ်မှတ်သည်။
ကားဖြင့် ငွေလွှဲ၊ ငွေပို့ စိတ်မချရတော
ကားဖြင့် ငွေလွှဲ၊ ငွေပို့ စိတ်မချရတော
ဒီဇင်ဘာ ၃၁
မုံရွာ - နေပြည်တော် - ရန်ကုန် သို့ နေ့စဉ်ပြေးဆွဲလျက်ရှိသော မိုးကောင်းကင် ခရီးသည်တင် ကားအသင်းကြီးသည် ငွေလွှဲ၊
ငွေပို့ ၀န်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ ငွေလွှဲပိုက်ဆန်များအား ဖွင့်ဖောက် ခိုးယူတတ်သည့် အခြေအနေတစ်ရ့ပ်ကြောင့်
ယုံကြည်စိတ်ချမှု ပျက်ပြယ်လျက်ရှိသော အကျင့်ကားအသင်းဖြစ်ကြောင်း ငွေလွှဲပိုက်ဆန်များအား ဖွင့်ဖောက်ခိုးယူခြင်းခံရသူတစ်ဦးက ပြောပါတယ်။
“ အရေးကြီးလို့ ပိုက်ဆန်နှစ်သိန်းလွှဲပေးလိုက်တာကို ဟိုရောက်တော့ ပိုက်ဆန်က ကိုးထောင်ကျပ်ပဲ ပါတယ်လို့ ပြောတယ်။ ဂိတ်က တာဝန်ခံပြီးလုပ်တဲ့ကိစ္စဖြစ်ပေမဲ့ အခုလိုပြဿနာတက်လာတဲ့အခါကျတော့ ဘာမှတာဝန်မခံဘူး။
ဘယ်လိုလုပ်ပြီး အဲ့ဒီကားအသင်းကို ယုံ ကြည်စိတ်ချလို့ရတော့မှာလည်.. အရမ်းကိုနစ်နာရပါတယ်”ဟု ငွေလွှဲပေးပို့သူ ကပြောပြပါတယ်။
၂၃.၁၂.၂၀၁၂ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်က မုံရွာမှ ရန်ကုန်သို့
ထွက်ခွာပြေးဆွဲမည့် မိုးကောင်းကင် ကားအသင်း ယာဉ်အမှတ် ၅ဃ/ ၂၈၉၅ ယာဉ်မောင်း ဦးကျော်ဆင့် တာဝန်ခံ၍ ငွေလွှဲပို့ဆောင်ရာမှ ယင်းကဲသို့သော လွှဲများ ဖွင့်ဖောက်ခိုးယူခံရခြင်းဖြစ်သည်ဟု သိရှိရပါတယ်။
မုံရွာတိုင်း
ယနေ့နံနက် ၈ နာရီ ၃၀ အချိန်ခန့်က လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းတွင် ယာဉ်တိုက်မှုဖြစ်
ယနေ့နံနက် ၈ နာရီ ၃၀ အချိန်ခန့်က လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းတွင် ယာဉ်တိုက်မှုဖြစ်
ယနေ့နံနက် ၈ နာရီ ၃၀ အချိန်ခန့်က လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းတွင် ၂၂၆ ယာဉ်လိုင်းမှခရီးသည်တင်ယာဉ်သည် လမ်းဘေးတွင်ရပ်ထားသော ကိုယ်ပိုင်ယာဉ် ၆ စီးကို ၀င်တိုက်မိရာမှ လူ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်နှင့် လမ်းလျှောက်နေသောလူအပါအ၀င် ၈ ဦးဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟုဆိုသည်။ ၂၂၆ ယာဉ်မှယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို လမ်းမတော်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ-ထက်ပိုင်ဖြိုး(ဇ၀န)
ရခိုင်လူမျိုးတို့၏နိုင်ငံရေးဆုံးရှုံးခြင်း
ရခိုင်လူမျိုးတို့၏နိုင်ငံရေးဆုံးရှုံးခြင်း
ရခိုင်လူမျိုးသည် နှစ်ပရိစ္ဆေဓ ကြာမြင့်စွာ ကိုယ့်ထီးကို့နန်းနှင့် နေလာခဲ့သော လူမျိုးဖြစ် လျှက် အဘယ်ကြောင့် လူမသိ သူမသိ ဖြစ်သွားရသနည်း။ အဖြေမှာ နိုင်ငံရေးဖျောက်ဖျက် ခံရသောကြောင့်ပင် ဖြစ်သည်။ ရခိုင်နှင့် ဆက်ဆံသော အဓိက နိုင်ငံနှစ်ခုမှာ ဗမာနှင့် အိန္ဒိယ တို့ဖြစ်သည်။ ဗမာနိုင်ငံထက် အိန္ဒိယနှင့် ဆက်ဆံမှု ပိုများခဲ့သည်။ ဟိန္ဒု အယူဝါဒ ယစ်နတ် ပူဇော်ခြင်း ဓလေ့မှ ဗုဒ္ဓအယူဝါဒသို့ ကူးပြောင်းပြီးနောက် ရခိုင်နှင့် အိန္ဒယသည် တသီးတခြား ယဉ်ကျေးမှု ဖြစ်ပေါ်လာသည်။ ဟိန္ဒုအနွယ် သာဂီမျိုးမှ ဆင်းသက်လာသော ရခိုင်သားတို့ သည် ဇာတ်ခွဲခြားရေးစနစ်ကို ဖယ်ထုတ်၍ ဗုဒ္ဓအယူဝါဒအတိုင်း ဇာတ်မခွဲခြားဘဲ အေးအတူ ပူအမျှ နိုင်ငံ၏ အာဏါ အကျိုးကျေးဇူးကို ခံစားခဲ့ကြသည်။ ဟိန္ဒူတို့၏ ဇာတ်ခွဲခြားရေး စနစ်နှင့် မသက်ဆိုင်သော ဗုဒ္ဓအယူဝါဒ ရှိသည့် ရခိုင်လူမျိုးတို့ကို ဟိန္ဒုတို့က ရှိသည်ဟူ၍လည်းမထင် မရှိဟူ၍လည်း မထင် ဖါသိဖာသာ နေလာခဲ့သည်။ ရခိုင်ဘုရင်တို့ ဗုဒ္ဓဂါယာကို ဘုရားဖူး သွားလျှင်လည်း ရန်မမူဘဲ ဖါသိဖါသာ နေခဲ့ကြသည်။ နိုင်ငံတခုနှင့် နိုင်ငံတခုသည် အကျိုးစီး ပွားမတူညီဘဲနှင့် အကျိုးတူ စီးပွားတူ ဘာသာတူ မှတ်တမ်းတင်ရန်မှာ မဖြစ်နိုင်ပေ။
ဗမာသည် အိန္ဒိယနိုင်ငံထက် ရခိုင်တို့၏ အကျိုးစီးပွားကို မနာလို မရှုစိမ့်သော နိုင်ငံ ဖြစ်သည် အိမ်နီးနားချင်း ဖြစ်ပါလျှက် ခေတ်အဆက်ဆက် ၀င်ရောက်တိုက်ခိုက် ကျူးကျော် ခဲ့သည်။ စကါးနိုင်လု၍ မုသ၀ါဒ ဆိုခဲ့သော လူမျိုးဖြစ်သည်။ (စည်းတပစ်အမတ်ကိုရှုပါ)
အရင်းရှင်ခေတ်ဦး ရီနေဆန်ခေတ်တွင် မြောက်ဦးမြို့သည် အရှေ့တောင် အာရှတွင် ကျွှန်ကုန်ကူးရာ အဓိကမြို့ဖြစ်ခဲ့သည်။ ပေါ်တူဂီ ဒပ်ချဲ့(နယ်သာလင်) အီတလီ အင်္ဂလန် စပိန် အာရပ် ပြင်သစ် စသော နိုင်ငံနှင့် လူမျိုးတို့၏ ကျွှန်ကုန်ကူးရာ မြို့ဖြစ်ခဲ့သည်။ ရခိုင်ဘုရင်သည် မိမိကိုယ် တိုင်မလုပ်ဘဲ ဥရောပ သားတို့ကို ကျွှန်ကုန်ကူးရန် ခွင့်ပြုခဲ့သည်။ ဥရောပ သားတို့ သည် မြောက်ဦးမြို့မှနေ၍ စူမတြာ ဂျာဗား စသော အရှေ့ဖျားတခွင်သို့ ကျွှန်ကုန်ကူး ခဲ့ကြ သည်။ ယခုအခါ ထိုနိုင်ငံတို့သည် မိမိအကျိုးစီးပွား မရှိသော နိုင်ငံပျက်တခုအတွက် မည်သို့မျှ အလေးထားသည်ကို မတွေ့ရတော့ပေ။
အော်တိုမန် အင်ပါယာ၏ မူဆလင်ဝါဒ ချဲ့ထွင်ရေး စစ်ပွဲတွင် အာဖရိကတိုက် နှင့် အာရှမိုင်းနားဒေသ အပြင် အီတလီနိုင်ငံ ကွန်စတန်တီနိုပယ်မြို့ထိ မူဆလင် အင်ပါယာ လက်အောက်သို့ ကျရောက်သွားလေသည်။ ထိုအခါမှ ဥရောပ ခရိယန်တို့ နိုးထလာကြပြီး ပြင်သစ် ဂျာမဏီ အီတလီ တို့စုပေါင်းပြီးလျှင် မူဆလင် အင်ပါယာ ချဲ့ထွင်လာမှုကို တားဆီး နိုင်ခဲ့ ကြသည်။ ဂရူးဆိတ် စစ်ပွဲကိုဆင်နွဲ၍ အောင်ပွဲခံ မှတ်တမ်းတင်ခဲ့ကြသည်။ ဂုဏ်ယူ ၀င့်ကြွား၍ အောင်ပွဲခံခဲ့ကြသည်။ ကမ္ဘာတခုလုံးသိအောင် ပြုလုပ်နိုင်ခဲ့ကြသည်။
အာရှအရှေ့ဘက်သို့ နယ်ချဲ့လာသော မဂိုတို့၏ မူဆလင် ဘာသာ ချဲ့ထွင်ရေးစစ်ပွဲတွင် အာဖဂန်နစ္စတန်မှ စ၍ ပါကစ္စတန် ကျပြီးနောက် အန္ဒိယနိုင်ငံ တခုလုံးကို သိမ်းယူ သွား လေသည်။ အိန္ဒိယနိုင်ငံကို မူဆလင်ဘာသာဝင် မဂိုဘုရင်တို့ အုပ်ချုပ်သည့် အချိန်မှစ၍ မောက်သူဇာမှ မော်တင်စွန်းထိ ရှိသော ရခိုင်အင်ပါယာကို မကြာခဏ ၀င်ရောက်တိုက်ခိုက်၍ အားစမ်းနေခဲ့သည် ။ရခိုင်တို့၏ အားအနဲဆုံးအချိန် တတိယ မြောက်ဦးခေတ် အေဒီ ၁၆၆၆ ခုနှစ်တွင် ဒါကါ နှင့် စစ်တကေါင်း မြို့ကို မဂိုတို့ သိမ်းယူသွားလေသည်။ မူဆလင်တို့၏ စစ်ဦးသည်လည်း စစ်တကေါင်းမြို့ အရှေ့ကမ်းကို မကျော်နိုင်ဘဲ အဆုံးသတ် သွားလေသည်။ ဤသို့အရေး ကြီးသော အကြောင်းအရာပေါင်း များစွာမှတ်တမ်းတင် မခံရခြင်းသည် နိုင်ငံရေး ဆုံးရှုံးခြင်း ကြောင့်ဖြစ်လေသည်။ ဤအဖြစ်အပျက်များသည် နိုင်ငံတခုမရှိ၍ နိုင်ငံရေး ဆုံးရှုံးခြင်းကြောင့် မှတ်တမ်းတင်မခံရသော ဖြစ်ရပ်များဖြစ် လေသည်။ အချုပ်ဆိုရလျှင် ရခိုင် သားတို့၏ ရိုးသားသော နိုင်ငံရေးခံယူချက်သည် ကမ္ဘာ့အလယ်တွင် မည်သို့မျှ အရာ မရောက် ခဲ့သည်မှာ ထင်ရှား လေသည်။
