တော်လှန်ရေး ၆၄ နှစ်ပြည့်ချိန် KNU အခမ်းအနား

တော်လှန်ရေး ၆၄ နှစ်ပြည့်ချိန် KNU ဘာပြောသလဲ

ပြည်တော်မြင့်

မြန်မာအစိုးရနှင့် ပြုလုပ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် အမျိုးသား အကျိုးအတွက် ဖြစ်သောကြောင့် နောက်မဆုတ်တမ်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ယနေ့ကျရောက်သည့် ၆၄ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက
ပြောသည်။

၎င်းက ”စစ်ရေးပဋိပက္ခသည် နိုင်ငံရေးရဲ့ အကျိုးဆက် ဖြစ်တာကြောင့်
နိုင်ငံရေး ပြဿနာကို ပြေလည်အောင် ဆွေးနွေးခြင်းက အဓိကကျတဲ့ အကြောင်းရင်းဖြစ်တယ်၊ တွေ့ဆုံဆွေးနွေးခြင်းနှင့် အပစ်အခတ် ရပ်ဆိုင်းရေးဟာ အရှုံးပေးခြင်း မဟုတ်ဘူး” ဟု လှိုင်းဘွဲမြို့နယ် ကလေးထာ့စခန်းတွင် ပြုလုပ်သည့် အခမ်းအနား အဖွင့်မိန့်ခွန်းတွင်
ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားထုတရပ်လုံး စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေးအတွက်
မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆင့်ကဲဆင့်ကဲ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း စောမူတူးစေးဖိုးက ဖြည့်စွက်ပြောကြားသည်။

ယနေ့ကျရောက်သည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို KNU တပ်မဟာ ၇ ဌာနချုပ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး
ဂျော်နီ တက်ရောက်ပြီး တနိုင်ငံလုံးတွင်စစ်မှန်သောငြိမ်းချမ်းရေးရရှိရန်
အတွက် အစိုးရ တွင်သာမူတည်သည်ဟု ဆိုသည်။

KNLA စစ်ဦးစီးချုပ်က ”တနိုင်ငံလုံးမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမှန်တကယ် လိုချင်ရင် ကရင် တဖွဲ့တည်းနဲ့ ငြိမ်းချမ်းရေး လုပ်လို့မရပါဘူး။
ကရင်အပြင် ကချင်နဲ့ အခြားတိုင်းရင်းသား အဖွဲ့တွေကိုလည်း အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ လိုတယ်။ ဒါမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တပြည်လုံးမှာ ရရှိမှာဖြစ်တယ်’ဟု အခမ်းအနားအပြီးတွင် သတင်းထောက်များကို
ပြောကြားခဲ့သည်။

KNU နှင့်မြန်မာအစိုးရတို့အကြား လက်ရှိပြုလုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ပမာဏအဆင့်သာ ရှိပြီး နိုင်ငံရေးအရ
တွေ့ဆုံဆွေးနွေးမှုများ စတင် ဆွေးနွေးခြင်းများမရှိသေးကြောင်း အဆင့်များစွာတွေ့ဆုံဆွေး နွေးရအုံးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောဂျော်နီကထပ်လောင်းပြောကြားသည်။

KNU သည် အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ ခု နှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲလာခဲ့သည်မှ ၆၄ နှစ်ရှိပြီ ဖြစ်သည်။

ယနေ့ တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့ကို KNLA စစ်ဦးစီးချုပ်က စစ်ဆေးခဲ့ပြီး စစ်ရေးပြအခမ်းအနားသို့ ကရင်အမျိုးသား များနှင့် အခြားတိုင်းရင်းသားလူမျိုးများ ၁၀၀၀ ခန့်တက်ရောက်အား
ပေးခဲ့ကြသည်။

မယ်လဒုက္ခသည်စခန်းမှ ၁၀ တန်းကျောင်းသူ နော်ကညောဖောက”ကျမတို့ ကရင်အမျိုးသားထုကြားမှာ အဓိက လိုအပ်နေတာက စည်းလုံးညီညွှတ်မှုပဲ။
ဒီညီညွှတ်မှုကိုမတည်ဆောက်နိုင်သမျှ ကရင်တွေရဲ့မျှော်လင့်ချက်ကတော့
လေထဲအိမ်ဆောက်တာပဲဖြစ်လိမ့်မယ်” ဟု ဧရာဝတီသတင်းဌာနကို
ပြောသည်။

ယနေ့အခမ်းအနားသို့ တက်ရောက်လာသည့် လှိုင်းဘွဲအခြေစိုက် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၅ ၏ တပ်ရင်းမှူး ဗိုလ်မှူး ၀င်းနိုင်စိန်က
”ကျနော်တို့ကတော့ ကရင်တမျိုးသားလုံးကို စည်းစည်းလုံးလုံးပဲ
ဖြစ်စေချင်တယ်၊ အောက်ကျနောက်ကျတဲ့ အခြေအနေမျိုး မဖြစ်စေချင်ဘူး။ အခြားလူမျိုးတွေနဲ့ တန်းတူ အနေအထားမျိုး ဖြစ်စေချင်တယ်” ဟု ဆိုသည်။

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မှ ဧရာဝတီ
လေးမြို့ ဘလော့ဂ်အား စဉ်ဆက်မပြတ် ၊ မရိုးရလေအောင် နှင့် သတင်းများ အလျင်အမြန်ဆုံးတင်ဆက်ပေးနိုင်အောင် ကြိုးစားနေပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ ၀င်ရောက်ကြည့်ရှုသူများအားလည်း အထူးကျေးဇူးတင်ရှိပါသည်။....
အိမ်ကွင်းနိုင်ပွဲ(၃၀၀)အပြည့်မှာ ရွန်နီလည်း ၁၀၁ဂိုးမြောက်ဂိုး သွင်းနိုင်

ဆောက်သမ်တန်နှင့် ပွဲစဉ်တွင် ၂ဂိုးသွင်းယူနိုင်ခဲ့သည့် ရွန်နီမှာ အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ၎င်း၏ ၁၀၁ဂိုးမြောက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး မန်ယူမှာလည်း ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ (၃၀၀) အနိုင်ရသော ပထမဆုံးအသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော် မန်ယူ အနေဖြင့် ဆောက်သမ်တန်နှင့်ပွဲတွင် အနိုင်ရရေး ရုန်းကန်ခဲ့ရပြီး ပွဲအစ ၃မိနစ်မှာပင် ကာရစ်၏ အမှားမှတစ်ဆင့် အဖွင့်ဂိုး ပေးခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ရွန်နီက ကာဂါဝါ၏ ဖန်တီးမှုမှ ချေပဂိုးပြန်သွင်း ပေးနိုင်ခဲ့ပြီး ယင်းဂိုးမှာ ရွန်နီအတွက် အိုးလ်ထရက်ဖို့ဒ် ၁၀၀ပြည့်ဂိုး ဖြစ်သည်။ ထို့အပြင် ပွဲချိန်၂၇မိနစ်တွင် အီဗရာ ခေါင်းတိုက် ချပေးသော ဘောလုံးကို ရွန်နီက အနီးကပ်ပိတ်သွင်းပြီး မန်ယူအတွက် အနိုင်ဂိုး ရယူပေးနိုင်ခဲ့သည်။ ၂ဂိုးသွင်းပေးခဲ့သည့် ရွန်နီမှာ နောက်ဆုံး၉ပွဲတွင် ၉ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်ယူမှာလည်း မန်စီးတီးကို ၇မှတ်ထပ်ဖြတ်ထားနိုင်ခဲ့သည်။သို့သော်
ဆောက်သမ်တန်ကို အနိုင်ရခဲ့သော်လည်း ယခုပွဲစဉ်တွင် ကံကောင်း၍ အနိုင်ရခြင်းဖြစ်ကြောင်း မန်ယူနည်းပြ ဖာဂူဆန်က ၀န်ခံသွားခဲ့သည်။
မှ YoYarLay

