แ€ฑแ€”แ€•แ€ฐแ€ฑแ€แ€ฌแ€„แ€นแ€…แ€ฎแ€™แ€ถแ€€แ€ญแ€”แ€นแ€ธแ‚แ€ฝแ€„แ€นแ€ทแ€•แ€แ€นแ€žแ€€แ€นแฟแ€•แ€ฎแ€ธ แ€ฑแ€’แ€žแ€แ€ถแ€แ€ฏแ€ญแ‚” แ€แ€ถแ€…แ€ฌแ€ธแ€ฑแ€”แ€›แ€™แ‚ˆแ€™แ€บแ€ฌแ€ธแ€€แ€ฏแ€ญ แ‚แ€ฏแ€ญแ€„แ€นแ€„แ€ถแ€ฑแ€แ€ฌแ€นแ€žแ€ฏแ€ญแ‚” แ€แ€„แ€นแ€ปแ€•แ€žแ€ผแ€ฌแ€ธแ€™แ€Šแ€น
ေแ€”แ€•ူေแ€ာแ€„်แ€…ီแ€™ံแ€€ိแ€”်းနှแ€„့်แ€•แ€်แ€žแ€€်แฟแ€•ီး ေแ€’แ€žแ€ံแ€ုိแ‚” แ€ံแ€…ားေแ€”แ€›แ€™ႈแ€™်ားแ€€ုိ နိုแ€„်แ€„ံေแ€ာ်แ€žိုแ‚” แ€แ€„်ြแ€•แ€žွားแ€™แ€Š်
တောင်ကုတ်မြို့နှင့် မိုင် ၃၀ အကွာတွင်ရှိသော နေပူတောင် မာဘယ်ကျောက်ထုတ်လုပ်စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံတို့၏ ရပိုင်ခွင့်များနှင့် ဒေသခံတို့၏ ခံစားနေရသော အခက်အခဲများကို နိုင်ငံတော် အစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ယက် ဥက္ကဌ ကိုတင်ထူးအာင်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ ရခိုင်အမျိုးသားကွန်ယက် (ANN) ရုံးခန်းတွင် ANN ၊ ရခိုင်ပြည် သဘာဝသယံဇာတ၊ ၈၈ ရခိုင်ဖွံ့ဖြိုးရေးအဖွဲ့နှင့် တောင်ကုတ် လူထု အကျိုးဆောင်အဖွဲ့မှ တာဝန်ရှိသူတို့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“ အဓိက နေပူတောင် စီမံကိန်းနဲ့ ပါတ်သက်ပြီး လက်ရှိဒေသခံတွေ ခံစားနေရတာတွေ၊ ပြီးတော့ အဲဒီအကျိုးဆက်တွေ၊ ဖြစ်ပျက်နေတာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာတွေပါ။ ဘယ်လိုဖြေရှင်းမလဲဆိုတော့ သက်ဆိုင်ရာ ကော်မတီတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ နိုင်ငံတော် အစိုးရဆီကို စာပေးပို့ပါမယ်။ ” ဟု ကိုတင်ထူးအောင်က ပြောသည်။
များမကြာမီ တပြည်နယ်လုံးအတိုင်းအတာဖြင့် သံတွဲမှာပြုလုပ်မည့် ရခိုင်ပြည် သဘာဝသယံဇာတနှင့်ပတ်သက်ပြီး မလုပ်ရုံဆွေးနွေးမှ ရရှိလာသော အစီစဉ်များ၊ ဆုံဖြတ်ချက်များဖြင့် နေပူဆောင်စီမံကိန်းကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုတင်ထူးအောင်က “ ဒေသခံတွေ ခံစားနေရတာကတော့ လူမှုရေးအကျိုးဆက်တွေ၊ သဘာပတ်ဝန်းကျင် အကျိုးဆက်တွေ၊ ဒီဟာတွေအပေါ်မှာ အခုလုပ်နေတဲ့ ကုမ္ပဏီက ဘယ်လောက်ထိ အကျိုးကျေးဇူးတွေ ပြန်ပြုလဲဆိုတာတွေ၊ ဒီဒေသက အကျိုးကျေးဇူးတွေကိုယူပြီးတော့ ပြန်လို့ကျတော့ မပြုဘူး။ ဒီဟာသည်ပင်လျှင် ဒီဒေသက ဒေသခံတွေ ခံစားနေတာရဖြစ်တယ်။ ” ဟု ပြောသည်။
မကြာသေးခင်ကလည်း အဆိုပါ မာဘယ်ကျောက်ထုတ်လုပ်နေသည့် စီမံကိန်းနှင့်ပတ်သက်ပြီး ရခိုင်ပြည် မြို့နယ်အချို့က ကိုယ်စားလှယ်များသွားရောက် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
From-Development Journal
แ€ฑแ€แ€ฌแ€„แ€นแ€€แ€ฏแ€แ€นแฟแ€™แ€ญแ€ณแ‚•แ€แ€ผแ€„แ€น แ€ฅแ€ฎแ€ธแ€ฅแ€แฑแ€™แ€›แ€ฏแ€•แ€นแ€‘แ€ฏ แ€…แ€ฏแ€ญแ€€แ€นแ€‘แ€ฐแ€™แ€Šแ€นแ€ท แ€ฑแ€ปแ€™แ€ฑแ€”แ€›แ€ฌ แ€ฑแ€›แ‚Šแ‚•แ€ฑแ€ปแ€•แ€ฌแ€„แ€นแ€ธแ€แ€ถแ€›
ေแ€ာแ€„်แ€€ုแ€်แฟแ€™ိုแ‚•แ€ွแ€„် แ€ฅီးแ€ฅแ€္တแ€™แ€›ုแ€•်แ€‘ု แ€…ိုแ€€်แ€‘ူแ€™แ€Š့်ြေแ€™ေแ€”แ€›ာ ေแ€›ႊแ‚•ေျแ€•ာแ€„်းแ€ံแ€›