တောင်ကုတ်ဒေသ ကောလိပ်ကျောင်း ဒီဇင်ဘာ (၃၁) ရက်နေ့တွင် စတင်လည်ပတ်တော့မည်
တောင်ကုတ်ဒေသ ကောလိပ်ကျောင်း ဒီဇင်ဘာ (၃၁) ရက်နေ့တွင် စတင်လည်ပတ်တော့မည်
၂၀၁၁ ခုနှစ် ဇူလိုင်လ (၈)ရက်နေ့က စတင်တည်ဆောက်ခဲ့သည့် တောင်ကုတ်ဒေသ ကောလိပ်ကျောင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် စတင်လည်ပတ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
" ကျောင်းဆောက်လုပ်မယ့် ညွှန်ကြားချက်အမိန့် လက်ခံရရှိတာ နည်းနည်းနောက်ကျတော့ ဒီနှစ်မကုန်ခင် ကောလိပ်ကျောင်း ပြီးစီးအောင် အားတိုက်အင်တိုက်ကြိုးစား ဆောက်လုပ်နေကြပါတယ်။ ဒီဇင်ဘာ (၃၁)ရက် နေ့မှာ စတင်ဖွင့်လှစ် လည်ပတ်တော့မှာပါ။ ဒီကောလိပ်ကျောင်း မဖွင့်ခင်ကတည်းကပင် တောင်ကုတ်မြို့ အ.ထ.က ကျောင်းမှာ ဒီဇင်ဘာလ (၁)ရက်နေ့ ကတည်းက ပထမနှစ် ကောလိပ်ကျောင်းသားတွေကို လက်ခံပြီးတော့ ယာယီစတင်လည်ပတ်နေခဲ့ပါတယ်။ ကောလိပ်ကျောင်း အုပ်ချုပ်ရေးပိုင်းမှာ ကျောင်းအုပ် ပါမေက္ခချုပ်အပါအ၀င် ရုံးအုပ်ထိတစ်ဆယ့်နှစ်(၁၂)ယောက်၊ ကောလိပ်ကျောင်းဆရာ၊ ဆရာမ ငါးဆယ့်ခုနှစ်(၅၇)ယောက်နှင့် လောလောဆဲ ကောလိပ်ကျောင်းသား/ကျောင်းသူ (၄၇၇)ယောက် တက်ရောက်သင်ကြားနေပါတယ်။ ဒီဇင်ဘာ (၃၁)ရက်နေ့ ဆိုရင်တော့ ကောလိပ်ကျောင်းသို့ ပြောင်းရွေ့နိုင်ပါပြီ။ " ဟု တောင်ကုတ်ဒေသ ကောလိပ်ကျောင်း တည်ဆောက်ရေးတာဝန်ခံ ဦးကျောက်တောင်က အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
တောင်ကုတ်ဒေသ ကောလိပ်ကျောင်း၏ ကျောင်းအုပ် ပါမေက္ခချုပ်မှာ ဒေါက်တာ သာထွန်းမောင်ဖြစ်ပြီး ၄င်းမှာ ဗွီအိုအေ အမေရိကန်မြန်မာပိုင်း အစီအစဉ်တွင် တာဝန်ထမ်းဆောင်နေသော ဦးကျော်ဇံသာ၏ ညီဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ကျောင်းသားသမဂ္ဂမှ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲတွင် အစိုးရထံသို့ တင်ပြတောင်းဆိုခဲ့သော အချက် (၅)ချက်အနက် နံပါတ် (၂)အချက်ဖြစ်သည့် တောင်ကုတ်မြို့နယ် ဒေသကောလိပ်အား စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်အချက်နဲ့ ပတ်သက်၍
" ဒီရခိုင်ကျောင်းသားသမဂ္ဂက ကျောင်းသားခေါင်းဆောင်တွေ မကြာခင်သေးခင်က ကျနော်တို့ ဆီကိုရောက်လာပြီးတော့ အကျေအလည်ဆွေးနွေး ညှိနှိုင်းခဲ့ကြပါတယ်။ ကျနော်တို့ဖက်က ဒီကောလိပ်ကျောင်း ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ တောင်ကုတ်မြို့နယ် ဒေသခံတွေရဲ့ သဘောထားကို သေသေချာချာနားလည် သဘောပေါက်အောင် ရှင်းပြလိုက်ပါတယ်။ ဒီကျောင်းသားလေးတွေ နားလည်သဘောပေါက်သွားပြီး သူတို့ရဲ့တောင်းဆိုချက်ကိုလည်း ပြန်လည်ရုပ်သိမ်းပေးပါ့မယ်လို့ ကတိပေးသွားပါတယ်။ ဒီတောင်ကုတ်ဒေသ ကောလိပ်ကျောင်း ဆောက်လုပ်ခွင့် အမိန့်ညွှန်ကြားချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီးတော့ ကျနော်တို့ကို ခွင့်ပြုထားတာဖြစ်ပါတယ်။ ကောလိပ်ကျောင်းကို စီးပွားရေး တက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ဖို့ပဲဖြစ်ဖြစ် ရပ်စဲဖို့ပဲပဲ ပြည်သူ့လွှတ်တော်ကသာ ပြောင်းလဲရပ်စဲလို့ ရမှာဖြစ်ပါတယ်။ " ဟု ဦးကျောက်တောင်မှ အာရ်ကန်တိုင်းမ်စ်သို့ ရှင်းလင်း ပြောကြားသွားခဲ့သည်။
NLD ရှိုးပွဲ တွင် မျိုးကြီးမှ "နားနားပြီး ပြော မောမယ်" သီချင်း ဆိုသဖြင့် ဒေါ်စု နှင့် ပါတီဝင်များ ဒေါသထွက်
NLD ရှိုးပွဲ တွင် မျိုးကြီးမှ "နားနားပြီး ပြော မောမယ်" သီချင်း ဆိုသဖြင့် ဒေါ်စု နှင့် ပါတီဝင်များ ဒေါသထွက်
NLD ရှိုးပွဲ တွင် မျိုးကြီးမှ "နားနားပြီး ပြော မောမယ်" သီချင်း ဆိုသဖြင့် ဒေါ်စု နှင့် ပါတီဝင်များ ဒေါသထွက်
18:40  Myanmar Express Group  11 comments
NLD ရှိုးပွဲ တွင် မျိုးကြီးမှ "နားနားပြီး ပြော မောမယ်" သီချင်း ဆိုသဖြင့် ဒေါ်စု နှင့် ပါတီဝင်များ ဒေါသထွက် ခဲ့ကြကြောင်း သတင်းရရှိသည်။ ပထမအကြိမ် NLD ဈေးရောင်းပွဲတွင် IC အဖွဲ့အား ပါဝင် သီဆိုရန် ကမ်းလှမ်းခဲ့သော်လည်း IC တစ်ဖွဲ့လုံးမှ သီဆိုရန် ငြင်းဆန်ခဲ့ပြီး ယခု ဒုတိယအကြိမ်တွင်တော့ မျိုးကြီးမှ "နားနားပြီးပြော" သီချင်း သီဆိုခဲ့ပြီး၊ လေးဖြူ မှ "အရေးမကြီးဘူး" သီချင်း သီဆိုခဲ့သည်။
မျိုးကြီး၏ "နားနားပြီးပြော မောမယ်" ဆိုသည့် သီချင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များအားလုံး ဒေါသအကြီးအကြယ်ထွက်ခဲ့ကြောင်း သိရပြီး ဒေါ်အောင်ဆန်းစုကြည် သွေးတက်လာသဖြင့် မိသားစု ဆရာဝန် နှင့် ပြသလျှက်ရှိကြောင်း သိရသည်။
မျိုးကြီး၏ သီချင်းထဲတွင်  
"ဒီပုပ် နှင့် ဒီပဲ အဟုတ်ထင် လက်ခုပ်တီးနေကြောင်း"
"ဟိုအပြစ်တင် ဒီအပြစ်တင်နှင့် ကမ္ဘာနှင့် ချီပြောနေကြောင်း"
"ဂျာနယ်မျက်နှာဖုံးများတွင် ပါရှိနေကြောင်း"
 "နေရာတကာ ပါနေပြီး စကားလုံးများက ထပ်ကာ မဲပြား ပုဆိုးဖြစ်နေကြောင်း"
"အားလုံးကြားသဖြင့် တိုးတိုးပြောသင့်ကြောင်း"
"မောမည်ဆိုးသဖြင့် နားနားပြီးပြောသင့်ကြောင်း"
စသည့် စာသားများ ပါဝင်သည်။
  Myanmar Express Group
NLD ရှိုးပွဲ တွင် မျိုးကြီးမှ "နားနားပြီး ပြော မောမယ်" သီချင်း ဆိုသဖြင့် ဒေါ်စု နှင့် ပါတီဝင်များ ဒေါသထွက် ခဲ့ကြကြောင်း သတင်းရရှိသည်။ ပထမအကြိမ် NLD ဈေးရောင်းပွဲတွင် IC အဖွဲ့အား ပါဝင် သီဆိုရန် ကမ်းလှမ်းခဲ့သော်လည်း IC တစ်ဖွဲ့လုံးမှ သီဆိုရန် ငြင်းဆန်ခဲ့ပြီး ယခု ဒုတိယအကြိမ်တွင်တော့ မျိုးကြီးမှ "နားနားပြီးပြော" သီချင်း သီဆိုခဲ့ပြီး၊ လေးဖြူ မှ "အရေးမကြီးဘူး" သီချင်း သီဆိုခဲ့သည်။
မျိုးကြီး၏ "နားနားပြီးပြော မောမယ်" ဆိုသည့် သီချင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များအားလုံး ဒေါသအကြီးအကြယ်ထွက်ခဲ့ကြောင်း သိရပြီး ဒေါ်အောင်ဆန်းစုကြည် သွေးတက်လာသဖြင့် မိသားစု ဆရာဝန် နှင့် ပြသလျှက်ရှိကြောင်း သိရသည်။