http://yoyarlay.com/sport/football/34018-2013-01-31-11-05-22

အေးချမ်းမွန်မှ  YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လေးမြို့ ဘလော့ဂ်အား စဉ်ဆက်မပြတ် ၊ မရိုးရလေအောင် နှင့် သတင်းများ အလျင်အမြန်ဆုံးတင်ဆက်ပေးနိုင်အောင် ကြိုးစားနေပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ ၀င်ရောက်ကြည့်ရှုသူများအားလည်း အထူးကျေးဇူးတင်ရှိပါသည်။....
ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှာ ညအိပ်ရပ်နားတဲ့ကားတွေ ဖယ်ရှားခိုင်း

၃၁ ဇန်န၀ါရီ ၂၀၁၃

ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှာ ညအိပ်ရပ်နားတဲ့ကားတွေကို
ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စတင်ဖယ်ရှားခိုင်းနေတယ်လို့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးပြ စခန်းက ကားဝယ်ရောင်းလုပ်ကိုင်နေသူအချို့ကDVB ကိုပြောကြားခဲ့ပါတယ်။

" အဓိက ကတော့ မီးဘေးအန္တရာယ်ဖြစ်မှာ စိုးလို့ဆိုပြီး ဖယ်ခိုင်းတာပါ။ ၀ိုင်းအပြင်မှာ ရောအတွင်းမှာပါ ညအိပ်ကားတွေ ရှိတယ် ။နှစ်ခုလုံးကို ဖယ်ခိုင်းတာပါ။ သူတို့ဖယ်ခိုင်းတဲ့အချိန်မှာ မဖယ်ရှားပေးရင် ကရိန်းနဲ့သူတို့ဘာသာ သူတို့ဖယ်ရှားမယ်လို့တော့ပြောတယ်။"လို့
ဝယ်ရောင်းတစ်ဦးကခုလိုပြောပါတယ်။

အခုလို ကားဝိုင်းထဲက ညအိပ်ကားတွေကိုဖယ်ရှားခိုင်းလိုက်တဲ့အတွက် ညအိပ်ကား ထားရှိဖို့ ဂိုဒေါင်တွေ ဌားရမ်းမှုတွေ ပိုများလာနိုင်တယ်လို့လည်း သုံးသပ်ပြောဆိုခဲ့ပါတယ်။
မှ DVB TV News

အေးချမ်းမွန်မှ  DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လေးမြို့ ဘလော့ဂ်အား စဉ်ဆက်မပြတ် ၊ မရိုးရလေအောင် နှင့် သတင်းများ အလျင်အမြန်ဆုံးတင်ဆက်ပေးနိုင်အောင် ကြိုးစားနေပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ ၀င်ရောက်ကြည့်ရှုသူများအားလည်း အထူးကျေးဇူးတင်ရှိပါသည်။....
ဝီကီလိခ် တည်ထောင်သူ ဂျူလီယန်အက်ဆန်း သြစတေးလျရွေးကောက်ပွဲ ၀င်ပြိုင်မည်ဟု ကြေငြာ

ဆစ်ဒနီ၊ ဇန်န၀ါရီ ၃၁ ။

ဝီကီလိခ် ၀က်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယန် အက်ဆန်း
သည် ယခုနှစ်အတွင်းကျင်းပမည့် သြစတေးလျရွေးကောက်ပွဲ
များတွင် အမတ် တစ်ဦးအဖြစ် ဝင်ရောက်အရွေးခံသွားမည်
ဖြစ်ကြောင်း ၎င်း၏အဖွဲ့ အစည်းက ကြေငြာလိုက်သည်။

သြစတေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလာ့ဒ်၏ လာမည့်
စက်တင်ဘာ ၁၄ တွင် နိုင်ငံ၌ အမျိုးသားရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ကြေ ငြာချက်ထွက်ပေါ်လာပြီး နာရီပိုင်း
အတွင်း၌ပင် ဝီကီလိခ်အဖွဲ့ ၏ ကြေငြာချက်၌ မစ္စတာ အက်ဆန်း
ရွေးကောက်ပွဲဝင်မည်ဟု အတည်ပြုကြေ ငြာခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ ၏ကြေငြာချက်၌ “သူ(ဂျူလီယန် အက်ဆန်း) ဟာ ၂၀၁၃ အမျိုးသားရွေးကောက်ပွဲတွေမှာသြစတေးလျ ဆီးနိတ်လွှတ်တော်
အတွက် ယှဉ်ပြိုင်သွားမှာပါ”ဟု ဖေါ်ပြထားသည် ။

အက်ဆန်း၏ မိခင်ခရစ်စတင်းအက်ဆန်းကလည်း “လွှတ်တော်
မှာ အဓိကပါတီကြီးတွေအတွင်းမှာ အမေရိကန်ထောက်ခံတဲ့ ပါတီ နံပတ်တစ်နဲ့ နံပတ်နှစ်တွေပဲ ရှိတာပါ။ ဒါကြောင့် သြစတေးလျ
ပြည်သူတွေဘက်ကလိုက်တဲ့ အမြင်မျိုးနဲ့  အက်ဆန်းအတွက်
လွှတ်တော်မှာ ထူးခြားလာမှာ ပါ” ဟု ပြောကြားသည်။

ဂျူလီယန်အက်ဆန်းသည် ယမန်နှစ်ကပင် သြစတေးလျ
ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ရည်ရွယ်ချက်ရှိကြောင်း ကြေငြာ
ခဲ့ပြီး ပြီးခဲ့သည့်ဇွန်လမှ စ၍ ဆွီဒင်သို့ အမှုလွှဲပြောင်း စစ်ဆေး
စေမှုကို ရှောင်လွှဲရန် လန်ဒန်ရှိ အီကွေဒေါသံရုံးတွင် နိုင်ငံရေး ခိုလှုခွင့် တောင်းခံကာ နေထိုင်နေခဲ့သည်။