ဖေဖေါ်ဝါရီ ၂၆
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် စစ်တွေ၊ မြောက်ဦးတို့မှာလို ဆရာတော် ဦးဥတ္တမရုပ်ထုကို စိုက်မည်ဟု မြို့တွင်း၌ မြေနေရာစီစဉ်သော်လည်း ဒေသခံခရိုနီများက ကန့်ကွက်မှုများ၊ ပိုင်စိုးပိုင်နက်ပြုလုပ်မှုများကြောင့် တောင်ကုတ်မြို့နှင့် တစ်ဖာလုံးဝေးသော နေရာသို့ ရွှေ့ပြောင်းပေးလိုက်ရကြောင်း သတင်းရရှိသည်။
ဆရာတော် ဦးဥတ္တမရုပ်ထုကို တောင်ကုတ်မြို့၊ မြို့လယ်ခေါင် ညောင်ပင်ဝိုင်း၌ စိုက်ထူမည်ဟု စီစဉ်ထားသော်လည်း ဒေသခံခရိုနီးများက ဟန့်တားမှုများ ရှိသောကြောင့် မြို့အထွက်နှင့် တစ်ဖာလုံးဝေးသော ပြည်တောင်ကုန်းလမ်းဘေး၌ စိုက်ထူသွားမည်ဖြစ်ကြောင်း လူထုအကျိုးဆောင် ကော်မတီ (တောင်ကုတ်) တာဝန်ခံ ကိုဇေယျကျော်က ပြောသည်။
“ အဓိက မြို့နယ်စည်ပင်သာယာရဲ့ အမြော်အမြင်ပါ။ အရင်သတ်မှတ်ထားတာက မြေနေရာကျဉ်းမြောင်းလို့ပါ။ လူနေရပ်ကွက်ထဲမှာ ရှိနေတဲ့အတွက်ဆိုပြီး အကြောင်းပြပါတယ်။ အဓိက ဒီနှစ်ချက်ပါပဲ။ အဓိက ခရိုနီတွေ ပါဝင်ပတ်သက်နေပါတယ်။ ” ဟု ပြောသည်။
ဦးဥတ္တမ ရုပ်ထုကို စိုက်ထူရန် အလှူငွေများ လိုက်လံအလှူနေခံနေကြောင်း၊ ယခုအချိန်မှာ တစ်ခုမှ အကောင်အထည်မဖော်သေးကြောင်း၊ သို့သော်လည်း လာမည့် စက်တင်္ဘာလ ၉ ရက်နေ့တွင် ဆရာတော် ဦးဥတ္တမ၏ အခမ်းအနား ကျင်းပနိုင်ဆောင် အပြီးဆောင်ရွက်သွားဖို့ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ယခင်က ဆရာတော် ဦးဥတ္တမပန်းခြံကို ကန်တော်မန်ပန်းခြံအဖြစ်ပြောင်းလဲပေးခဲ့ပြီး ယခုတော့ ယင်းပန်းခြံကို ဆရာတော် ဦးဥတ္တမပန်းခြံအဖြစ် လွှတ်တော်က အည်ပြုဌာန်းလိုက်ပြီဖြစ်ကြောင်း၊ ယင်းအပြင် ရခိုင်ပြည်နယ်ထဲမှာလည်း မြောက်ဦး၊ စစ်တွေမြို့တို့တွင် ဆရာတော် ရုပ်ထုရှိပြီး ယခုတောင်ကုတ်မြို့မှာ ရှိလာမည်ဖြစ်ကြောင်း သိရသည်။
၎။ တောင်ကုတ်မြို့တွင် စာပေဟောပြောပွဲတစ်ခု မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်မပြု၍ လွယ်ကွင်း၌ကျင်းပရန်စီစဉ်
တေင်ကုတ်မြို့၌ ယခုလ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီက ကြီးမှူးပြီး ဆရာကျော်သူနှင့် ဆရာဖေမြင့်တို့ စာပေဟောပြောပွဲ ပြုလုပ်ရန် ယင်းပါတီက မြို့နယ်ဘောလုံးအားကစားကွင်းနှင့် မြို့ရှိခန်းမအား ငှားရမ်းသော်လည်း တောင်ကုန်မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်မပြုသောကြောင့် လယ်သမားတစ်ဦး၏ အကူအညီဖြင့် လယ်ကွင်း၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးကျော်သူမှာ ရန်ကုန်နာရေးကူညီမှုအသင်းက ဖြစ်ပြီး ဦးဖေမြင့်မှာ စာရေးဆရာဖြစ်သည်။ ယခုလို စာပေဟောပြောပွဲ ကျင်းပရခြင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ သစ်နှစ် ၁၀၀ ပြည့်နှစ်ကို ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်းသိရသည်။
“ မြို့နယ်အုပ်ချုပ်ရေးမှူးက ပါတီကလုပ်မယ်ဆိုရင် ခန်းမကို မှငှားနိုင်ပါလို့ ပြောတယ်။ မြို့နယ်ဘောလုံးအားကစားကွင်းကို သွားဌားသော်လည်း အားကစားမှူးကတော့ ခွင့်ပြုပြီးတော့ အုပ်ချုပ်ရေးမှူးက ခွင့်မပြုဘူး။ ” ဟု ပြောသည်။
တောင်ကုတ်မြို့တွင် ဗုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်ပြီး မွေးနေ့များကို ကျင်းပလေ့မရှိသော်လည်း ယခုနှစ်တွင် နှစ်တစ်ရာပြည့်ဖြစ်သောကြောင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ပထမဆုံးအကြိမ်လည်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးက တညဟောပြောမှာဖြစ်မဖြစ်ဖြစ်သောနည်းနှင့် ကျင်းပသွားမည်ဖြစ်ပြီး ဦးကျော်သူနှင့် ဦးဖေမြင့် တို့ ဟောပြောမှာဖြစ် သည့်အတွက် ယခုစာပေဟောပြောပွဲ ကောင်းလိမ့်မည်ဟု ဒေသခံများကသုံးသပ်နေကြသည်။
From-DNews Journal
แ€ฑแ€ปแ€™แ€•แ€ฏแ€ถแฟแ€™แ€ญแ€ณแ‚•แŠ แ€„/แ€™แ€”แ€นแ€ธแ€›แ€ฒแ€€แฝแ€ผแ€”แ€นแ€ธแ€›แ€ฝแ€ญ แ€กแ€…แ€ญแ€ฏแ€ธแ€›แ€แ€ฌแ€แ€™แ€ถแ€กแ€ฌแ€ธ แ€šแ€แ€ฏแ‚แ€ฝแ€…แ€น แ€™แ€ฏแ€ญแ€ธแ€›แ€ฌแ€žแ€ฎแ€™แ€แ€ญแ€ฏแ€„แ€นแ€™แ€ฎ แ€กแฟแ€•แ€ฎแ€ธแ€†แ€Šแ€นแ€–แ€ญแ€ฏแ‚”แ€žแ€ผแ€ฌแ€ธแ€™แ€Šแ€นแ€Ÿแ€ฏแ€†แ€ญแ€ฏ
ြေแ€™แ€•ုံแฟแ€™ိုแ‚•၊ แ€„/แ€™แ€”်းแ€›ဲแ€€แฝွแ€”်းแ€›ှိ แ€กแ€…ိုးแ€›แ€ာแ€แ€™ံแ€กား แ€šแ€ုနှแ€…် แ€™ိုးแ€›ာแ€žီแ€™แ€ိုแ€„်แ€™ီ แ€กแฟแ€•ီးแ€†แ€Š်แ€–ိုแ‚”แ€žွားแ€™แ€Š်แ€Ÿုแ€†ို
ရခိုင်ပြည်နယ်၊ မြေပုံမြို့ င/မန်းရဲကျွန်းတွင် တည်ဆောက်ထားသည့် အစိုးရတာတမံအား ယခုနှစ် မိုးရာသီမတိုင်မီ အပြီး ဆည်ဖို့သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းတာတမံအား ၂၀၀၉-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းအလျား ၂၅.၄၃ မိုင်အား ဆောင်ရွက်ပြီးစီးခဲ့ပြီးနောက် ကျန်ရှိနေသည့် အလျားများကို ယခုနှစ် မိုးရာသီမတိုင်မီ အပြီးဆည်ဖို့ သွားမည် ဖြစ်သည်။
“နောက်ကျန်နေသေးတဲ့ အလျားငါးမိုင်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေနဲ့ ၂၀၁၅ ခုနှစ် မိုးရာသီမတိုင်မီ ရာနှုန်း ပြည့် ပြီးစီးအောင် ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌါန ဦးခင်ဇော်မှ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
(၁၁)ကြိမ်မြောက် ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြေပုံမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဖေသန်းမှ မြေပုံမြို့နယ်၊ င/မန်းရဲကျွန်းရှိ အစိုးရတာတမံ ပြီးမြောက်ရေးနှင့် တာတမံအတွင်းရှိ ပုဇွန်ကန် ပြဿနာ များ ရှင်းလင်းပေးရန် မေးမြန်းချက်အပေါ်တွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြေပုံမြို့နယ်ရှိ င/မန်းရဲကျွန်းတွင် တည်ဆောက်ထားသော အစိုးရတာတမံသည် အလျားမိုင် ၃၆ မိုင်နှင့် ဧရိယာဧက ၁၂၃၀၀ ဧက ရှိပြီး ၁၀၀၄ ခုနှစ်ခန့်တွင် မုန်တိုင်းတိုက်ခံခဲ့ရသောကြောင့် တာတမံ ပျက်စီးခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် ယင်းတာတမံထဲတွင် စီးပွားရေးလုပ်ငန်းရှင်များမှ ပုစွန်ကွင်းများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံ အလုပ် သမားများနှင့် ပြဿနာများ ဖြစ်ခဲ့ပြီး အရေးယူဆောင်ရွက်ခြင်း မရှိသောကြောင့် နီးစပ်ရာမြို့နယ်များရှိ အစိုးရ တာများပေါ် တွင်လည်း ပုစွန်ကွင်းများ ပြုလုပ်လာနေကြောင်း သိရှိရသည်။