မျိုးကြီး၏ သီချင်းထဲတွင်
"ဒီပုပ် နှင့် ဒီပဲ အဟုတ်ထင် လက်ခုပ်တီးနေကြောင်း"
"ဟိုအပြစ်တင် ဒီအပြစ်တင်နှင့် ကမ္ဘာနှင့် ချီပြောနေကြောင်း"
"ဂျာနယ်မျက်နှာဖုံးများတွင် ပါရှိနေကြောင်း"
"နေရာတကာ ပါနေပြီး စကားလုံးများက ထပ်ကာ မဲပြား ပုဆိုးဖြစ်နေကြောင်း"
"အားလုံးကြားသဖြင့် တိုးတိုးပြောသင့်ကြောင်း"
"မောမည်ဆိုးသဖြင့် နားနားပြီးပြောသင့်ကြောင်း"
စသည့် စာသားများ ပါဝင်သည်။
ဆီးရီးယားပဋိပက္ခ လူသိန်းချီ သေဆုံးနိုင်
ဆီးရီးယားပဋိပက္ခ လူသိန်းချီ သေဆုံးနိုင်
ဆီးရီးယားနိုင်ငံမှာ ၂၁ လကြာ ဖြစ်
ပွားနေတဲ့ အဓိကရုဏ်းတွေ ရပ်
သွားအောင် ဆီးရီးယား အစိုးရကိုရော၊
အတိုက်အခံ သူပုန်တွေကိုပါ ညှိနှိုင်း
ဖို့အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ဖိအားမပေးနိုင်ဘူးဆိုရင် လာမယ့်နှစ်ထဲမှာ ဆီးရီးယား နိုင်ငံအတွက် လူပေါင်း တသိန်းလောက်အထိ သေဆုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ ငြိမ်းချမ်းရေး သံတမန် Lakhdar Brahimi က သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ဂျနီဗာမှာ ချပြခဲ့တဲ့ ကမ္ဘာနဲ့ ဒေသတွင်း အင်အားကြီး နိုင်ငံတွေက လက်ခံခဲ့တဲ့ အစီအစဉ်ကို ဖြစ်မြောက်အောင် အတွက် သံတမန်နည်းလမ်းနဲ့ သူဟာ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပေမဲ့ ဆီးရီးယား အစိုးရဘက်ကရော၊ အတိုက်အခံတွေ ဘက်ကပါ ဆွေးနွေးဖို့ အတွက် ငြင်းဆန်နေတယ်လို့ မစ္စတာ Brahimi က တနင်္ဂနွေနေ့က ပြောကြားခဲ့တာပါ။
 ဆီးရီးယား ပြဿနာကို ငြိမ်းချမ်းရေး အစီအစဉ်အပေါ်မှာ အခြေခံပြီး ပြည်တွင်း ဆွေးနွေးမှုတွေ စတင်လာစေဖို့အတွက် ပြည်ပက အကူအညီတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။
ဆီးရီးယားနိုင်ငံမှာ အခုလို ပြည်တွင်းစစ် ဆက်ပြီး ဖြစ်နေမယ်ဆိုရင် ဆိုမားလီးယား နိုင်ငံမှာလို လက်နက်ကိုင် ခေါင်းဆောင်တွေ သီးသန့်ခွဲပြီး အုပ်ချုပ်တဲ့ ပုံစံမျိုး ဖြစ်လာမယ်လို့ အယ်လ်ဂျီးရီးယား နိုင်ငံက သတိပေးလိုက်ပါတယ်။
ဂျနီဗာ ငြိမ်းချမ်းရေး သဘောတူညီမှု အစီအစဉ်ထဲမှာ ဆီးရီးယားမှာ အပစ်အခတ်တွေ ရပ်စဲပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ ယာယီ အစိုးရ တရပ်ကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲ အသစ် ကျင်းပဖို့ပါ ပါဝင်ပါတယ်။ အဲဒီအထဲမှာ လက်ရှိသမ္မတ ဘက်ရှာအယ်လ် အာဆတ်ကို ဖြုတ်ချဖို့ လုံးဝ မပါဝင်ပါဘူး။ ဒါဟာ ဆွေးနွေးပွဲ မဖြစ်မြောက်စေတဲ့ အကြောင်းရင်းတခု ဖြစ်ပုံရပါတယ်။
 သူပုန်တွေဘက်က မစ္စတာ အာဆတ် နှုတ်ထွက်ပြီး တိုင်းပြည်ကနေ ထွက်ခွာသွားဖို့ တောင်းဆိုနေသလို သမ္မတ အာဆတ်ကလည်း သူပုန်တွေဟာ နိုင်ငံခြားက အထောက်အကူ ပေးနေတဲ့ အကြမ်းဖက် သမားတွေလို့ သတ်မှတ်နေတာပါ။
  VOA (မြန်မာပိုင်း)
 ဆီးရီးယားအရေး နိုင်ငံတကာ ငြိမ်းချမ်းရေး သံတမန် Lakhdar Brahimi ဒမတ်စကက်ဟိုတယ်မှာ သတင်းသမားများနှင့် တွေ့ဆုံစဉ်။ (
ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် ထုတ်ဝေဖို့ပြင်ဆင်
ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် ထုတ်ဝေဖို့ပြင်ဆင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေနေတဲ့ ဒီလှိုင်းဂျာနယ်ကို နေ့စဉ်ထုတ်သတင်းစာအဖြစ် ထုတ်ဝေတော့မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာကျင်းပတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ ပုလဲသီရိတိုက်ခန်းက ဒီလှိုင်းဂျာနယ် ရုံးခန်းဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီလှိုင်းဂျာနယ် သတင်းစာထုတ်တဲ့ အခါမှာ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်တယ်လို့အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
အပတ်စဉ်ထုတ် ဒီလှိုင်းဂျာနယ် ထုတ်ဝေတဲ့ တစ်နှစ်ပြည့်ခါနီးမှာ ပုဂ္ဂလိကသတင်းစာတွေကို အစိုးရက ထုတ်ဝေခွင့် ပေးတာကြောင့် အခုလို ထုတ်ဝေဖို့ စီစဉ်တာလို့ သိရပါတယ်။
ဒီလှိုင်းဂျာနယ်ဟာ အန်အယ်လ်ဒီပါတီရဲ့ ပါတီသဘောထားတွေနဲ့ လုပ်ငန်းစဉ်တွေကို ရေးသားဖော်ပြနေတဲ့ အပတ်စဉ်ထုတ်ဂျာနယ်ဖြစ်ပြီး သတင်းစာထုတ်ဝေတဲ့အခါ သတင်းစာတွေရဲ့ အင်္ဂါရပ်နဲ့အညီထုတ်ဝေသွားမယ်လို့ သိရပါတယ်။
RFA Burmese
အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့
အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့
ဘာကြောင့်မငြိမ်းချမ်းနိုင်သေးတာလဲ။ ပင်လုံစာချူပ်က စာတမ်းတွေကို ဘယ်ချောင်မှာသွားထိုးထားလိုက်ပြီလဲ။ လွတ်လပ်ရေးရဖို့ အတွက် ညီညွတ်ခဲ့တဲ့ လူမျိုးစုတွေကို ပေးထားခဲ့တဲ့ကတိတွေဖျက်ခဲ့တဲ့အတွက်ကြောင့် သွေးချောင်းစီးတိုက်ပွဲတွေ၊ မအေနှင့်ဝေးတဲ့ သားတွေ၊ ဖအေမဲ့တဲ့ သားတွေ ဘယ်လောက်ထိများခဲ့ပြီလဲ။ ဘယ်လိုအဆုံးသတ်ဖို့  စဉ်းစားထားလဲ။ကချင်တွေကို ပြုန်းအောင်သတ်လိုက်တာမှ ငြိမ်းချမ်းရေးလို့  ပြောမှာလား 30 December 2012 Written by ရွှေဟင်္သာသတင်းဌာန ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့သည်၊ ကြည်းကြောင်း၊ လေကြောင်းနှင့် အမြောက်ကြီးများ၏ တလစပ် ပစ်ခတ် မှုဖြင့် အကာအကွယ် ရနေသော လဂျားယန်ရှိ အစိုးရ တပ်များ သိမ်းပိုက် ထားသော တောင်ကုန်း တခုကို ယနေ့ (၂း ၁၅) နာရီ တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု ABSDF မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။ “ လေယာဉ်ရော အမြောက်ရော ပြင်းပြင်း ထန်ထန် ပစ်နေတဲ့ ကုန်းနှစ်ကုန်း ကနေ ကျနော်တို့ ဆုတ်ပေး ထားတယ်။ အဲဒီ ကုန်းကို အစိုးရ တပ်တွေ ၀င်သိမ်းတယ် မနေ့ ကပေါ့။ ဒီနေ့ ကျတော့ လက်နက် ကြီးနဲ့ လေယာဉ်ဗုံးကျဲ ဒဏ်ကနေ လွတ်တာနဲ့ ကျနော်တို့ တက်ပြီး သိမ်းလိုက် တာပါ။ တက်သိမ်း ပြီးတာနဲ့ အစိုးရ ဖက်က မြေပြင် တပ်ရော လက်နက် ကြီးတွေရော တိုက်လေယာဉ် နဲ့ရော တလစပ် ထပ်မံ ပစ်ခတ် တော့တာပါဘဲ” ဟု ဗိုလ်မှူး မင်းဌေးမှ ဆိုပါသည်။ လဂျားယန် စစ်မြေပြင်သည် KIA ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် အချက်အချာ ကျသော နေရာ ဖြစ်ပါသည်။ ဤလမ်း ကြောင်းသည် ဗန်မော်-လိုင်ဇာ လမ်းကြောင်း၏ စစ်ဆင်ရေး အပိုင်း ဖြစ်ပါသည်။ ဤ လမ်းကြောင်းကို ထိုးဖေါက်နိုင် ရန် အစိုးရ တပ်ဖွဲ့များသည် အင်အား တထောင် ကျော်နှင့် ၁၀၅ မမနှင့် ၁၂၀ မမ လက်နက် ကြီးများ အပါဝင် လေကြောင်း အကူပါ တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ပြင်းထန်စွာ စစ်ဆင် နေသည့် ကြားမှ KIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့ တို့က အရေးကြီး တောင်ကုန်း တခုကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အစိုးရ တပ်များသည် ဆက်လက် ချီတက် နိုင်ရန် ဤ လဂျားယန် စစ်မြေပြင်ကို (၁၀၅ မမ နှင့် ၁၂၀ မမ) လက်နက်ကြီး များဖြင့် နေ့ည မဆိုင်းဘဲ ပြင်းထန်စွာ တလစပ် ပစ်ခတ် နေခဲ့ ပါသည်။ ထို့အပြင် လေယာဉ် များကလည်း ယနေ့ နံနက် (၈) နာရီ အချိန်မှ စတင်ပြီး လိုက်လံ ဗုံးကျဲ နေခဲ့ ပါသည်။ တိုက်လေယာဉ် (၄) စီး သည် လေးကြိမ်မျှ ပစ်ခတ် ခဲ့ရာတွင် တကြိမ်လျှင် လေယာဉ် (၂)စီး သည် အပြိုင် တလစပ် ပစ်ခဲ့ အပြီးတွင် ထပ်မံ ဗုံးကျဲ သွားသည့် နည်းလမ်းကို အသုံးပြု ခဲ့ပါသည်။ ဤကဲ့သို့ လေကြောင်း ပစ်ကူ ပေးပြီး နောက်ပိုင်း အစိုးရ တပ်များ ရှေ့တိုးရန် ကြိုးစား ချိန်၌ KIA နှင့် ABSDF ပူးပေါင်း တပ်တို့၏ ချေမှုန်း ခြင်းကို ခံရပြီး အဆိုပါ တောင်ကုန်း ကိုပါ လက်လွှတ် လိုက်ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ညနေ (၄)နာရီ အထိ တိုက်ပွဲများ ပြင်းထန်လျှက် ရှိပါသည်။ လဂျားယန် ဒေသ တဝိုက်သို့ ထိုးစစ် ဆင်လာနေသည့် အစိုးရ တပ်များမှာ တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၃၁၇၊ ၄၁၄၊ ၄၁၆ တပ်ရင်းများနှင့် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၃) ရင်း အပြင် အခြားတပ်များလည်း ရှိကြောင်းနှင့် စုစုပေါင်း အင်အား (၁၄၀၀) ခန့် ရှိနိုင်ကြောင်း ABSDF က ဆိုပါသည်။ ဤစစ်ဆင် ရေး၏ ရှေ့တန်း ဗျူဟာရုံးမှာ ဒေါ့ဖုန်ယန်း နားရှိ မန်မော် အရပ်၌ ရှိပါသည်။ အစိုးရသည် လဂျားယန် စခန်းများကို သိမ်းပိုက် နိုင်သည်နှင့် KIA နှင့် တွေ့ဆုံ ဆွေးနွေး ရေးကို ထပ်ဆင့် ခေါ်မည်ဟု တွက်ဆ ထားပါသည်။ အဘယ့်ကြောင့် ဆိုသော် KIA ဌာနချုပ်ကို သိမ်းပိုက် ခြင်းထက် လှုပ်ရှား၍ မရအောင် စိုးမိုး ထားပြီး ကျန်ရှိ နေသည့် KIA အင်အား များကို ထိမ်းသိမ်း နိုင်ရန် တွေ့ဆုံ ဆွေးနွေးသည့် နည်းကို ကျင့်သုံးမည်ဟု တွက်ဆ ခြင်းကြောင့် ဖြစ်ပါသည်။ အလားတူ ကချင်ပြည်နယ် မိုးကောင်း မြို့နယ် တောင်နီ ကျေးရွာရှိ အစိုးရ စစ်စခန်း တခုကိုလည်း ယနေ့ နံနက် ၂ နာရီ ဝန်းကျင်တွင် KIA က သိမ်းပိုက် လိုက်သည်ဟု KIA တပ်မဟာ (၂) မှ အရာရှိ တဦးက ပြောပါသည်။ ယင်း တိုက်ခိုက် မှုကို ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) မှ တိုက်ခိုက် လိုက်ခြင်း ဖြစ်ပါသည်။ အဆိုပါ စခန်းတွင် ခရမ ၃၈၄ တပ်ဖွဲ့ များနှင့် ခလရ ၁၀၅ တပ်ရင်းမှ မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် တပ်ဖွဲ့ များက နေရာယူ ထားပါသည်။ ထို့အပြင် KIA တပ်မဟာ (၄) ရှိ ကွတ်ခိုင် မြို့နယ် ၌လည်း တိုက်ပွဲများ ပြင်းထန် လျှက်ရှိ ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့မှ ဆိုပါသည်။
လူမျိုးတိုင်းသိသင့်တယ်
လူမျိုးတိုင်းသိသင့်တယ်
မွတ်ဆလင်တို့ ကိုးကွယ်နေကြသော အာရေဗျရှိ လခြမ်းနတ်ဘုရား အာလာ( ရင်ဘတ်မှလခြမ်းပုံကိုကြည့်ပါ။).. မွတ်ဆလင်တို့ ကိုးကွယ်ကြသော Allah ဧ။် Origin မှာ ဘုရားသခင်မဟုတ်ပဲ။ မက်ကာ KABA ကျောက်တုံးနတ်ကွန်း တွင် ရှိသော လခြမ်းနတ်ဘုရားသာဖြစ်သည်။... ထို လခြမ်းနတ်ဘုရား ကို အာရပ်တို့ က မိုဟာမက် မမွေးမီ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက Allah ဘုရားသခင်အဖြစ်ပူဇော်လာခဲ့ခြင်းဖြစ်သည်။ ...စောက်ဖုတ်ပုံစံကျောက်တုံးမဲမဲလေးကို လခြမ်းနတ်ဘုရား အာလာဧ။် အထွတ်အမြတ်ဆုံး သင်္ကေတအဖြစ် အာရပ်တို့ က မိုဟာမက် မမွေးမီ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက Allah ဘုရားသခင်အဖြစ်ပူဇော်လာခဲ့ခြင်းဖြစ်သည်။ ။ ...မိုဟာမက်ဧ။် အဖိုးသည် အဆိုပါ လခြမ်းနတ်ဘုရား Allah ဧ။် မက်ကာ ကျောက်တုံးနတ်ကွန်းကိုစောင့်ရသော သူဖြစ်သည်။.... မိုဟာမက် ငယ်စဉ် ကတည်းက အဆိုပါ Allah ခေါ် လခြမ်းနတ်ဘုရားကို ထာဝရဘုရားအမှတ်ဖြင့် ပြပ်ဝပ်ကိုးကွယ်ပူဇော်ရင်း ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။... ထို့ကြောင့် သူငယ်စဉ်ကတည်းကပြပ်ဝပ်ကိုးကွယ်သော လခြမ်းနတ် ဘုရား Allah ကို ထာဝရ ဘုရားအဖြစ် အဆင့်မြှင့် ပေးခဲ့ခြင်းဖြစ်သည်။ ...ထို့ကြောင့် Islam ဧ။် Origin မှာ Pagan ဖြစ်သည်။ ထို့ ကြောင့် မွတ်ဆလင်များသည် သူတို့ဧ။်ဘုရားသည် ခရစ်ယာန်တို့ ဧ။် ထာဝရဘုရားနဲ့  အတူတူပဲလို့ လိမ်လည်ပြောဆိုနေကြသော်လည်း အဘယ် ခရစ်ယာန်ဘုရားကျောင်းကို မှလေးစားခြင်းမရှိပဲ ...မက်ကာ မြို့ က စောက်ဖုတ်ပုံစံကျောက်တုံးမဲမဲလေးကို သာ လခြမ်းနတ်ဘုရား အာလာဧ။် အထွတ်အမြတ်ဆုံး သင်္ကေတအဖြစ် ရောက်ရာနေရာ ဗလီအသီးသီးမှ ဦးတိုက်ပြပ်ဝပ် ကိုးကွယ်ကြသည်။ အဆိုပါ လခြမ်းနတ်ဘုရား အာလာဧ။် အထွတ်အမြတ်ဆုံး သင်္ကေတဖြစ်သည့် စောက်ဖုတ်ပုံစံကျောက်တုံးမဲမဲလေးကို ပြပ်ဝပ်ကိုးကွယ်ရခြင်းသည် Islam ဧ။်အနှစ်သာရဖြစ်သည်။
ကချင်ပြည်နယ်စစ်ပွဲတွင် ယခု ဓါးစားခံအသစ်များပေါ်ထွက်
ကချင်ပြည်နယ်စစ်ပွဲတွင် ယခု ဓါးစားခံအသစ်များပေါ်ထွက်
ကချင်ပြည်နယ်စစ်ပွဲတွင် ယခု ဓါးစားခံအသစ်များပေါ်ထွက်လာသည်။ ထိုသူတို့မှာ
(၁) ဒေါ်အောင်ဆန်းစုကြည်
(၂) ၈၈ မျိုးဆက်ကျောင်းသားများ
ဖြစ်ကြသည်။ ဓါးစာခံများဟု ယူဆရသည်မှာ အချို့သော နိုင်ငံရေးသမားများနှင့် ကချင်လူမျိုးများဟု ယူဆရသော ဖေ့စ်ဘုတ်ယူဆာများက လက်ညိုးတွင်တွင်ထိုးကြ၍ ဖြစ်သည်။
ထိုသူတို့၏ စွပ်စွဲချက်များကို အကျဉ်းချုပ်ကြည့်လျှင်
(၁) ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းစစ်ပွဲကို လက်ပိုက်ကြည့်နေသည်။
(၂) ၈၈ တို့သည်လဲ ထိုနည်းလည်းကောင်း