Ref: AFP

ဝီကီလိခ် တည်ထောင်သူ ဂျူလီယန်အက်ဆန်း
သြစတေးလျရွေးကောက်ပွဲ ၀င်ပြိုင်မည်ဟု ကြေငြာ

ဆစ်ဒနီ၊ ဇန်န၀ါရီ ၃၁ ။

ဝီကီလိခ် ၀က်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယန် အက်ဆန်း 
သည် ယခုနှစ်အတွင်းကျင်းပမည့် သြစတေးလျရွေးကောက်ပွဲ
များတွင် အမတ် တစ်ဦးအဖြစ် ဝင်ရောက်အရွေးခံသွားမည်
ဖြစ်ကြောင်း ၎င်း၏အဖွဲ့ အစည်းက ကြေငြာလိုက်သည်။

သြစတေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလာ့ဒ်၏ လာမည့် 
စက်တင်ဘာ ၁၄ တွင် နိုင်ငံ၌ အမျိုးသားရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ကြေ ငြာချက်ထွက်ပေါ်လာပြီး နာရီပိုင်း
အတွင်း၌ပင်   ဝီကီလိခ်အဖွဲ့ ၏ ကြေငြာချက်၌ မစ္စတာ အက်ဆန်း
ရွေးကောက်ပွဲဝင်မည်ဟု အတည်ပြုကြေ ငြာခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ ၏ကြေငြာချက်၌ “သူ(ဂျူလီယန် အက်ဆန်း) ဟာ ၂၀၁၃ အမျိုးသားရွေးကောက်ပွဲတွေမှာသြစတေးလျ ဆီးနိတ်လွှတ်တော်
အတွက် ယှဉ်ပြိုင်သွားမှာပါ”ဟု ဖေါ်ပြထားသည် ။

အက်ဆန်း၏ မိခင်ခရစ်စတင်းအက်ဆန်းကလည်း “လွှတ်တော်
မှာ အဓိကပါတီကြီးတွေအတွင်းမှာ အမေရိကန်ထောက်ခံတဲ့ ပါတီ နံပတ်တစ်နဲ့ နံပတ်နှစ်တွေပဲ ရှိတာပါ။ ဒါကြောင့် သြစတေးလျ
ပြည်သူတွေဘက်ကလိုက်တဲ့ အမြင်မျိုးနဲ့  အက်ဆန်းအတွက်
လွှတ်တော်မှာ ထူးခြားလာမှာ ပါ” ဟု ပြောကြားသည်။

ဂျူလီယန်အက်ဆန်းသည် ယမန်နှစ်ကပင် သြစတေးလျ
ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ရည်ရွယ်ချက်ရှိကြောင်း ကြေငြာ
ခဲ့ပြီး ပြီးခဲ့သည့်ဇွန်လမှ စ၍ ဆွီဒင်သို့ အမှုလွှဲပြောင်း စစ်ဆေး
စေမှုကို ရှောင်လွှဲရန် လန်ဒန်ရှိ အီကွေဒေါသံရုံးတွင် နိုင်ငံရေး ခိုလှုခွင့် တောင်းခံကာ နေထိုင်နေခဲ့သည်။

Ref: AFP
လေးမြို့ ဘလော့ဂ်အား စဉ်ဆက်မပြတ် ၊ မရိုးရလေအောင် နှင့် သတင်းများ အလျင်အမြန်ဆုံးတင်ဆက်ပေးနိုင်အောင် ကြိုးစားနေပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ ၀င်ရောက်ကြည့်ရှုသူများအားလည်း အထူးကျေးဇူးတင်ရှိပါသည်။....
နိုင်ငံရေး အကျပ်အတည်း မြင့်တက်မှုသည် နိုင်ငံ ယိုယွင်းပျက်ပြားမှုကို ဦးတည်နိုင်သည်ဟု အီဂျစ်စစ်ဦးစီးချုပ် သတိပေးပြောကြား

အီဂျစ်နိုင်ငံအတွင်း နိုင်ငံရေး အကျပ်အတည်း မြင့်တက်မှုလာသည် နိုင်ငံ ယိုယွင်းပျက်ပြားမှုကို ဦးတည်နိုင်သည်ဟု အီဂျစ်ကာကွယ်ရေး ၀န်ကြီးနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဘ်ဒယ်ဖတ်တာအယ်ဆစ်စီက ဇန်န၀ါရီ ၂၉ ရက်နေ့တွင် သတိပေးပြော ကြားခဲ့သည်။

နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မှု မရှိခြင်းသည် စိုးရိမ်ရသည့် အကျိုးဆက်များကို ဖြစ်ပွားစေနိုင်သည်ဟု ဆစ်စီက သူ၏တရားဝင်
ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် သုံးသပ်ရေးသားခဲ့သည်။

နိုင်ငံရေး အင်အားစုများနှင့် ၎င်းတို့၏ ကွဲပြားခြားနားလှသော နိုင်ငံစီမံ
ခန့်ခွဲမှုများအကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားခြင်းသည် နိုင်ငံပျက်စီး ပြိုလဲမှုနှင့် အနာဂတ်မျိုးဆက်များကို ခြိမ်းခြောက်စေနိုင်သည်ဟု စစ်တက္ကသိုလ်ရှိ ဗိုလ်လောင်းများကို ပြောကြားခဲ့သည့် မိန့်ခွန်းမှ
ပြောစကားကို ကောက်နုတ်ပြီး ဆစ်စီက ဖေ့စ်ဘွက်ခ်တွင် ဖော်ပြခဲ့သည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးပြဿနာများသည် အီဂျစ်နိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်ဟုလည်း ဆစ်စီက သတိပေးခဲ့သည်။ စစ်တပ်သည် နိုင်ငံ၏ အချက်အခြာကျသော အုတ်မြစ်အဖြစ် ခိုင်ခိုင်မာမာ ရှိနေဦးမည်ဖြစ်ကြောင်းကိုလည်း ၎င်းက အလေးအနက်ထား ပြောကြားခဲ့သည်။

သမ္မတဟောင်း ဟိုစနီမူဘာရက် ရာထူးမှ ဖြုတ်ချခံရသည့် လူထုတော်လှန်ရေး နှစ်နှစ်ပြည့်မှုကို ပြုလုပ်ခဲ့စဉ်အတွင်း ဇန်န၀ါရီ ၂၄ ရက်နေ့တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ရဲများနှင့် ဆန္ဒပြသူများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြမှု ငါးရက်မြောက်နေ့တွင် သေဆုံးသူ ၅၂ ဦးထိ ရှိလာခဲ့သည်။ ဆန္ဒပြမှုများကြောင့် အီဂျစ်နိုင်ငံအတွင်းရှိ ပို့ဆက်ဒ်၊ အစ္စလာမ်မီးယား (Ismailiya) နှင့် စူးအက် ပြည်နယ်သုံးခုတွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် အီဂျစ်ဘောလုံးပွဲစဉ် တစ်ခုအပြီးတွင် ပရိသတ် အကြမ်းဖက်မှု၌ ပါဝင်ခဲ့သူ ၂၁ ဦးကို သေဒဏ်ချခဲ့မှုကြောင့် ပို့ဆက်ဒ်တွင် ဇန်န၀ါရီ ၂၆ ရက်နေ့က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - ဇန်န၀ါရီလ ၂၈ ရက်နေ့က ကိုင်ရိုရှိ တဟီရာရင်ပြင်တွင် ဆန္ဒပြနေသူများနှင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲများ ပဋိပက္ခ ဖြစ်နေစဉ်