From-Development News Journal
แพแ€€แ€€แ€นโ€‹โ€‹แ€ฑแ€ปแ€แ€”แ€ฎแ€šแ€ฌแ€ฅแ€นโ€‹แ€แ€”แ€นโ€‹แ€ธแ€™แ€บแ€ฌแ€ธ แ‚แ€ฝแ€…แ€นโ€‹แ‚€แ€€แ€ญแ€™แ€นโ€‹แ€แ€ญแ€ฏแ€„แ€นโ€‹แ€แ€ญแ€ฏแ€„แ€นโ€‹ แ€แ€ญแ€ฏแ€€แ€นโ€‹แ€แ€ญแ€ฏแ€€แ€นโ€‹แ€ปแ€แ€„แ€นโ€‹แ€ธแ€แ€ถแ€›โ€‹แ€ฑแ€žแ€ฌแ€นโ€‹แ€œแ€Šแ€นโ€‹แ€ธ แ€šแ€แ€ฏแ€‘แ€ญ แ€œแ€€แ€นโ€‹แ€žแ€Šแ€นโ€‹แ€™โ€‹แ€ฑแ€•แšโ€‹แ€ฑแ€žแ€ธ
แพแ€€แ€€်ြေแ€แ€”ီแ€šာแ€ฅ်​แ€แ€”်းแ€™ျား နှแ€…်​แ‚€แ€€ိแ€™်​แ€ိုแ€„်​แ€ိုแ€„်​ แ€ိုแ€€်​แ€ိုแ€€်ြแ€แ€„်းแ€ံแ€›ေแ€žာ်​แ€œแ€Š်း แ€šแ€ုแ€‘ိ แ€œแ€€်​แ€žแ€Š်​แ€™​ေแ€•แš​ေแ€žး
(၂၄-၂-၂၀၁၅ ၊ ​လေးမြို့  ပြည်​တွင်းသတင်း)
အစိုးရစစ်​တပ်​နှင့်​ ကိုးကန့် တပ်​ဖွဲ့ တို့  စစ်​ပွဲများအတွင်း စစ်​​ရှောင်​ပြည်​သူများအား ကူညီကယ်​ဆယ်​​နေသည့်​ ကြက်​​ခြေနီတပ်​ဖွဲ့၏ ယာဉ်​တန်းများ နှစ်​ကြိမ်​တိုင်​တိုင်​ တိုက်​ခိုက်​ခံခဲ့ရ​သော်​လည်း မည်​သည့်​အဖွဲ့  ၏ လက်​ချက်​ဟု တိတိကျကျ မသိရ​သေးဘဲ တစ်​ဖွဲ့  အ​ပေါ် တစ်​ဖွဲ့  က စွပ်​စွဲချက်​များဖြင့်​ အပြစ်​ပုံချကာ တရားခံ အစစ်​အမှန်​လက်​သည်​ မ​ပေါ်နိုင်​ဘဲ ဖြစ်​​နေ​ကြောင်း သိရသည်​။
င်း​စစ်​ပွဲအတွင်း အလံဖြူလွှင့်​ထူထားသည့်​ ကြက်​​ခြေနီယာဉ်​များတိုက်​ခိုက်​ခံရမှုနှင့်​ ပတ်​သက်​၍ အစိုးရစစ်​တပ်​ဘက်​မှ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက အဆိုပါပစ်​ခတ်​တိုက်​ခိုက်​မှုသည်​ MNDAA ကိုးကန့်တပ်​ဖွဲ့ ၏လက်​ချက်ဖြစ်
ကြောင်း ပထမကြိမ်​ ကြက်​​ခြေနီယာဉ်​တန်းများ တိုက်​ခိုက်​ခံရမှုပြီး ​ဖေ​ဖော်​ဝါရီ ၂၁ ရက်​​နေ့ က
နေပြည်​​တော်​၌ ကျင်းပသည့်​ သတင်းစာရှင်းလင်း
ပွဲတွင်​ စွပ်​စွဲ​ပြောကြားလိုက်​ခြင်း​ဖြစ်​ပြီး အဆိုပါကြက်​​ခြေနီယာဉ်​တန်းအား တိုက်​ခိုက်​ခံရသည့်​ပြစ်​မှုအတွက်​ ထိ​ရောက်​စွာ အ​ရေးယူ​ဆောင်​ရွှက်​သွားမည်​ဟု ​ပြောကြား
ခဲ့​ကြောင်း သိရသည်​။
သို့ ​သော်​ အဆိုပါကြက်​​ခြေနီယာဉ်​တန်း တိုက်​ခိုက်​ခံရမှုများနှင့်​ ဆက်​စပ်​၍ မည်​သည့်​အဖွဲ့ က ပစ်​ခတ်​တိုက်​ခိုက်​ခြင်း ဖြစ်​သည်​ကို မသိရ​သေး​သော်​လည်း ကိုးကန့်တပ်​ဖွဲ့  (MNDAA )မှ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးထွန်းမြတ်​လင်းက သူတို့ တပ်​ဖွဲ့ မှ ပစ်​ခတ်​ခဲ့ခြင်းမဟုတ်​ဟု နှစ်​ကြိမ်​တိုင်​တိုင်​  ငြင်းဆိုသွားခဲ့​ကြောင်း သိရသည်​။
ကိုးကန့်တပ်​မှ ဦးထွန်းမြတ်​လင်းက ပထမအကြိမ်​ ကြက်​​ခြေနီယာဉ်​တန်းများ တိုက်​ခိုက်​ခံရမှုနှင့်​ စပ်​လျဉ်း၍ “လောက်ကိုင်မြို့ရဲ့ နောက်ဘက်ပတ်ဝန်းကျင်ရယ်၊ နောက်ပြီးတော့ ချင်းရွှေဟော် ဆိုတဲ့မြို့နဲ့ကြားက မြန်မာ့တပ်မတော် ထိန်းချုပ်ထားတဲ့ နယ်မြေပါခင်ဗျ။ သူတို့ထိန်းချုပ်တဲ့ နယ်မြေဆိုတော့ ကျနော်တို့တပ်က အဲဒီမှာ ပစ်ဖို့မပြောနဲ့ ကပ်ဖို့တောင် မလွယ်ပါဘူး။ အဲဒီတော့ ဒီကြက်ခြေနီ ယာဉ်တန်းက ကျနော်တို့ သွားပစ်ခတ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူးခင်ဗျ။ ကျနော် ငြင်းလည်းငြင်းပါတယ်ခင်ဗျ။ "ဟု