(၃)မယောင်ရာဆီလူး ပွဲတော်များကိုသာ ခင်းကျင်းပြသနေကြသည်
ဟူ၍ ဖြစ်သည်။
ထိုကိစ္စအပေါ်ပြန်လည်ဆန်းစစ်ကြည့်ချင်မိသည်။
ကချင်စစ်ပွဲ၏ အဓိက ဖြစ်ရသော အကြောင်းရင်းမှာ BGF ခေါ် နယ်ခြားစောင့်တပ်အဖြစ်အတင်းပြောင်းလဲခိုင်းခြင်း ကနေ စပါသည်။ BGF ဖြစ်လျှင် Military Power ကို အဆင့်နှိမ့်ရမည်။ လိုအပ်လျှင် ကချင်စစ်သားများကို အသုံးချခြင်းခံရမည် စသည့် စိုး၇ိမ်မှုများလဲ ရှိနိုင်ပါသည်။ ထိုသို့ဖြစ်ရာ ထိုကိစ္စအတွက် စစ်ရေးတင်းမာပြီး ကျန် ကိုယ်ကျိုးစီးပွားအဝေမတည့်ဖြစ်မှုကြောင့် စစ်မီးတောက်လာသည်ဟု ဆိုနိုင်ပါမည်။
ကချင်စစ်တပ်၏ ရပ်တည်မှုတွင် ကချင်လူထုက အဓိကဟုပြောကြပါသည်။ ဟုတ်ပါလိမ့်မည်။ သို့သော်လဲ ၁၉၉၄ အပစ်ရပ်ကာလအပြီးတွင် အစိုးရပိုင်းနှင့် ကချင်အာဏာပိုင်အသိုင်းအဝိုင်းမှ တရုတ်နှင့် အကြီးအကျယ် ကုန်သွယ်ကာ ငွေကြေးစုဆောင်းခဲ့ခြင်းကလဲ အဓိက အချက်တစ်ချက်အနေဖြင့် ပါနေပါလိမ့်မည်။ တရုတ်အနေဖြင့် မြန်မာအစိုးရဖက်မှ သိသိသာသာရပ်ချင်လျှင် ကချင်နှင့် ကုန်သွယ်မှုကို ပိတ်ဆို့လိုက်ရုံဖြင့် ယခုစစ်ပွဲအဖြေထွက်သွားနိုင်ပါသည်။ ထိုသို့ဖြစ်ရာ ကချင်-တရုတ်ပတ်သက်မှုမှာ အတိုင်းအတာတစ်ခုလောက်အထိ မြင်သာလောက်ပါပြီ။
မြန်မာအစိုးရနှင့် တရုတ်ပတ်သက်မှုမှာ လူသိလွန်စွာများနေပြီဖြစ်၍ အထူးဆို၇န်မလိုပါ။ ထိုသို့ဖြစ်ရာ တရုတ်အနေဖြင့် နှစ်ဖက်ကို လက်နက်ရောင်းနေသော ကြားနေကုန်သည်ကြီးပုံစံချိုးနေသည်ကို တွေ့မြင်ရပါလိမ့်မည်။ သူ၏ ဆောင်ပုဒ်မှာ သူတစ်ပါးပြည်တွင်းရေးဝင်မစွက်ဟူ၍ ဖြစ်ပါလိမ့်မည်။
BGF ဖွဲ့ရေး၊ မဖွဲ့ရေးအတွက် ချက်ခြင်းအဖြေမထွက်လျှင်လဲ အပစ်ရပ်ထား၍ နှစ်စလုံးမှ ဖြစ်နိုင်ပါသည်။ အပစ်မရပ်နိုင်ကြခြင်းမှာ နယ်မြေပိုင်ဆိုင်မှုနှင့် သယံဇာတ ခွဲဝေမှု အတွက် ပိုမို ဖြစ်နိုင်ပါသည်။ ထိုအခါ သယံဇာတခွဲဝေမှု၊ အာဏာခွဲဝေမှုတို့နှင့်ပတ်သက်လာသောအခါ အလွယ်တကူ အဖြေရှာရန်ခက်ခဲလာနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအဝေမတည့်မှုများအားလုံးကို ဖြေရှင်းကြသည့်နည်းမှာ နိုင်သူအားလုံးစားကြေး ဖြစ်သောကြောင့်ဖြစ်သည်။ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးလိုင်းများ၊ ကေအိုင်အေ ထိန်းချုပ်နယ်မြေများကို ရယူရန်နီးစပ်နေပြီဖြစ်သော မြန်မာစစ်တပ်အနေဖြင့် အလွယ်တကူ လက်လျှော့ရန် သိပ်တော့မမြင်မိပါ။ အဘယ်ကြောင့်ဆိုသော် မြေပုံတွင်ထောက်ကြည့်ပါက လိုင်ဇာနောက်တွင် တရုတ်စည်းရိုးသာ ကျန်ပါတော့သည်။
ကေအိုင်အေဖက်မှလဲ သူ့ရပ်တည်ရေး၏ အသက်သွေးကြောစီးပွားရေးလမ်းကြောင်းများကို မြန်မာစစ်တပ်လက်ထဲသို့အပါခံရန်မဖြစ်နိုင်ပါ။ ထိုသို့ အပါခံလိုက်ရလျှင် ကေအိုင်အေအဖွဲ့ နှစ်များမကြာမှီလုံးပါးပါးရန်သာ ရှိပေမည်။ ထိုအတွက် ကြံ့ကြံ့ခံတိုက်နေခြင်းဟု ယူဆပါသည်။
အထက်ပါ အချက်များကို သုံးသပ်ကြည့်လျှင် အဝေမတည့်သည့် အကျိုးစီးပွားစစ်ပွဲဟု ကောက်ကြောင်းပေါ်လွင်လာပါမည်။
ထိုအကျိုးစီးပွားအဝေမတည့်မှု စစ်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြားဝင်စေလိုခြင်းကို မည်သို့မြင်ပါသနည်း။ ဒေါ်အောင်ဆန်းစုကြည်မည်ကဲ့သို့ ကြားဝင်ဖြန်ဖြေသင့်ပါနည်း။ ပျက်ပြယ်ခဲ့သော ယခင် တွေ့ဆုံပွဲများအတွင်း အစိုးရနှင့်ကေအိုင်အေ မည်ကဲ့သို့ တောင်းဆိုမှု၊ ညှိနှိုင်းမှုများလုပ်ခဲ့ကြကြောင်း တရားဝင် ထုတ်ဖော်ကာ ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားပြီးပါပြီလား။ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ကျောင်းသားများကို ဖြန်ဖြေရေးကိုယ်စားလှယ်များအဖြစ် အစိုးရနှင့် ကေအိုင်အေမှ ဗိုလ်ချုပ်များက ကမ်းလှမ်းခဲ့ဖူးပါသလား။
စစ်သားသည် စစ်သားချင်းသာ စကားပြောလိုသည့် သဘာဝရှိတတ်သည်။ ကေအိုင်အေမှ ဦးလနန်နှင့် ဗိုလ်ချုပ်ဂွမ်မော်တို့စကားထဲတွင် ဗိုလ်ချုပ်မင်းအောင်လှိုင်၏ အမည်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ထက် အကြိမ်အရေအတွက် ပိုများထင်သည်။ သူတို့ ဆွေးနွေးလိုသည်မှာ ဦးသိန်းစိန်ထက် တစ်ကယ့် Military Power ကို ထိန်းချုပ်ထားသော ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သာ ဖြစ်သည်။
မင်းအောင်လှိုင်နှင့်ညှိ၍ ပြီးမှသာ ကိစ္စပြတ်မည်ဟု ယုံကြည်ကြပုံပေါ်သည်။ တစ်ကယ်လဲ ထိုသို့ဖြစ်နိုင်ပါသည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ တို့ ကို မည်သို့ ပါစေချင်ပါသနည်း။ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းမှုကို မင်းအောင်လှိုင် ဘယ်နှကြိမ်လက်ခံထားပါသနည်း။ တွေးကြည့်ကြစေချင်သည်။
ယခု အနေအထားသည် ဒေါ်စုနှင့် ၈၈ တို့အနေဖြင့် မြေစမ်းခရမ်းပျိုးကာလဖြစ်သည်။ တိုက်ပွဲတစ်ပွဲကို တိုက်ရာတွင် ဗဟိုကို "ဒဲ့"တိုက်ရသည်လဲ ရှိသည်။ အင်အားမတောင့်သေးစဉ် ဗဟိုကို ဒဲ့ မသိမ်းနိုင်သေးပါက မင်းစန္ဒဂုတ်တိုင်းပြည်သိမ်းသကဲ့သို့ တစ်စ၊ တစ်စ နယ်မြေအသေးများကို လိုက်သိမ်းရသည့် ဗျူဟာလဲရှိပါသေးသည်။
ကိစ္စတစ်ခုကို လှေနံဒါးထစ်အမြင်ဖြင့်ချဉ်းကပ်ခြင်းသည် အကျအဆုံးများကိုဖြစ်စေတတ်သည်။ တိုက်ပွဲအပေါ် အရှင်သဘောဖြင့်ချဉ်းကပ်ကာ အချိန်ကိုက် ဆုံးဖြတ်ချက်ကောင်းများ ချမှတ်နိုင်ခြင်းသည် ခေါင်းဆောင်ကောင်းဖြစ်သည်။ ဆုံးဖြတ်ချက်ပြောင်းလဲကာ ချဉ်းကပ်မှုပြောင်းလဲခြင်းသည် မူဝါဒပြောင်းလဲခြင်းမဟုတ်။ ယခု ဒေါ်အောင်ဆန်းစုကြည်နှင့် ထို ၈၈ တို့၏ မူဝါဒများပြောင်းလဲသွားပြီဟု တစ်ကယ်ထင်သလား။ ရင်းမြစ်ကို ထွင်းဖောက်ကြည့်မြင်တတ်ဖို့တော့လိုမည်။
တစ်ချိန်တုန်းက လက်တွဲခဲ့သော ရဲဘော်ဟောင်းများဖြစ်ကြပြီး ယခုအချိန်အထိ ထိုသူတို့၏ ရင်တွင်းမှ ယုံကြည်ချက်နှင့် ကိုင်စွဲသော မူဝါဒများကို မမြင်နိုင်သေးသည်ဟု ဆိုလျှင်တော့ စိတ်မကောင်းဖွယ်ရာပင်ဖြစ်ပေမည်။
Credit: Myo Set
သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်းအမှတ် ထပ်မံဆန္ဒပြ
သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်းအမှတ် ထပ်မံဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂၉ လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်း အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်းမှတ် အဖြစ် ဒီဇင်ဘာ ၂၉ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့  တော် နှင့် မုံရွာမြို့  တို့တွင် ပြည်သူများ၊ သံဃာများနှင့် ကျောင်းသားများ ထပ်မံဆန္ဒ ဖော်ထုတ် ခဲ့ကြသည်။ ဖော်ပြထားသော ပုံမှာ လက်ပံတောင်း တောင် သပိတ်ဖြိုခွင်းမှု တစ်လပြည့် အထိမ်းအမှတ် အဖြစ် ရန်ကုန်တွင် ၂၉ရက်နေ့ ညနေပိုင်း က ဆန္ဒပြရာ၌ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်ရှေ့ ခေါင်းတလား နှစ်လုံးဖြင့် သရုပ်ပြ ဆန္ဒ ဖော်ထုတ် နေကြခြင်း ဖြစ်သည်။ ရန်ကုန် ဆန္ဒပြပွဲတွင် ကျောင်းသား များနှင့် ပြည်သူများ ဦးဆောင် လှုပ်ရှားသူများ အင်အား ၅၀ ကျော်က ဆူးလေ ဘုရားအနီး လူစု ခဲ့သည်။ ယင်းနောက် ညနေ ၄ နာရီမှ စတင်၍ ဗီနိုင်းများ၊ ပိုစတာများ သယ်ဆောင်ကာ ၅၁ လမ်းရှိ ဦးပိုင် ကုမ္ပဏီ ရှေ့ထိ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြကြကြောင်း ဦးဆောင် လှုပ်ရှားသူ ဦးဟန်ဝင်းအောင် က The Voice Weekly သို့ ပြောကြားသည်။ ဆန္ဒပြပွဲတွင် သပိတ် စခန်းတွင်း ဆန္ဒပြ ခဲ့သည့် သံဃာ များအား အကြမ်းဖက် နှိမ်နင်း ခဲ့သည့် တရားခံကို အမြန် ဖော်ထုတ် ပေးရေး နှင့် ကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေးကို အဓိက တောင်းဆို ခဲ့ကြကြောင်း ၄င်းက ပြောကြားသည်။ "ကြေးနီ စီမံကိန်း ဆန္ဒပြတဲ့ သူတွေကိုတော့ အရေးယူပြီး အကြမ်းဖက် ဖြိုခွင်းတဲ့ သူတွေကို အခုချိန်ထိ အရေးမယူသေးလို့ ဆန္ဒဖော်ထုတ် ရတာပါ" ဟု ဆန္ဒပြသူ ဦးမျိုးချစ်က ပြောကြားသည်။ သူသည် အဆိုပါ စီမံကိန်းအတွက် ဆန္ဒဖော်ထုတ်ခြင်း ကြောင့် ပုဒ်မ ၅၀၅(ခ)နှင့် ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆို ခံထားရသူ တစ်ဦးလည်း ဖြစ်သည်။ ဒီဇင်ဘာလ၂၉ရက် နေ့သည်အကြမ်းဖက် နှိမ်နှင်းခဲ့သည့် တစ်လမြောက်နေ့ ဖြစ်သော်လည်း ယခုထိ ဖြိုခွဲသူ များအား ထုတ်ဖော် အရေးယူခြင်း မရှိသေးသည့် အတွက် ကြေးနီစီမံကိန်း ဒေသခံ တောင်သူ၂၀၀ ခန့်နှင့် သံဃာတော် အချို့သည် လည်း ၂၉ရက်နေ့ ညနေ ၃နာရီ အချိန်မှ စတင်ပြီး မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီး မြို့နယ်၊ ညောင်ပင်ကြီး ဆိပ်ကမ်းတွင် ဆန္ဒပြခဲ့ကြကြောင်း မုံရွာမြို့  ပြည်သူများ ထံမှ သိရသည်။ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် အတွင်းရှိ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းမှာ စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ် အမျိုးသားပိုင် ဝမ်ပေါင် ကုမ္ပဏီတို့ ၂ဝ၁၁ခုနှစ်မှ စတင်ပူးပေါင်း ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်သည်။ ယင်းစီမံကိန်းရှိ ဆာလဖျူရစ် အက်ဆစ် စက်ရုံနှင့် စွန့်ပစ်ပစ္စည်းများက ဒေသ တစ်ဝိုက်ရှိ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် နေကြောင်းလည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ထောက်ပြ ပြောဆိုကြသည်။
" ပြည်တွင်းစစ်များရပ်ဆိုင်းရန်လူမှု အဖွဲ့အစည်းများတောင်းဆို"
" ပြည်တွင်းစစ်များရပ်ဆိုင်းရန်လူမှု အဖွဲ့အစည်းများတောင်းဆို"
ရန်ကုန် ဒီဇင်ဘာ ၃၀ ရက်
ကချင်ပြည်နယ်တွင် အစိုးရတပ်များနှင့် ကေအိုင်အေတပ်များ တိုက်ခိုက်နေမှုများ ချက်ချင်းရပ်ဆိုင်းရန်တောင်းဆိုပွဲကို ငြိမ်းချမ်းရေးလိုလားသော ပြည်သူများနှင့်
အရပ်ဘက်အဖွဲ့အစည်းအချို့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ယနေ့ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ယင်းပွဲတွင် တက်ရောက်လာသော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေးက "ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ အင်အားသုံးပြီးငြိမ်းချမ်းရေးညှိနှိုင်းဖို့
ဖိအားပေးမယ်ဆိုရင် ပါလက်စတိုင်းနဲ့ အစ္စရေး ပြဿနာလို ပိုရှုပ်ထွေးလာနိုင်ပါတယ်၊"ဟု ဆိုသည်။
လက်ရှိတွင် နှစ်ဖက် တပ်များ အပြင်းအထန်တိုက်ခိုက်နေသောကြောင့် မည့်သူ့တွင် မျှ အကျိုးအမြတ် မရှိကြောင်း
ပြည်တွင်းစစ်တွင် တိုက်လေယာဉ် များနှင့် ရဟတ်ယာဉ်များတိုက်ခိုက်ခြင်းသည် ဂျနီဗာ သဘောတူညီချက် ကို ဖောက်ဖျက်ရာရောက်နေကြောင်း
အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ပြောသည်။
" ကေအိုင်အေထိန်းချုပ်ထားတဲ့ နယ် မြေထဲမှာ ရောက်နေတဲ့ ဒုက္ခသည်တွေ ပြေးစရာမြေလည်းမရှိဘူး၊သွားစရာ နေရာလည်းမရှိဘူးဗုံးခိုကျင်းထဲမှာပဲ ရင် တထိတ်ထိတ်နဲ့ နေနေ ရတယ်၊တရုတ်ကလည်း နယ်စပ်တလျောက် မှာ စစ်ပြေးဒုက္ခသည်တွေ ၀င်မလာ နိုင်အောင် နယ်ခြားစောင့် တပ်တွေ
နဲ့ ပိတ်ထားတယ်၊အဓိက ကတော့ ပြည်တွင်းစစ်အမြန်ရပ်ဖို့ လိုနေပါတယ်''ဟု မမေစပယ်ဖြူ(ကချင်ငြိမ်းချမ်းရေးကွန်ရက်)ကပြောသည်။
၎င်းတို့ အနေဖြင့် ပြည်တွင်းစစ်များရပ်ဆိုင်းရန်အတွက် ဆန္ဒဖော်ထုတ်ပွဲများဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်းယင်းပွဲတွင် ပြောကြားချက်များအရသိရသည်။
စိုင်းနောင်
ရခိုင်သမိုင်းသုတေသီ မောင်ဗသိန်းအား ရက္ခိတမျိုးစောင့်ဆု ချီးမြှင့်ပွဲကျင်းပ
ရခိုင်သမိုင်းသုတေသီ မောင်ဗသိန်းအား ရက္ခိတမျိုးစောင့်ဆု ချီးမြှင့်ပွဲကျင်းပ
by Coral Arakan News ၊ 30 December 2012
ရခိုင်သမိုင်းသုတေသီ မောင်ဗသိန်းအား ရက္ခိတမျိုးစောင့်ဆု ချီးမြှင့်ပွဲ သည့် အခမ်းအနားကို ကျင်းပ ယနေ့မွန်းလွဲ နှစ်နာရီခန့်တွင် စစ်တွေမြို့ စေတနာမိုး လက်ဖက်ရည်ဆိုင်တွင် ကျင်းပရာ ရခိုင်စာပေအသိုင်းအ၀ိုင်း နှင့် စစ်တွေဒေသခံ အလွာစုံတို့မှ လူပေါင်းကိုးဆယ်ကျော် တက်ရောက်ခဲ့ကြသည်။
လူငယ်ဘ၀ ရခိုင်လွတ်မြောက်ရေး မြေအောက်လှုပ်ရှားသူ တစ်ဦးဖြစ်ခဲ့သည့် အငြိမ်းစား မြို့နယ်ပညာရေးမှူး ဆရာကြီး (ဦး) မောင်ဗသိန်း ၏ ဘ၀ တစ်သက်တာတွင် ဆောင်ရွက်ခဲ့သည့် အောက်ပါ ဆောင်ရွက် ပြီးမြောက်မှု များကြောင့် ဆုချီးမြှင့်ရခြင်းဖြစ်သည် ဟု ဆုချီးမြှင့်လွှာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
============
ရခိုင်သမိုင်းသုတေသီ ပညာရှင် ဆရာကြီး (ဦး)မောင်ဗသိန်း သည် . . . . . .