မှ Eleven Media Group

Ref:AFP

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လေးမြို့ ဘလော့ဂ်အား စဉ်ဆက်မပြတ် ၊ မရိုးရလေအောင် နှင့် သတင်းများ အလျင်အမြန်ဆုံးတင်ဆက်ပေးနိုင်အောင် ကြိုးစားနေပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ ၀င်ရောက်ကြည့်ရှုသူများအားလည်း အထူးကျေးဇူးတင်ရှိပါသည်။....
မန်စီးတီးက ထွက်ပြေးပြီး အေစီမီလန်ကို ဘာလော့တယ်လီ ပြဿနာတွေ ယူလာ

ပြောင်းရွှေ့ကြေး ပေါင်(၁၉.၅)သန်းဖြင့် အေစီမီလန်သို့ရောက်ရှိခဲ့သည့်
ဘာလော့တယ်လီက ၎င်းမှာ မန်စီးတီးမှထွက်ပြေးလာခဲ့ခြင်း
ဖြစ်ပြီးအေစီမီလန် အတွက် ကိုယ်စားပြုခွင့်ရရန် နှစ်များစွာကတည်းက ဆန္ဒရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ဘာလော့တယ်လီသည် ၂၀၁၀တွင် အင်တာမီလန်မှ မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့ကာ
ခြေစွမ်းကောင်းမွန်သည့် ကစားသမားဖြစ်သော်လည်း ပြဿနာရှာသည့် ၎င်း၏ အမူအကျင့်များကြောင့် မန်စီးတီးမှ ပြန်လည်ရောင်း ထုတ်ခဲ့ခြင်းဖြစ်သည်။

“အရင်နှစ်တွေကတည်းက အေစီမီလန် အတွက် ကစားခွင့်ရဖို့ ကျွန်တော်မျှော်လင့် ထားတာပါ။ ဒါကြောင့်လည်း အခွင့်အရေး ရရချင်း မန်စီးတီးက ထွက်ပြေးလာခဲ့တာပါ။ ဒီရာသီအစက မန်စီးတီးမှာ ခြေစွမ်း မပြနိုင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အသင်းနဲ့အသားကျမယ်လို့ ကျွန်တော် ထင်ပါတယ်။ အေစီမီလန်ကိုပြောင်းဖို့ ရွှေးချယ်ခဲ့တာ အသင်းအတွက်ရော၊ ကျွန်တော့်အတွက်ပါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ”ဟု ဘာလော့တယ်လီ
က ဆိုသည်။

သို့သော် ၎င်းသည် အေစီမီလန်အတွက် ပါဝင်ခွင့်မရသေးမီမှာပင် ပါတီပွဲ အခမ်းအနား၌ ပြဿနာဖြစ်ပွားခဲ့ပြီး ပရိသတ်(၅၀၀)ခန့် တက်ရောက်သော အဆိုပါ ပါတီပွဲတွင် ရဲတပ်ဖွဲ့ဝင်များ လာရောက်ထိန်းသိမ်းခဲ့ရသည်။ ယင်းကဲ့သို့ဖြစ်ပွားခဲ့ခြင်းကြောင့် အမာခံပရိသတ်တစ်ဦး ခေါင်းကွဲခဲ့ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း ဆေးရုံတင်ပို့ခဲ့ရသည်။ ထို့အတွက် ဘာလော့တယ်လီမှာအေစီမီလန်အတွက်ပြဿနာများ ယူဆောင်လာသည့် ကစားသမားဟု ဝေဖန်မှုများရှိနေသည်။
မှ YoYarLay

လေးမြို့ ဘလော့ဂ်အား စဉ်ဆက်မပြတ် ၊ မရိုးရလေအောင် နှင့် သတင်းများ အလျင်အမြန်ဆုံးတင်ဆက်ပေးနိုင်အောင် ကြိုးစားနေပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ ၀င်ရောက်ကြည့်ရှုသူများအားလည်း အထူးကျေးဇူးတင်ရှိပါသည်။....
နေပြည်တော် လေးလပတ်အစည်းအဝေးတွင် လိုင်ဇာသိမ်းပိုက်ရေး အစီအစဉ်များ ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိ

နေပြည်တော် လေးလပတ်အစည်းအဝေးတွင် လိုင်ဇာသိမ်းပိုက်ရေး
အစီအစဉ်များ ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိ
Thursday, January 31, 2013 

မြန်မာ့တပ်မတော်၏ လေးလပတ်အစည်းအဝေးကို နေပြည်တော်တွင် ပြီးခဲ့သည့်တနင်္လာနေ့က စတင် ကျင်းပလျက်ရှိကြောင်းသိရသည်။ ယင်းအစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်ခေါင်းဆောင်များနှင့် တိုင်းမှူး၊ တပ်မမှူးများအားလုံး တက်ရောက်နေကြသည်။

အစည်းအဝေးတက်ရောက်နေကြသည့် စစ်ဘက်ဆိုင်ရာအသိုင်း
အ၀ိုင်းမှ ပြောကြားချက်များအရ ယခုလေးလပတ်အစည်းအဝေးတွင် KIA နှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်မည့်အစီအစဉ်ကို အဓိကထားဆွေးနွေး ဆုံးဖြတ်မည်ဟုသိရသည်။

မြန်မာ့တပ်မတော်ခေါင်းဆောင်ပိုင်းသာမက တိုင်းမှူး၊ တပ်မမှူး
အများစုကမြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်ရေး လိုလားလျက်ရှိပြီး ယင်းကိစ္စအတွက် KIA ဌာနချုပ်လိုင်ဇာအားသိမ်းပိုက်ရန် မလွဲမသွေ လိုအပ်သည်ဟု သုံးသပ်ထားပုံရကြောင်း နေပြည်တော် စစ်ဘက်
အသိုင်းအ၀ိုင်းအတွင်းမှသိရသည်။

ကချင်ပြည်နယ်အတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းတပ်ရင်းများ
အပါအ၀င် ခြေမြန်တပ်မများ၊ စကခများ အင်အားအပြည့်အဝ
ရောက်ရှိနေသည့်အပြင် အဓိကပစ်ကူဖြစ်သည့် အမြောက်တပ်များလည်း
ရှေ့တန်းနေရာများအထိ အသင့်အနေအထားဖြစ်နေသည့်အတွက် လက်ရှိအချိန်သည် လိုင်ဇာကိုသိမ်းပိုက်ရန် အသင့်တော်ဆုံး
အချိန်ဖြစ်သည်ဟု သုံးသပ်ထားကြပုံရသည်။