အစိုးရစစ်​တပ်​ဘက်​မှ စွပ်​စွဲချက်​များအား ငြင်းဆိုသွားပြီး ဒုတိယအကြိမ် အကြိမ်တွင်လည်း ​​​``မဟုတ်ပါဘူးဗျ။  အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်လည်း ရှင်းပြခဲ့ပြီးပါပြီခင်ဗျ။ လောက်ကိုင်ကနေတောက်လျှောက် ချင်းရွှေဟော်အထိက ဗမာ့တပ်မတော်က
နေပြီးတော့မှ ထိန်းသိမ်းထားပါတယ်။ ကျနော်တို့ လမ်းတဘက်တချက်ကို ကပ်ချင်ရင်တောင် ကပ်လို့မရပါဘူး။ အဲဒီတော့ ကျနော်တို့ ပစ်ခွင့်လည်း မရှိပါဘူးခင်ဗျ။´´ဟု ငြင်းဆိုလိုက်
ေ​​ကြာင်း သိရသည်​။
အဆိုပါ အပြန်​အလှန်​တုံ့ ပြန်​​ပြောဆိုချက်​များကို သုံးသပ်​ရမည်​ဆို​သော်​ ကိုးကန့် တပ်​ဖွဲ့ မှ ဦးထွန်းမြတ်​လင်း ​ပြောဆိုချက်​အရ ကြက်​​ခြေနီယာဉ်​များတိုက်​ခိုက်​ခံရသည့်​ ​မြေပြင်​အ​နေအထားသည်​ အစိုးရစစ်​တပ်​၏ ထိန်းချုပ်​နယ်​​မြေအတွင်းဖြစ်​သဖြင့်​ ကိုးကန့်တပ်​မှ ပစ်​ခတ်​ခြင်းမဟုတ်​ဟု ယူဆရ
မလိုလိုဖြစ်​ပြီး တဖန်​ အစိုးရစစ်​တပ်​၏ ထိမ်းချုပ်​နယ်​​မြေအတွင်း ဖြစ်​ပွားခဲ့သဖြင့်​ စစ်​တပ်​ကပဲ ပစ်​ခတ်​ခဲ့သလိုလို ထင်​​ယောင်​ထင်​မှား ယူဆနိုင်​ဖွယ်​ဖြစ်​​နေသည်​။
အဆိုပါကြက်​​ခြေနီယာဉ်​တန်းများ တိုက်​ခိုက်​ခံရမှုပတ်​သက်​၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်လှက
“Geneva Convention အရ ပဋိပက္ခဖြစ်တဲ့ အချိန်မှာ၊ ကျနော်တို့ အရပ်ဖက်ပေါ့နော် အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်ပိုင်ခွင့် မရှိပါဘူး။ နောက်တချက်က ကျနော်တို့ International Humanitarian Law ဆိုတာရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေဆိုတာ ရှိပါတယ်။ အဲဒီဥပဒေအရလည်း ဒီလိုလုပ်ခွင့်မရှိပါဘူး။ ဒီလိုပစ်ခတ် တိုက်ခိုက်ခြင်း
အားဖြင့် Geneva Convention နဲ့ IHL ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ကျနော်တို့မြင်ပါတယ်။ ဒါမျိုးက မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စ ဖြစ်ပါတယ်”ဟု ​ပြောကြားခဲ့​ကြောင်း သိရသည်​။
ပြီးခဲ့​သော ​ဖေ​ဖော်​ဝါရီ ၁၇ ရက်​နေ့ က
ဒဏ်​ရာရရှိခဲ့​ကြောင်း သိရသည်​။ ​တဖန် ​ဖေ​ဖော်​ဝါရီ  ၂၂ ရက်​​နေ့ တွင်​ ဒုတိယအကြိမ်​ တိုက်​ခိုက်​ခံခဲ့ရပြီး ကား​ပေါ်တွင်​ ပါလာသည့်​  ​စေတနာဝန်​ထမ်း ကြက်​​ခြေနီတပ်​ဖွဲ ဝင်​တစ်​ဦး ၊
သတင်း​ထောက်​တစ်​ဦး နှင့်​ အရပ်​သား ၃ ဦး တို့  ထိခိုက်​ဒဏ်​ရာများ ရရှိခဲ့​ကြောင်း သိရသည်​။သို့ ​သော်​ အဆိုတိုက်​ခိုက်​ခံရမှု၏ တရားခံလက်​သည်
ကို​တော့ အခုထိ တိတိကျကျ ​ဖော်​ထုတ်​နိုင်​ခြင်း
မရှိ​သေး​ကြောင်း သိရသည်​။
ရေးသားသူ - မင်းမြတ်​ခိုင်
တင်​ဆက်​သူ - ​လေးမြို့  သတင်းမီဒီယာ