၁။ ဘုံဘောက်သာကျော်အမည်ဖြင့် စာတမ်းပြုစု တင်ပြကာ (၁၉၉၀) ရွေးကောက်ပွဲတွင် စစ်တကောင်း ဘင်္ဂါလီများက “ရိုဟင်ဂျာ” အမည်ဖြင့် ၀င်ရောက်အရွေးခံမည့် အန္တရာယ်အား ကာကွယ်နိုင် ခဲ့ခြင်း။
၂။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ၏ ဘူးသီးတောင်-မောင်တော ဒေသမှ မူဆလင်များအား “ရိုဟင်ဂျာ” လူမျိုး ဟု ဖောပြခဲ့သည်ကို ရခိုင်မျိုးချစ်များ နှင့် လက်တွဲကာ သမိုင်းအထောက်အထားများ ခိုင်ခိုင်လုံလုံဖြင့် ပြန်လည်ချေပရှင်းလင်းခဲ့၍ ဒေါက်တာသန်းထွန်း၏ အမှားဝန်ခံချက်ကို ရယူနိုင်ခဲ့ခြင်းကြောင့် ဖြေရှင်းရခက်ခဲမည့် သမိုင်းအန္တရာယ်ဆိုး တစ်ခုကို ကြိုတင်ကာကွယ်နိုင်ခဲ့ခြင်း။
၃။ “လူ့အခွင့်အရေးအရေခြုံ ရိဟင်ဂျာအမည်ခံ စစ်တကောင်းနွယ်ဝင် ဘင်္ဂါလီတို့၏ နယ်သစ်ချဲ့ထွင်ရေး သမိုင်းလိမ်ကို ဝေဖန်ခြင်း” စာအုပ်ကို ရေးသားပြုစုပြီး (၁၉၉၀) နောက်ပိုင်းမှစ၍ နိုင်ငံတကာ မျက်နှာစာတွင် သမိုင်းလိမ်များဖြင့် ၀င်ရောက်ထိုးဖောက် နေရာယူလာကြသည့် ရိုဟင်ဂျာအမည်ခံများ၏ သရုပ်မှန်ကို ဖွင့်လှစ် ပြသနိုင်ခဲ့ခြင်း။
၎။ “ကိုလိုနီဆိုးမွေခံ ရခိုင်ပြည်နယ် နှင့် စစ်တကောင်းသား ဘင်္ဂါလီမူဆလင်တို့၏ နယ်သစ်ချဲ့ရေးထကြွမှု” စာတမ်းကြီးကို ပြုစုပြီး ကြိုတင်ဖြန့်ချိထားနိုင်ခဲ့သောကြောင့် လက်ရှိပဋိပက္ခဖြစ်ပွားလာသောအခါ ရခိုင်ခေါင်းဆောင်များသည် ခိုင်မာသော သမိုင်းအထောက်အထားများကို အဆင်သင့်ရရှိခဲ့ရုံမျှမက မိမိတို့၏ ပကတိ အခြေအနေမှန်ကို တူညီသောအမြင်ဖြင့် တစ်သံတည်းထွက်လာနိုင်ခဲ့ခြင်း။
၅။ ရခိုင်စာပေ ဖော်ထုတ်ထိန်းသိမ်းရေးကို တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်လာခဲ့ပြီး အပြောအခြေပြု ရခိုင်စာပေ ခရီးလမ်းကို ပေါ်ပေါက်စေခဲ့ခြင်း။
ထိုသို့ ဆရာကြီး၏ ဘ၀တစ်လျှောက်လုံးဆောင်ရွက်ခဲ့သော အမျိုးသားရေး အကျိုးပြုစွမ်းဆောင်ချက်များသည် ရခိုင်ပြည်-ရခိုင်လူမျိုး ထာဝရ ရပ်တည်ရှင်သန် နိုင်ရေးအတွက် ကြီးမားသော အကျိုးတရားများဖြင့် ထိရောက်စွာ ထောက်ပံ့ပေးနိုင်ခဲ့သောကြောင့် “ဆရာကြီး ဦးမောင်ဗသိန်း” အား ရခိုင်မျိုးစောင့် ပုဂ္ဂိုလ်ကြီး အဖြစ်ဖြင့် ဤ “ရက္ခိတမျိုးစောင်ဆု” ကို ငွေသား အမေရိကန်ဒေါ်လာ (၁၀၀၀) နှင့်အတူ ချီးမြှင့် ဂုဏ်ပြုအပ်ပါသည်။
==========
( Coral Arakan News )
၂၀၁၁ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရသူများစာရင်း
၂၀၁၁ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရသူများစာရင်း
(၁) တင့်ဆန်း၊ ပန်းကြာဝတ်မှုန်ဇာတ်ကား၊ အကောင်းဆုံးဓာတ်ပုံဆု။
(၂) ဟိန်းထက်(လယ်ဝေး)၊ ထာဝရအလင်းတန်းများဇာတ်ကား၊ အကောင်းဆုံးတည်းဖြတ်ဆု။
(၃) ဇော်မျိုးထွဋ်၊ ထာဝရအလင်းတန်းများဇာတ်ကား၊ အကောင်းဆုံးတေးဂီတဆု။
(၄) ဆန်းဦး၊ ပန်းကြာဝတ်မှုန်ဇာတ်ကား၊ အကောင်းဆုံးအသံဆု။
(၅) မော့စ်၊ ထာဝရအလင်းတန်းများဇာတ်ကား၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု
(၆) ချစ်စနိုးဦး၊ ရင်ကွဲနာဇာတ်ကား၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု။
(၇) မြင့်ဆောင်၊ စိုးကျော်ဆန်း၊ ထာဝရအလင်းတန်းများဇာတ်ကား၊ အကောင်းဆုံးဇာတ်ညွှန်းဆု။
(၈) နောင်နောင်၊ ထာဝရအလင်းတန်းများဇာတ်ကား၊ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု။
(၉) မယ်လိုဒီ၊ ထာဝရအလင်းတန်းများဇာတ်ကား၊ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု။
(၁၀) ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး၊ ထာဝရအလင်းတန်းများဇာတ်ကား၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု။
ကွေးကောက်နိုင်သည့ှ်Samsung စမတ်ဖုန်း
ကွေးကောက်နိုင်သည့ှ်Samsung စမတ်ဖုန်း
နည်းပညာအသစ်များ တီထွင် ဆန်းသစ်မှုကြောင့် ပစ္စည်းအသစ်များ ထွက်ပေါ်ခဲ့ရာမှ ယခုအခါ Sam-sung ကုမ္ပဏီက ကွေးကောက်နိုင်သည့် စမတ်ဖုန်း တစ်မျိုးတို့ကို ထုတ်လုပ်ခဲ့သည်။ OLED display နည်းပညာ အသုံးပြုထားသော အဆိုပါစမတ်ဖုန်းကို လက်ဖြင့် ကွေးကောက်နိုင်သကဲ့သို့ ခေါက်အိတ်များ အတွင်းထည့်သွင်းသယ်ဆောင်နိုင် ရန် ထုတ်လုပ်ထား သည်။ ၎င်းဖုန်းကို Glaxy Skin ဟု အမည်ပေးထားပြီး ကင်မရာ၊ ပုံရိပ် အရည်အသွေး ကောင်းမွန်သည့် ဖန်သားပြင်နှင့် အဆင့်မြင့်ပရိုဆက်ဆာတို့ တပ်ဆင်ထားပြီး ၂ဝ၁၃ ခုနှစ်တွင် ထွက်ပေါ်လာမည်ဖြစ်သည်။
Samsung Galaxy S4 ဗီဒီယိုထွက်ပေါ်
Samsung Galaxy S4 ဗီဒီယိုထွက်ပေါ်
Samsung Galaxy S4 ဖုန်းကြော်ငြာ ဗီဒီယိုပါ ဆိုပြီး rozetked ဝဘ်ဆိုဒ်က Youtube မှာ တင်လိုက်ပါတယ်။ ရက်ပိုင်းအတွင်းကို ကြည့်ရှုသူ ၁ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။ Samsung က တရားဝင်ကြေညာထားခြင်း မဟုတ်သေးတော့ ယင်း ဗီဒီယိုထဲက Samsung Galaxy S4 ကတော့ fake ပဲဖြစ်ပါတယ်။ သို့ပေမယ့် ဗီဒီယို ဖန်တီးသူတို့ တော်တော် တော်ပါတယ်။ သူတို့ ခန့်မှန်းခြေက အနီးစပ် ဆုံး ဖြစ်တယ်လို့တောင် ချီးကျူးထားကြပါတယ်။ ဗီဒီယိုထဲကအတိုင်းဆိုရင် S4 ကို လေဆာကီးဘုတ်နဲ့တောင် ချိတ်ဆက် အသုံးပြု နိုင်ပါတယ်။ ကင်မရာက 13 megapixel ရှိပြီး ၅ လက်မ မကတဲ့ မျက်နှာပြင်က 1080p resolution အဆင့်ရှိတဲ့ Grand AMOLED အမျိုး အစား ဖြစ်ပါတယ်။ Processor ကလည်း 2.0GHz 4 quad core ဖြစ်ပါ တယ်။ quad core တောင် လေးခု ပါတယ်ဆိုတဲ့ သဘောဖြစ် ပါတယ်။ အရွယ်ပိုကြီးလာပြီး ပိုလည်းပါးသွားပါတယ်။ မော်ဒယ်ကုဒ်နံပါတ်ကို GT-I9500 လို့တောင် အမည်ပေးထားပါသေးတယ်။ တကယ် ထုတ်ဖော်ပြ သတဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ CES မှာမှ တကယ်ဟုတ် မဟုတ် မြင်တွေ့ရ မှာ ဖြစ်ပါတယ်။ Samsung Galaxy S4 ကြာ်ငြာဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ http://youtu.be/p5YPaBkhKZI Aung Kham (TSJ team)
အစိုးရတပ်၏လေယာဉ်မှချသောဗုံးတွင် အဆိပ်ဓါတ်ပါဝင်
အစိုးရတပ်၏လေယာဉ်မှချသောဗုံးတွင် အဆိပ်ဓါတ်ပါဝင်