မြန်မာ့တပ်မတော်အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက လိုင်ဇာမြို့၏ အဓိက၀င်ပေါက်ဖြစ်သည့် ပွိုင့်-၇၇၁ တောင်ကုန်းကို သိမ်းပိုက်ပြီးနောက် မဟာဗျူဟာအရအရေးပါသော အမြင့်ဆုံးခါယာတောင်ကုန်းကို ဆက်လက်သိမ်းယူ ခဲ့သည်။ စစ်တပ်ရှေ့တန်းစစ်ကြောင်းများသည် လိုင်ဇာနှင့် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေကြပြီဖြစ်သည်။

လိုင်ဇာ၏လုံခြုံရေးအတွက်အရေးပါသည့် ရှေ့ကာစခန်းနှင့်တောင်ကုန်း
အားလုံးနီးပါးကို မြန်မာ့တပ်မတော်က သိမ်းပိုက်ရရှိထားခြင်းနှင့် ယင်းတောင်ကုန်းများပေါ်မှ လိုင်ဇာမြို့သို့ ထိရောက်သည့်ပစ်ကူများ
ပေးနိုင်လျက်ရှိခြင်း တို့ကြောင့် မြေပြင်တပ်များ လိုင်ဇာကို အလွယ်တကူ
ဝင်ရောက်သိမ်းပိုက်နိုင်မည့်အခြေအနေရှိနေသည်ဟု မြန်မာ-တရုတ်နယ်စပ် စစ်ရေးလေ့လာသူတစ်ချို့ကဆိုသည်။

ရှေ့တန်းတပ်မမှူး၊ ဗျူဟာမှူးများအနေဖြင့်လည်း လက်ရှိနေရာများတွင်
ခြေကုတ်ယူ၍ လိုင်ဇာအားခြိမ်းခြောက် နေခြင်းထက် အနည်းငယ်မျှ
ရှေ့တိုး၍တိုက်ခိုက်ပါက ရက်ပိုင်းအတွင်း လိုင်ဇာအားအလွယ်တကူ သိမ်းပိုက်နိုင်မည့် အခြေအနေကို လက်လွတ်ခံချင်ပုံမရှိပေ။

လိုင်ဇာ၏အခြေအနေကို မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းမှလည်း သုံးသပ်နေမည်မှာသေချာပါသည်။ အချို့တပ်မှူးများအနေဖြင့်လည်း အပစ်အခတ်ရပ်စဲရေးမလုပ်ချင်သည့် KIA အား လိုင်ဇာကိုသိမ်းပိုက်
ခြင်းဖြင့်သာ အလဲထိုးနိုင်မည်ဟု ယူဆလျက်ရှိကြသည်။ 

ထို့အပြင် မြန်မာ့တပ်မတော်အနေဖြင့် ထိခိုက်ကျဆုံးမှုစာရင်းအား 
ယခင်က ထုတ်ဖော်ပြောကြားလေ့မရှိသော်လည်း ယခုကျယ်ကျယ်ပြန့်ပြန်
့ဖော်ပြနေခြင်းကို ကြည့်ခြင်းအားဖြင့် တပ်မတော်အတွင်း KIA ကို
တိုက်ခိုက်ရန် စိတ်ဓာတ်ရေးရာလှုံ့ဆော်မှုများ ဆောင်ရွက်နေသည်ဟု ယူဆဖွယ်ရှိနေသည်။ 

ခြုံငုံကြည့်ပါက နေပြည်တော်တွင်ကျင်းပနေသော မြန်မာ့တပ်မတော်၏
လေးလပတ်အစည်းအဝေးတွင် KIA ဌာနချုပ်လိုင်ဇာအား သိမ်းပိုက်မည့်
စီမံချက်တစ်ရပ်ကို အတည်ပြုဆုံးဖြတ်ဖွယ်ရှိနေကြောင်း သုံးသပ်ရသည့်
အတွက် သတိထားလေ့လာစောင့်ကြည့်သွားရမည်ဖြစ်သည်။

လင်းအိမ်ပိုင်
Myanmar News Now

KIA နဲ့ ပူးပေါင်းထားတဲ့ ABFDF အဖွဲ့ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ဖားကန့် ရှိ ကေအိုင်အေ အရာရှိအချို့ သံသယရှိနေ

လိုင်ဇာမှာ ရောက်ရှိနေတဲ့ ABFDF တပ်ဖွဲ့ဝင်တွေနှင့် သတင်းထောက်တွေ ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ကေအိုင်အေ အရာရှိ အချို့ကသံသယရှိနေကြပါတယ်။

ဖားကန့်ဒေသရှိ KIA တပ်ရင်း(၆) က အရာရှိတစ်ဦးမှ "စစ်တပ်က ကျွန်တော်တို့ နေရာယူထားပုံ ၊ လူအရေအတွက် နှင့်

လက်နက်အမျိုးအစားတွေ ကို ကြိုသိထားသလိုပဲဗျာ၊ သူတို့ ကျွန်တော်တို့ စခန်းကို လာတိုက်တဲ့ စစ်ဗျူဟာ ကို သုံးသပ်ကြည့်ရင် ကျွန်တော်တို့ရဲ့ လူတွေ မရှိတဲ့ ဘက်ကနေ ၀င် ၀င် တိုက်တာ တွေ့ရတယ်၊ အဲဒီ စခန်းတွေကို ABFDF က ကောင်တွေ ၀င်လိုက် ထွက်လိုက် လုပ်နေတာလေ" ဟု ကချင် ဘာသာ စကားဖြင့် ရှင်းပြသည်။

'"ကျွန်တော် ကတော့သတင်းထောက်တိုင်းကို မယုံဘူးဗျ၊ အစိုးရ သတင်းပေးတွေ ဖြစ်နိုငတယ်လေ။ သူတို့က ရန်ကုန်မှာေ နလာကြတာလေ။ကျွန်တော် တို့ ခေါင်းဆောင်တွေ ကတော့ ဘယ်လို စိတ်ကူးနေလဲ မသိပါဘူ" ဟု တရုတ်ခေါက်ဆွဲခြောက်စားရင်း ထပ်မံ ရှင်းပြသည်။

ပြည်ထောင်စု စစ်တပ် နှင့် KIA တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ဖြစ်ပွားခါစ ယခင်တုန်းက KIA တပ်ဖွဲ့ဝင်များက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ကြိုပြီး သိနေလို့ အောင်မြင်မှု့ များ ရှိခဲ့ကြောင်းနှင့် ယခု အခါ KIA ရဲ့ လှုပ်ရှားမှုတွေ နဲ့ ရည်မှန်းချက်တွေကို ABFDF နဲ့ မီဒီယာ သတင်းထောက် အယောင်ဆောင် သတင်းပေးတွေ အကူအညီ နဲ့ စစ်တပ်ကကြိုသိနေတယ်လို့ ယူဆနေပါတယ်