โ€‹แ€ฑแ€™แ€ฌแ€„แ€นโ€‹โ€‹แ€ฑแ€แ€ฌแŒ แ€ปแ€–แ€…แ€นโ€‹แ€•แ€ผแ€ฌแ€ธโ€‹โ€‹แ€ฑแ€”แ€ฑแ€žแ€ฌ แ€“แ€ฌแ€ธแ€ปแ€•แ€™แ‚ˆแ€กแ€™แ€บแ€ฌแ€ธแ€…แ€ฏแ€แ€ผแ€„แ€นโ€‹ แ€˜แ€‚แคแ€œแ€ฌแ€ธโ€‹แ€ฑแ€’แ€ทแ‚แ€ฝแ€นโ€‹แ‚แ€ญแ€ฏแ€„แ€นโ€‹แ€„แ€ถแ€™แ€ฝ แ€˜แ€‚แคแ€œแ€ฎแ€’แ€ฏแ€€แกแ€žแ€Šแ€นโ€‹แ€™แ€บแ€ฌแ€ธ แ€•แ€ซแ€แ€„แ€นโ€‹แ€•แ€แ€นโ€‹แ€žแ€€แ€นโ€‹โ€‹แ€ฑแ€”
(၂၃-၂-၂၀၁၅ ၊ ​လေးမြို့  ​ဒေသတွင်းသတင်းတို)
မြန်​မာနိုင်​ငံအ​နောက်​ဖက်ခြမ်း ၊ မြန်​မာ-ဘင်္ဂလား​ဒေ့ရှ်​နယ်​စပ်​ မြို့  တစ်​မြို့ ဖြစ်​​သော ​မောင်​​တောမြို့ နယ်​၌ မကြာခဏဆိုသလို ဓားပြတိုက်​လုယက်​​သတ်​ဖြတ်​မှုများ ဖြစ်​​ပွား​လျှက်​ရှိပြီး ထိုမှုခင်းအများစုတွင်​ တဖက်​နိုင်​ငံဖြစ်​​သော ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံမှ ဘင်္ဂလီဒုက္ခသည်​များ ပါဝင်​ဆက်​နွယ်​ပတ်​သက်​​လေ့ရှိ​​နေသည်​ဟု
မောင်​​တောခရိုင်​ရဲတပ်​ဖွဲ့  မှ ​ပြောကြားခဲ့​ကြောင်း  RNG စာမျက်​နှာ၏ ​ဖော်​ပြချက်​အရ သိရသည်​။
လွန်​ခဲ့ ​သော ၂၀၁၅ ခုနှစ်​အစပိုင်း ဇန်​နန်​ဝါရီလအတွင်းက မောင်​​တောမြို့ နယ်​ ၊ ​တောင်​ပိုင်းရှိ ​ကျေးရွာအချို့ တွင်​ ဓားပြမှု များ ဖြစ်​ပွားပြီး ယခု​ဖေ​ဖော်​ဝါရီလအတွင်း၌လည်း ဓားပြတိုက်​ရန်​ ကြံစည်​ခဲ့သူများကို ဖမ်းဆီးထိန်းသိမ်းနိုင်​ခဲ့​ကြောင်း အဆိုပါသတင်း၌ ​တွေ့ ရသည်​။
အဆိုပါ ဓားပြတိုက်​လုယက်​၊သတ်​ဖြတ်​မှုများနှင့်​ စပ်​လျဉ်း၍ ​မောင်​​တောခရိုင်​ ၊ ရဲတပ်​ဖွဲ့ရုံးမှ ဒုတိယရဲမှူးကြီး ဦးသန်း​ဆွေက “အဓိက ကတော့ ဒီဘက်ကထွက်ပြေးသွားတဲ့လူတွေ က ပြန်လာတိုက်ကြတာပါ။ ဒီဘက်က ထွက်ပြေးသွားပြီး၊ ဘင်္ဂလားဒေ့ခ်ျဘက်က ဒုက္ခသည် စခန်းမှာနေတယ်။ အခက်အခဲ
ဖြစ်လာတဲ့ အချိန်ကျတော့ သေနတ်လေးဘာလေး ငှားပြီးတော့ မြန်မာနိုင်ငံဘက် ပြန်ဝင်ပြီး ဓားပြတိုက်ကြတယ်” ဟု ​ပြောကြားခဲ့​ကြောင်း သိရသည်​။
ပြီးခဲ့​သော ရက်​ပိုင်း(​ဖေ​ဖော်​ဝါရီ ၁၆ ရက်​)​​နေ့  ကလည်း ​မော​တောခရိုင်​ ၊ ငန်း​ချောင်း​ကျွေးရွာတွင်​ ဓားပြမှုတစ်​ခုဖြစ်​ပွားခဲ့ရာ ​မောင်​​တောခရိုင်​ ၊ နယ်​ခြား​စောင့်​တပ်​ဖွဲ့  နှင့် ဓားပြအဖွဲ့ ​တို့ အကြား အပြန်​အလှန်​ပစ်​ခတ်​မှုများ ဖြစ်​ပွားခဲ့သည်​။ ထိုဓားပြမှု၊လုယက်​မှုတွင်​ ဓားပြအဖွဲ့ ဝင်​တစ်​ဦးဖြစ်​​သော ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ မူဆိုနီ ဒုက္ခသည် စခန်းမှ ဘင်္ဂါလီတစ်ဦးကို အသေဖမ်းမိခဲ့ပြီး၊ အခြား တစ်ဦးကို လက်လုပ် သေနတ်တစ်လက် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ အပြင်​ လွန်​ခဲ့​သော  ​ဖေ​ဖော်​ဝါရီ ၁၅ ရက်​​နေ့ ကလည်း ​မောင်​​တောခရိုင်​ ၊ ဘူးသီး​တောင်​မြို့ နယ်​အတွင်း ဓားပြမှုတစ်​ခုဖြစ်ပွားဖြစ်​ပြီး အပြန်​အလှန်​ပစ်​ခတ်​မှုများ​ကြောင့်​ လူ​သေဆုံးမှုများရှိခဲ့​ကြောင်း သိရသည်​။
မင်းမြတ်​ခိုင်​ (​လေးမြို့  )
แ€กแ€ฏแ€ญแ€„แ€นแ€กแ€€แ€นแ€…แ€นแ€…แ€…แ€นแ€ฑแ€žแ€ผแ€ธแพแ€€แ€ผแ€™แ€บแ€ฌแ€ธแ€€ แ€“แ€ฌแ€ธแ€…แ€ฌแ€แ€ถแ€™แ€บแ€ฌแ€ธแ€กแ€ฌแ€ธ แ€ฑแ€œแ€ฝแ€ฌแ€„แ€นแ€แ€บแ€ณแ€ญแ€„แ€นแ€ทแ€‘แ€ฒ แ€‘แ€Šแ€นแ€ทแ€€แ€ฌ แ€…แ€ฎแ€แ€”แ€นแ€ธแ€œแ€ฝแ€Šแ€นแ€ทแ€œแ€Šแ€น