ယနေ့ နံနက် ၁၀နာရီခွဲ အချိန်မှ ကျောင်းသား တပ်မတော်များနှင့် မြန်မာအစိုးရ ခြေလျင် ခြေမြန် တပ်များ တိုက်နေကြတယ်။ နေ့လည် ၁၁း၃၀ နာရီမှ စ၍ လိုင်ဇာမြို့အနီးကပ်ဆုံး KIA တပ်မဟာ ၅ အား လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ Battalion 18 တွင်းလည်း အပြင်းအထန် တိုက်ခိုက် ခံရပါသည်။ ထိုဗုံးမှ အငွေ့ရှူမိသူတိုင်း မူးဝေ အော့အန်၍ ၁၅ မိနစ်ခန့် မလှုပ်ရှားနိုင် ဖြစ်ရသည်ဟု သတင်းပို့လာပါသည်။ ယခုဤ စာကို တင်နေချိန်တွင် Gang Dau Yang ၌ လေယာဉ်ဖြင့် အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက် နေပါကြောင်း။
အမိန့်မရဘဲ ပစ်ခတ်ပါက စစ်စည်းကမ်းအတိုင်း ပြင်းထန်စွာ အရေးယူခြင်း ခံရမည်
အမိန့်မရဘဲ ပစ်ခတ်ပါက စစ်စည်းကမ်းအတိုင်း ပြင်းထန်စွာ အရေးယူခြင်း ခံရမည်
ကချင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ယူရသည့် တပ်မှူးများ အစည်းအဝေးတွင် သက်ဆိုင်ရာ တပ်ရင်းများ အား အထက်အမိန့်မရဘဲ လက်နက်ကြီး အသုံးပြုပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဟု သတိပေး ခဲ့ကြောင်း သိရသည်။
မိမိတို့ ကချင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်သည်မှာ လုံခြုံရေးအတွက် ဖြစ်ကြောင်း၊ သမ္မတကြီး၏ ညွှန်ကြားချက်အရ ကာကွယ်ရေးဦးစီးချုပ်မှလည်း တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်သည်ကို အားလုံး အသိပင်ဖြစ်ကြောင်း၊ လုံခြုံရေး တာဝန်ထမ်းဆောင်သော တပ်များအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလာပါက လက်နက်ငယ်များဖြင့်သာ ပြန်လည် ခြောက်လှန့် ပစ်ခတ်ရမည် ဖြစ်ကြောင်း၊ ခွင့်ပြုချက် တောင်းခံ ခြင်း မပြုဘဲ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ပါက စစ်စည်းကမ်းအတိုင်း ထိရောက်စွာ အရေးယူခြင်း ခံရမည် ဟု သတိပေးခဲ့သည်ဟု ပြည်သူ့စစ် ခေါင်းဆောင် တစ်ဦးက ပြောပြခဲ့ပါသည်။
၎င်းမှ တပ်မှူးများအား အခြေအနေ မေးမြန်းရာ တပ်မှူး တစ်ဦးမှ ငါတို့က နယ်မြေအလိုက် လုံခြုံရေး တာဝန် ထမ်းဆောင်နေရတာ၊ ငါတို့သွားနေတဲ့ လမ်းကြောင်းတွေလဲ ဒီကောင်တွေ အကုန်သိပြီးသား၊ ကိုယ့်ကို လာပစ် လို့ လက်နက်ကြီးနဲ့ ချက်ချင်း ပြန်မပစ်နိုင်ရင်တော့ ကိုယ့်ဘက်က အထိအခိုက်များမှာပဲ လို့ ပြောခဲ့ပါသည်။
အခု လေကြောင်းက ပါနေတယ်ဆိုတာကလည်း လဂျားယန်ကို ရိက္ခာပို့ သွားတဲ့ အဖွဲ့တွေရဲ့ လုံခြုံရေးအတွက် ကင်းထောက်တဲ့ သဘောပဲ ဖြစ်ပုံရပါတယ်။ သူတို့ စခန်းတွေကို သိနေတာပဲ။ အကုန်လုံးကလည်း အမြောက်နဲ့ ပစ်ရင် ထိနိုင်တဲ့ နေရာတွေမှာ ရှိနေတာ။ စစ်တပ်ရဲ့ အမိန့်နာခံတာကလည်း ဘယ်သူမှ လိုက်မမှီဘူးဟု ၄င်းက ဆက်ပြီး ပြောပြခဲ့ပါသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ အခု ABSDF ပါလာမှ ထိတွေ့မှု တွေ ပိုများလာတယ်။ ဒီဘက်က ငြိမ်းချမ်းရေးအတွက် ဆိုပြီး ပစ်ခတ်တာတွေ မလုပ်တော့ တဖြည်းဖြည်း ပို အတင့်ရဲလာသလိုပဲ။ လက်နက်ကြီးတွေ ဆင်ထားတဲ့ ကုန်းဘေးနားအထိ လာပစ်ရဲကြတယ်။ အခုလက်ရှိတော့ တပ်က တကယ်ကို အကျအဆုံးများနေတယ် လို့ ၄င်းက ပြောခဲ့ပါတယ်။
Opposite Eye
KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ည ၉ နာရီမှ အပြင်မထွက်ရန် အမိန့်ထုတ်ထားပြီး ကတုတ်ကျင်းများတူးထားခိုင်း..........
KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ည ၉ နာရီမှ အပြင်မထွက်ရန် အမိန့်ထုတ်ထားပြီး ကတုတ်ကျင်းများတူးထားခိုင်း..........
KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ည ၉ နာရီမှ အပြင်မထွက်ရန် အမိန့်ထုတ်ထားကြောင်း သောကြာနေ့မှစကာ လိုင်ဇာမြို့ရှိ ဈေးဆိုင်များ လည်းပိတ်ထားရန် လမ်းမပေါ်လည်း ကား၊ ဆိုင်ကယ်များကို မထားရန် ညွန်ကြားထားကြောင်း သိရသည်။ လိုင်ဇာရှိပြည်သူအချို့မှာ တရုတ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်သွား သူများလည်း ရှိကြောင်း လိုင်ဇာဒေသခံများကပြောသည်။ “ဒီမနက်ကနေ ဆိုင်တွေပိတ်ပြီး တချို့က တရုတ်ဘက်ခြမ်းကို ထွက်ပြေး သွားပြီ၊ တချို့ဖွင့်တဲ့ လူတွေလည်းရှိသေးတယ်။ ဒါပေမဲ့ အများပိုင်းတော့ ပိတ်ထားကြပြီ။ ကျမတောင် အခုဆိုင်ပိတ်ပြီး အိမ်ပြန်တော့မလို့” ဟု လိုင်ဇာဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။ ယမန်နေ့ အစိုးရတပ်ဖွဲ့၏ တိုက်လေယာဉ်များဖြင့် KIO ဌာနချုပ်ရှိရာ လိုင်ဇာမှ ရှစ်မိုင်ကွာဝေးသော Lajayang (လဂျားယန်) တွင် တိုက်ခိုက်နေမှုကို လိုင်ဇာမြို့မှ အသံများလည်း ကြားနေရပြီး လိုင်ဇာမြို့တွင်းမှလည်း ရဟတ်ယာဉ်များ ပျံဝဲသွားကြောင်း လိုင်ဇာဒေသခံများပြောသည်။ “အစကတော့ လဂျားယန်ဖက်က အသံအကျယ်ကြီကြားတယ်။ ကျမနောက်ကျောဖက်မှာ ထိတော့မလိုလိုပဲ နောက်နည်းနည်ကြာတော့ လေယာဉ်ပျံ အဖြူရောင် ၂ စီး ကျမတို့ အိမ်အပေါ်ကနေ ပျံဝဲသွားတယ်။ အဲဒီ ၂ စီးပြန်သွားပြီး နောက် ၂ စီးပြန်လာတယ် အိမ်ကနေတောင်မှ အရမ်းကိုမြင်ရတယ်။ ကလေးတွေကိုတောင် မြေအောက်ခန်းကို ပို့ထားရတယ်။ ဒီလိုင်ဇာမြို့တွင်းကို ပတ်ပြီး ပြန်သွားတယ်။ အခုလည်း သေနတ်သံတွေကြားနေရတယ်။ အခုဆို သေနတ်သံမကြားရင် မအိပ်တတ်သလိုတောင် ဖြစ်သွားပြီ” ဟုလိုင်ဇာဒေသခံ အမျိုးသမီးတဦး ကပြောသည်။ ဒီဇင်ဘာ ၂၈ ယမန်နေ့က KIO ရှေ့တန်းစခန်း Lajayang (လဂျားယန်)သို့ အစိုးရဘက်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ ပျံဝဲကာ အနီးပါတ်ဝန်းကျင်ရွာများနှင့် KIA တပ်စခန်းများအား ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KIA အရာရှိများပြောသည်။ ထိုသို့မြန်မာအစိုးရတပ်ဖွဲ့များ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့် လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် လိုင်ဇာမြို့တွင်လည်းစိုးရိမ်ဖွယ်ရှိပြီး မိသားစုတိုင်းတွင် ကတုတ်ကျင်းများတူးထားခိုင်းကား အရေးကြုံလာပါက အချက်ပြမီးဖြင့် သတိပေးသွားမည်ဖြစ်ကြောင်းကို ဗိုလ်မှူး Kareng Naw Awn က KNG ကချင်သတင်းဌာနသို့ ပြောသည်။ “ကတုတ်ကျင်းများတူးထားခိုင်းတယ်။ အရေးကြီးလာရင်တော့ မီးသတ်ကားနဲ့ အချက်ပြဖို့လုပ်ထားတယ်။ ပထမ အချက်ပေးရင်တော့ ကြောက်ရမယ်။ ဒုတိယ အချက်ပေးရင်တော့ ကတုတ်ကျင်းကို ၀င်ရမယ်။ တတိယ အချက်ပေးရင်တော့ ဘာမလိုတော့ဘူးဆိုပြီ အချက်ပေးသွားဖို့ စီစဉ်ထားတယ်” ဟုပြောသည်။ ယနေ့တွင်လည်း Lajayang (လဂျားယန်) အနီးတ၀ိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) အရာရှိများပြောသည်။ Ref; Jade Land