သူလျှို တစ်ယောက်ဟာ စစ်သည်ပေါင်း တစ်ထောင် အင်အားနဲ့ ညီမျှတယ်လို့ ဘီစီ ၅ ရာစုခန့်က စစ်ပညာရှင် ဆွန်ဇုက ပြောဖူးပါတယ်။

မြန်မာ့သားကောင်း

=============================================

တဒင်္ဂအတွင်း အသက်ပေါင်းများစွာ

တဒင်္ဂအတွင်း အသက်ပေါင်းများစွာ

ရေးသားသူ- ဥက္ကာကိုကို၊ အိဖြူမွန်

“ကျွန်တော့်ဘေးနားက သေသွားတဲ့ သုံးနှစ်ကလေးမလေးကို မြင်ယောင်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံချင်တော့ဘူး”
ရခိုင်ရိုးမတစ်နေရာက ပေတစ်ရာ နီးပါးနက်သော ချောက်အတွင်း၌ ကိုဝင်းဇော်သတိရလာချိန်တွင် သူ့ကိုယ်ပေါ် လူသုံးဦးလဲကျနေသည်။ သုံးဦးအနက် တစ်ဦးက သေဆုံးနေပြီဖြစ်ပြီး နောက်တစ်ဦးက ညည်းညူနေသည့် ဘုန်းတော်ကြီး တစ်ပါးဖြစ်သည်။ ချမ်းအေးလှသော ညအမှောင်ထုထဲတွင် ကယ်ပါ၊ ယူပါ တစာစာနှင့် အကူအညီတောင်းသံ၊ ငိုကြွေးသံ၊ နာကျင်စွာ ညည်းညူသံများဖြင့် ကမ္ဘာပျက်နေသည့်အလား။

ကိုယ်ပေါ်မှာ ပိနေသည့်လူများကို ကိုဝင်းဇော်တစ်ယောက် ရှိသမျှအင်အားလေးဖြင့် ဖယ်ထုတ်ရန် ကြိုးစားသော်လည်း ထိုင်ခုံကြားမှာ ညပ်နေသည့် သူ့ဘယ်ဘက်ခြေထောက်က လုံးဝလှုပ်ရှား၍ မရတော့။ ထိုအချိန်မှာ ညအလင်းရောင် မှုန်ဝါးဝါးအောက်တွင် ကိုဝင်းဇော်တွေ့လိုက်ရသည်က သူ့နံဘေးလဲကျနေသော သုံးနှစ်အရွယ် ကလေးမလေးတစ်ဦး...

“ကလေးကို လှုပ်ကြည့်တယ်။ လုံးဝမလှုပ်တော့ဘူး။ သူ့နှာခေါင်းမှာ သွေးတွေထွက်နေတယ်။ ကျွန်တော် စိတ်ထဲမကောင်းလွန်းလို့ ပွေ့ဖက်ထားမိတယ်” ဟု ပြောပြသည့် ကိုဝင်းဇော်၏ အသံက တုန်ယင်နေသည်။

ထိုဖြစ်စဉ်မှာ ရန်ကုန်မှ တောင်ကုတ်သို့ ထွက်ခွာသွားသော အောင်သစ္စာလေအိတ်ကား တိမ်းမှောက်မှုတွင် ပါဝင်ခဲ့သော ခရီးသည်တစ်ဦးဖြစ်သည့် ၃၂နှစ်အရွယ် တောင်ကုတ်မြို့သား ကိုဝင်းဇော်က ပြန်လည်ပြောပြခြင်းဖြစ်သည်။

ဇန်န၀ါရီ ၂၂ ရက် ညနေ သုံးနာရီခန့်တွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းမှ ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ခရီးသည်လေးဆယ်ကျော်ကို တင်ဆောင်၍ ထွက်ခွာလာသော အောင်သစ္စာလေအိတ်ကားသည် ရခိုင်ရိုးမအဆင်း၊ တောင်ကုတ်မြို့နယ်အပိုင်၊ နေပူတောင်ကြောရှိ လမ်းကွေ့တွင်ဘရိတ်ပေါက်၍ အမြင့်ပေတစ်ရာကျော် ချောက်ထဲသို့ ထိုးကျသွားခဲ့သည်။ အချိန်မှာ ဇန်န၀ါရီ ၂၃ ရက် နံနက် သုံးနာရီဝန်းကျင်ဖြစ်သည်။

ယခု ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးခုနစ်ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ ကားပေါ်တွင် လိုက်ပါလာကြသူများမှာ သံတွဲ၊ တောင်ကုတ်၊ မောင်တော၊ စစ်တွေ၊ တောင်ကြီး၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ ပဲခူး၊ မော်လမြိုင်၊ ပြည်၊ မြောက်ဦး၊ ရန်ကုန်၊ ပုဏ္ဏား ကျွန်း၊ ရမ်းဗြဲ၊ ရမည်းသင်း၊ မာန်အောင်၊ တောင်ငူမြို့တို့မှ ပါဝင်ကြသည်။

ကိုဝင်းဇော်သည် တောင်ကုတ်မြို့ရှိ ၎င်း၏လုပ်ငန်းတွင် ကူညီလုပ်ကိုင်ရန်အတွက် ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ မိတ်ဆွေတစ်ဦး၏ သားဖြစ်သူ မောင်ရှင်းသန့်မောင်ကို သွားရောက်ခေါ်ဆောင်လာခြင်းဖြစ်သည်။ သူတို့ စီးနင်းလိုက်ပါလာသော အောင်သစ္စာကားသည် ရိုးမတောင်ပေါ်ရှိ ရေပေါ်ကြီးစခန်းတွင် ဆယ်မိနစ်ခန့်နားကြပြီး ချမ်းအေးလှသော ရာသီဥတုကြောင့် ခရီးသည်များ မီးဆင်းလှုံခဲ့ကြသေးသည်။

“ဆက်ထွက်တဲ့အချိန်မှာ ရန်ကုန်ကစမောင်းလာတဲ့ အသက်ကြီးကြီးကားသမားအစား ခပ်၀၀ အသက်ငယ်ငယ်နဲ့ အခုသေသွားတဲ့ ဒရိုင်ဘာတက်မောင်းတယ်။ စမောင်းပြီး နာရီဝက်လောက်ပဲ ကြာမယ်ထင်တယ်။ အခုလိုဖြစ်တာ” ဟု ကိုဝင်းဇော်က ဆိုသည်။

သူသတိထားမိသည့်အချိန်တွင် ကားသွားနေသည့်အရှိန်က အလွန်မြန်နေပြီး လမ်းကြမ်းသဖြင့် ခုန်ပေါက်နေသည်ဟု ကိုဝင်းဇော်က ပြောသည်။ ရုတ်တရက်ချောက်ထဲသို့ ထိုးဆင်းသွားချိန်တွင် ကားမီးရောင်ကြောင့် ချောက်ထဲမှ ရေနီပင်များ၊ ၀ါးပင်များကို မြင်နေရသည် ဟု သူက ဆိုသည်။