แ€กိုแ€„်แ€กแ€€်แ€…်แ€…แ€…်ေแ€žွးแพแ€€ွแ€™ျားแ€€ แ€“ားแ€…ာแ€ံแ€™ျားแ€กားေแ€œှာแ€„်แ€ျိုแ€„့်แ€‘ဲ แ€‘แ€Š့်แ€€ာ แ€…ီแ€แ€”်းแ€œှแ€Š့်แ€œแ€Š်
အိုင်အက်စ်စစ်သွေးကြွများက ၄င်းတို့ဖမ်းဆီးခေါ် ဆောင်ထားသည့် အီရတ်ကာဒစ္စတန်စစ်သား ဓားစာခံများ အား လှောင်ချိုင့်ထဲတွင်ထည့်ကာ အီရတ်နိုင်ငံရှိ ၄င်းတို့ သိမ်းပိုက်ထားသော နယ်မြေများအတွင်း ကားများဖြင့် စီတန်းလှည့်လည်ခဲ့သည့်ဗီဒီယိုဖိုင်တစ်ခုကို တွစ်တာ စာမျက်နှာပေါ်တွင်ယနေ့ ပြသခဲ့သည်။
ဗီဒီယိုဖိုင်ထဲတွင် ဓားစာခံ၂၁ယောက်ကို လိမ္မော်ရောင် အင်္ကျီများဝတ်ဆင်ထားပြီး အီရတ်နိုင်ငံ ကာကွဒ်စီရင်စု အတွင်း လူစည်ကားသောနေရာများတွင် စီတန်းလှည့်လည် ပြသခဲ့သည်။
မျက်နှာဖုံးစွပ်ထားကာ အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအလံများကို ဝှေ့ရမ်းပြီး လက်နက်များ ကိုင် ဆောင်ထားသည့် စစ်သွေးကြွများက ဓားစာခံများဘေးမှ လိုက်ပါခဲ့သည်။ ဓားစာခံတစ်ဦးစီကို ကားတစ်စင်းစီဖြင့် လှည့်လည်ခဲ့သည်။
ဓားစာခံများအား လှည့်လည်ပြသနေစဉ် စစ်သွေးကြွ တစ်ဦးက ဓားစာခံများအား ရင်တွင်းခံစားချက်များကို အင်တာဗျူးခဲ့သည်။
''အစ္စလာမ္မစ်နိုင်ငံထူထောင်ရေးဗီဒီယိုဖိုင်အသစ် ထဲမှာ အီရတ်ကာဒစ္စတန်စစ်သားတွေကို စီတန်းလှည့်လည် ပြသနေပြီ''ဟု လန်ဒန်ကင်းကောလိပ်ကျောင်းသား ရှီရက်ဂ်ျမာဟာက ၄င်း၏ တွစ်တာစာမျက်နှာပေါ်တွင်ရေး သားထားသည်။
ယခုဗီဒီယိုဖိုင်သည် ယခင်ပြသခဲ့သောဗီဒီယိုဖိုင်များ လောက် ဆိုးရွားမှုမရှိသော်လည်း အဆုံးသတ်တွင်မှု ဓားစာခံများအသက်စတေးရနိုင်ကြောင်း ရှီရက်ဂ်ျမာဟာ က သူ၏ထင်မြင်ယူဆချက်ကို ပြောသည်။
ဒေးလီးမေးလ်
The Mirror Daily
แ€€แ€ญแ€ฏแ€ธแ€€แ€”แ€นโ€‹ แ€ทแ€แ€ญแ€ฏแ€€แ€นโ€‹แ€•แ€ผแ€ฒแ€กแ€แ€ผแ€„แ€นโ€‹แ€ธ แ€–แ€ฏแ€”แ€นโ€‹แพแ€€แ€ฌแ€ธแ‚แ€ฝแ€„แ€นโ€‹โ€‹แ€ฑแ€”แ€ฌแ€€แ€นโ€‹แ€€แ€ผแ€šแ€นโ€‹แ€™แ€ฝ แ€–แ€ฏแ€”แ€นโ€‹แพแ€€แ€ฌแ€ธแ€–แ€ฐแ€ธ แŠ แ€–แ€ฏแ€”แ€นโ€‹แพแ€€แ€ฌแ€ธแ€›แ‚Šแ€„แ€นโ€‹ แŠ แ€–แ€ฏแ€”แ€นโ€‹แพแ€€แ€ฌแ€ธแ€œแ€ฎ แ€แ€ญแ€ฏ แ€ท แ€•แ€ฐแ€ธโ€‹แ€ฑแ€•แ€ซแ€„แ€นโ€‹แ€ธแ€•แ€ซแ€แ€„แ€นโ€‹โ€‹แ€ฑแ€”แ€žโ€‹แ€ฑแ€œแ€ฌ
แ€€ိုးแ€€แ€”့်แ€ိုแ€€်​แ€•ွဲแ€กแ€ွแ€„်း แ€–ုแ€”်​แพแ€€ားแ‚ှแ€„်ေแ€”ာแ€€်​แ€€ွแ€š်​แ€™ှ แ€–ုแ€”်​แพแ€€ားแ€–ူး ၊ แ€–ုแ€”်​แพแ€€ားแ€›ွှแ€„်​ ၊ แ€–ုแ€”်​แพแ€€ားแ€œီ แ€ို့  แ€•ူးေแ€•ါแ€„်းแ€•ါแ€แ€„်​​ေแ€”แ€ž​ေแ€œာ
(၂၁-၂-၂၀၁၅ ၊ ​လေးမြို့  ​ဆောင်းပါးတို)
ဆယ်​ရက်​​ကျော်​သည်​အထိ ယမ်းခိုး​ငွေ့ များ မပြယ်​​ပျောက်​​နိုင်​​သေးသည့်​ ရှမ်းပြည်​နယ်​​မြောက်
ပိုင်းက အစိုးရစစ်​တပ်​နှင့်​ ကိုးကန့်တပ်​တို့  တိုက်​ပွဲများအကြား ဖုန်​ကြားရှင်​၏ ​နောက်​ကွယ်​မှ မည်​သည့်​အဖွဲ့အစည်းများ ပါဝင်​​နေသည်​ဟု
သတင်းအစအနများ ထွက်​​ပေါ်လာခဲ့ပြီး