ချောက်ထဲမကျခင် ကားအရှိန်ပြင်းနေစဉ်ကပင် ကားအတွင်းမှ အမျိုးသမီးများ၏ ဘုရားတသံများ၊ အာမေဋိတ်သံများ ထွက်ပေါ်နေကြပြီဖြစ်သည်။ ချောက်ထဲကျသွားသည့် စက္ကန့်ပိုင်းအတွင်းမှာတော့ ကားတစ်စီးလုံး အော်သံငိုသံများဖြင့် ပွက်လောရိုက်သွားခဲ့သည်။ ကိုဝင်းဇော် မျက်စိစုံမှိတ်ထားမိလိုက်စဉ်တွင် ကားကြီးက တစ်ပတ်နှစ်ပတ်လိမ့်ထွက်ပြီး ချောက်အတွင်း ချောင်းငယ်နံဘေးတောင်နံရံကို ၀င်တိုက်ကာ ပြန်ကျ၍ ရပ်သွားခဲ့သည်။

ကိုဝင်းဇော် ပြန်သတိရလာချိန်တွင် ကိုယ်ပေါ်၌ လူသုံးဦးပိမိနေခြင်းနှင့်အတူ ကားထိုင်ခုံကြားညပ်နေသော သူ့ဘက်ဘက်ခြေထောက်ကလည်း ပေါင်မှ ကျိုးသွားခဲ့ပြီဖြစ်သည်။ ဘေးမှန်တံခါးမှနေ ရုန်းထွက်ရန် ကြိုးစားသော် လည်း မအောင်မြင်ခဲ့ပေ။

“ဆယ့်ငါးမိနစ်လောက်ကြာတော့ တောင်ပေါ်ကားတစ်စီး လာနေသံကြားနေရတယ်။ ကျွန်တော်တို့ကားထဲက အကောင်းပကတိကျန်ခဲ့တဲ့လူတစ်ယောက်က ဓာတ်မီးနဲ့ တောင်ပေါ်တက်သွားတာ တွေ့လိုက်တယ်” ဟု သူက ပြောပြသည်။

ကံကောင်းထောက်မစွာ ကြီးကြီးမားမား ဒဏ်ရာမရသူတစ်ဦးက တောင်ပေါ်သို့တက်၍ လာနေသည့် ကားတစ်စီးကိုတားကာ အကူအညီတောင်းခဲ့သဖြင့် ထိုကားတွင် ပါလာသော လူခြောက်ဦး ချောက်အတွင်းဆင်းလာခဲ့ သည်။ ထိုအထဲမှ နှစ်ဦးက ကိုဝင်းဇော်တို့ကို ကားအတွင်းမှဆွဲထုတ်ပြီး ချောက်အတွင်းကွက်လပ် တစ်နေရာတွင် နေရာချပေးကြသည်။

ထိုအခါမှ လှိုင်သာယာမှ ခေါ်လာသော အသက် ၁၈ နှစ် အရွယ် မောင်ရှင်းသန့်အောင်ကို ကိုဝင်းဇော်သတိရ၍ အော်ခေါ်ကြည့်ရာ ခပ်ဝေးဝေးမှာရှိနေသည့် မောင်ရှင်းသန့်အောင်က ခြေထောက်ကျိုးနေ၍ မထနိုင်ဟု ပြန်ထူးသည်။

“ကျွန်တော့်အတွက် ဒါပထမဆုံးခရီးထွက်ဖူးတာ။ ရခိုင်ကိုလည်း ခုမှစသွားဖူးတာ။ မှောက်မယ်မှန်းဘယ်သိမလဲ။ ကားကချောက်ထဲဆင်းတဲ့အချိန်မှာ နှစ်ပြန်၊ သုံးပြန် လိမ့်သွားတယ်။ လိမ့်တဲ့အထဲ ကျွန်တော်ပါသလား၊ မပါခဲ့သလား မမှတ်မိဘူး။ ကျွန်တော် သတိရတဲ့အချိန်မှာ ချောက်ကမ်းပါးထဲက ထိုးထွက်နေတဲ့ တောင်ကမူလေးနဲ့ သစ်ပင်တွေကြားမှာ ရောက်နေတယ်။ ကားနဲ့တော့ သိပ်မဝေးဘူး။ ကားခေါင်းကြီးက စိုက်ကျနေတယ်။ ကားထဲမှာ ငိုသံတွေ၊ ညည်းသံတွေ ကြားနေရတယ်။ အမှောင်ထဲမှာ စမ်းရင်းနဲ့ ဓာတ်မီးနဲ့ရေဘူးတစ်ဘူးတွေ့တယ်။ ထိုးကြည့်တော့ ကားမောင်းတဲ့လူက သွေးအလိမ်းလိမ်းနဲ့ သေနေတယ်။ သူ့ကို တော်တော်လေး ခက်ခက်ခဲခဲ ဆွဲထုတ်နေတာ တွေ့ရတယ်” ဟု ကိုဝင်းဇော်နှင့်အတူပါလာသော မောင်ရှင်းသန့်အောင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ကားအတွင်း လူလေးဆယ်ကျော်ပါလာခြင်းကြောင့် ကယ်ဆယ်ရန် အင်အားနည်းပါးနေသည့်အတွက် ကူညီနေသူ ခြောက်ဦးက ဖုန်းဆက်၍ အကူအညီများ တောင်းခံကြရသည်။

ထို့နောက်အကူအညီများ တဖြည်းဖြည်းရောက်ရှိလာကြပြီး ကားအတွင်းမှ တစ်ဦးချင်းစီကို ဆွဲထုတ်ကြတော့သည်။ သေဆုံးသူ အလောင်းများနှင့် ဒဏ်ရာရရသူများ ချောက်အတွင်း စုပြုံလာသည်။ “ကားထဲက လူတစ်ယောက်က အရမ်းအော်နေတယ်။ ကယ်တဲ့လူတွေကလည်း သူ့ဆီသွားဖို့ အခက်အခဲတွေ့နေကြတယ်ထင်တယ်။ မနက်မိုးလင်းခါနီးလောက်မှ သူ့ကို သွားထုတ်နိုင်ကြတယ်။ သူသေသွားသလား၊ ရှင်သလားတော့မသိဘူး” ဟု ကိုဝင်းဇော်က သူမှတ်မိသည့် မြင်ကွင်းတစ်ခုကို ပြောသည်။