နောက်​ ဖုန်​ကြားရှင်​၏ ​နောက်​ကွယ်​၌ ဖုန်​မျိုးနွယ်​တစ်​ခုလုံး ပါဝင်​​နေသ​လော စဉ်းစားစရာ ဖြစ်​လာသည်​။
ဖုန်​မျိုးနွယ်​စုတွင်​ ဖုန်​ကြားရှင်​ ၊ ဖုန်​ကြားဖူး ၊ ဖုန်​ကြားရွှင်​ ၊ ဖုန်​ကြားလီတို့ ပါဝင်​ပြီး ထို ၄ ဦးစလုံးသည်​ တစ်​ချိန်​က MNDAA နင့်​ ပတ်​သက်​မှုရှိခဲ့​ကြောင်း သိရသည်​။ ဖုန်​ကြားရှင်​ ဦး​ဆောင်​​သော ဖုန်​ကြားလီ ၊ ရွှင်​ ၊ ဖူး စ​သော MNDAA အဖွဲ့သည်​ ၂၀၀၉ ခုနှစ်​က
မြန်​မာနိုင်​ငံနယ်​နမိတ်​အတွင်း လက်​နက်​စက်​ရုံတည်​​ထောင်​မှု​ကြောင့်​ အစိုးရစစ်​တပ်​က ဖမ်းဆီးအ​ရေးယူရာမှ တိုက်​ပွဲများဖြစ်​ပွားပြီး ရန်​လုံကျိုင်း နယ်​​မြေထဲသို့  တိမ်း​ရှောင်​သွားခဲ့​ကြောင်း ၂၀၀၉ ခုနှစ်​ ၊  သြဂုတ်​လက ထုတ်​ပြန်​​ကြေညာ ခဲ့​သော ကိုးကန့်ဒေသယာယီဦးစီးကော်မတီ၏ ထုတ်​ပြန်​ချက်​အရ သိရသည်​။
ယခုလတွင်​ ​​ပေါ်​ပေါက်​လာခဲ့​သော ဖုန်​ကြားရှင်​၊ တ​ကျော့ပြန်​နယ်​​မြေလုစစ်​ပွဲတွင်​ အစိုးရစစ်​တပ်​ဘက်​မှ ၁၀ ရက်​​ကျော်​ခန့်ကြာမြင့်​သည်​အထိ ​လေ​ကြောင်း ၊ ​ကြည်း​ကြောင်း စစ်​ဆင်​​ရေးများပြုလုပ်​ကာ
ရှင်းထုတ်​​နေ​သော်​လည်း ယခုအထိ အမြစ်​မပြတ်​နိုင်​​သေးခြင်းမှာ တ​ကျော့ပြန်​ ဖုန်​မိသားစု ပါဝင်​​နေသ​ယောင် ယူဆရမလိုလိုပင်ဖြစ်သည်။
ဖုန်​ကြားရှင်​​၏ ​နောက်​ကွယ်​၌ တရုတ်​အစိုးရ ပါဝင်​ရှိ၊မရှိ ကိစ္စနှင့်​ ပတ်​သက်​၍ ​သမ္မတ ရုံးဝန်ကြီးဌာန အမှတ်(၄) ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက `` တကယ်တော့လည်း တရုတ်နယ်မြေမှာ ကိုးကန့်လူမျိုးတွေ ရှိပါတယ်။ သူတို့အမျိုးအချင်းချင်း ဝင်ပြီးတော့တိုက်တာ ခိုက်တာတော့ ရှိချင်ရှိမှာပေါ့ဗျာ။ အဲဒီတော့ တရုတ်က ပါတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ တရုတ်က နိုင်ငံကြီး ဖြစ်ပါတယ်။ နိုင်ငံကြီးဖြစ်တော့ အင်တာနယ်ရှင် နယ် လောအနေနဲ့တော့ လုပ်ချင်လုပ်မှာပဲ။ သူ ကိုယ်တိုင်ပါစရာ မလိုပါဘူး။ သို့သော်လည်း  ရွာ နီးချုပ်စပ်ပေါ့ဗျာ၊ သူတို့က ပါပြီးတော့ ကူညီပြီးတိုက်တာတွေ ရှိနိုင်တယ်လို့ ဒီလိုပဲ တွက်လို့ရတယ်'' ဟု
ဖေဖော်ဝါရီ ၂ဝ ရက် ပြည်ထောင်စုလွှတ်တော် ဟိုဘက်အစည်းအဝေးအပြီး မီဒီယာများအား ​ပြောကြားချက်အရ တရုတ်နိုင်ငံရှိ ဖုန်မျိုးနွယ်စုတစ်ခုလုံး ပါဝင်ေ​​​​​​​​နသ​ယောင် ဖြစ်​​နေသည်။
ဖုန်​ကြားဖူးသည်​ တစ်​ချိန်​က MNDAA ၏ ဒု-ဥက္ကဠ တစ်​ဦးဖြစ်​ခဲ့ သလို ယခုအချိန်​ထိ တရုတ်​နိုင်​ငံ၌ ပုန်း​အောင်း​နေသူတစ်​ဦး ဖြစ်​​ကြောင်း ယူဆနိုင်​သည်​။၂၀၁၁ ခုနှစ်​က နိုင်​ငံ​တော်​သမ္မတထံမှ ဦးဖုန်​ကြားရှင်​နှင့်​ ဖုန်​ကြားဖူးတို့ အား လွတ်​ငြိမ်းချမ်းသာခွင့်
ပေးထားခဲ့​ကြောင်း ဝန်​ကြီး ဦး​အောင်​မင်း၏ ​ပြောကြားချက်​အရ သိရသည်​။
၂၀၀၉ ခုနှစ်​​နောက်​ပိုင်းတွင်​ ဖုန်​ကြားရွှင်​နှင့်​ ဖုန်​ကြားလီတို့ ကို နိုင်​ငံ​ရေး​လောက၌ ထပ်​မံမ​တွေ့ ရ​တော့​သော်​လည်း ယခုတိုက်​ပွဲသည်​ ဖုန်​မျိုးနွယ်​စု၏ တ​ကျော့ပြန်​နယ်​​မြေလုတိုက်​ပွဲများဟုလည်း ယူဆနိုင်​ပါ​သည်​။
အလတ်​​ကောင်
(​လေးမြို့ သတင်းမီဒီယာ)