တောင်နံရံကို မှီ၍လဲနေသည့် ကိုဝင်းဇော်အနီးမှ လူတစ်ဦးက ရေဆာသည်ဟု ညည်းညူနေသော်လည်း မည်သူမှ ရေပေးရန် မအားကြ။ ထိုအချိန်က သူတို့အတွက် ရှည်ကြာလွန်းလှသည်။ နံနက် ငါးနာရီခန့်တွင် မိုင်သုံးဆယ် ခန့်ဝေးသည့် တောင်ကုတ်မြို့မှ နာရေးကားတစ်စီးရောက်လာပြီး အသက်ရှင်ကျန်ရစ်ပြီး ဒဏ်ရာပြင်းထန်သူများကို တစ်သုတ်ပြီး တစ်သုတ်တင်ဆောင်လျက်ရှိသည်။ ကိုဝင်းဇော်က နောက်ဆုံးအခေါက်တွင်မှ အလောင်းများနှင့်အတူ လိုက်ပါရသည်။ သူ့နံဘေးမှ ရေတောင်းနေသည့်လူနာလည်း ပါလာပြီး နာရေးကားပေါ်မှ လူတစ်ဦးက ရေတစ်ဘူး ထုတ်တိုက်သည်။

“အဲဒီရေဘူးကို သူ့ဘာသာ ကိုင်သောက်တယ်။ ဆေးရုံရောက်ပြီး မကြာခင် သူဆုံးသွားတယ်” ဟု ကိုဝင်းဇော်က ပြောသည်။

ကိုဝင်းဇော်တစ်ယောက် ချောက်အတွင်းရှိနေစဉ်အချိန်မှာ တောင်ကုတ်မြို့ရှိ သူ၏မိခင်ဖြစ်သူခမျာ မပဋာမြေလူးဖြစ်နေခဲ့ရသည်။ ဆေးရုံသို့ တစ်စီးပြီးတစ်စီး ဆိုက်ရောက်လာသည့် လူနာတင်ယာဉ်များကို အပြေးအလွှားသွားကြည့်ပြီး တစ်စီးမှာမှ ပါမလာသည့်အခါ သားအပေါ် စိုးရိမ်မှုက ပိုမိုမြင့်မားလာခဲ့ရသည်။

ဒဏ်ရာရသူများကိုသာ ဦးစွာ ပို့ဆောင်နေခြင်းဖြစ်ပြီး သေဆုံးသည့်အလောင်းများကို နောက်ဆုံးမှ သယ်ဆောင်လိမ့်မည်ဟု တစ်ယောက်တစ်ပေါက် ထင်ကြေးပေးနေကြသည့် စကားသံတို့က စိတ်နှလုံးကို လှုပ်ခါနေခဲ့သည်။

“အရီးရင်ထဲမှာ မီးလာမွှေးသလိုပဲ ပူနေတယ်။ ငိုလိုက်ရတာ မပြောပါနဲ့တော့။ ပါလာတဲ့သူတွေကလည်း အကောင်းပကတိ တစ်ယောက်မှ မပါလာ။ ကျိုးပဲ့အော်ဟစ်နေတာ သွေးသံတရဲရဲ။ သားရဲ့သူငယ်ချင်းက စိတ်မပူပါနဲ့လို့ ဖျောင်းဖျတယ်။ မွေးထားတာမှ သားနှစ်ယောက်ပဲရှိတာ။ ဒီသားက အငယ်ဆုံး။ အမေနဲ့နေတယ်။ အရူး တစ်ယောက်လိုခံစားနေရတယ်” ဟု ကိုဝင်းဇော်၏ မိခင်က ခံစားချက်ကိုပြောသည်။

နောက်ဆုံး လူနာတင်ယာဉ်နှင့် ကိုဝင်းဇော်ပါလာပြီဟု အသိတစ်ဦးက ဖုန်းဖြင့်လှမ်းပြောသော်လည်း မိခင်ဖြစ်သူက မယုံကြည်နိုင်ရှိနေခဲ့သည်။ “သေတဲ့လူက အများကြီးဆိုတော့ ကိုယ်မှမမြင်ရတာ ဘယ်ယုံမလဲ။ ရောက်လာတော့ သားမျက်နှာကို မမှတ်မိဘူး။ ဖူးရောင်နေတယ်။ ကြောင်ပြီးကြည့်နေတာ” ဟု ဆိုသည်။ ထို့နောက် သားအမိနှစ်ဦးဖက်၍ အားပါးတရ ငိုကြွေးမိကြသည်။

သံတွဲမြို့ခံ အမျိုးသားတစ်ဦးမှာတော့ ထူးထူးခြားခြား ကံကောင်းခဲ့သည်။ ကားစထွက်စဉ်ကတည်းက ယမကာမှီဝဲလာခဲ့ပြီး ထမင်းစားနား၍ ကားဆက်ထွက်ချိန်တွင် ကျောက်ဖြူသို့သွားမည့် တခြားအောင်သစ္စာကားတစ်စီး ပေါ်သို့ မှားတက်ခဲ့၍ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

အောင်သစ္စာကားတိမ်းမှောက်သည့် နေရာတွင် တစ်နှစ်လျှင် အနည်းဆုံးမတော်တဆမှု နှစ်ကြိမ်ဖြစ်ပေါ်တတ်ကြောင်း၊ နေပူတောင်ဆင်းလမ်းတွင် နှစ်ဖာလုံခန့် ပြေပြစ်သည့်နေရာအလွန် မတ်စောက်သော ဂငယ်ကွေ့ရှိ ပြီး မောင်းနှင်မှုမကျွမ်းကျင်ပါက တိမ်းမှောက်မှုဖြစ်ပေါ်နိုင်သော နေရာဖြစ်သည်။

“အခုက ရိုးတောင်ပေါ်က ကားမတော်တဆမှုတွေထဲမှာ လူသေတာအများဆုံးနဲ့ ဒဏ်ရာရတာအများဆုံးပဲ။ ၁၉၉၇ တုန်းက တစ်ခါဖြစ်တာ တစ်ယောက်ပဲ သေတယ်။ အဲ့ဒီနေရာမှာ အရှိန်မထိန်းနိုင်လို့ ကုန်တင်ကားတွေ ခဏခဏ ချောက်ထဲကျတယ်။ လူတော့မသေဘူး” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

အောင်သစ္စာယာဉ်လိုင်းက သေဆုံးသူများအတွက် ကူငွေ ကျပ်နှစ်သိန်းစီထောက်ပံ့ပေးခဲ့ ပြီး သံတွဲမြို့ဆေးရုံတွင် ကုသမှု ခံယူနေသည့် ထိခိုက်ဒဏ်ရာရသူများကို ငွေကျပ်ငါးထောင်နှင့် မုန့်များ လာရောက်ပေးအပ်ခဲ့ကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။

“လူတစ်ယောက်ရဲ့ အသက်ကို ဘယ်လိုလျော်ရမလဲ။ သိန်းငါးဆယ်ပေးတောင်မရဘူး။ အခုပေးတာက လျော်ကြေးမဟုတ်ဘူး။ အသုဘစရိတ်အတွက် ကူငွေပေးတာပါ။ လျော်တာက အာမခံက လုပ်ပါလိမ့်မယ်” ဟု အောင်သစ္စာ (တောင်ကုတ်) ယာဉ်လိုင်းပိုင်ရှင် ဦးစောရွှေက ပြောသည်။

သေဆုံးသွားသည့် သုံးနှစ်အရွယ်ကလေးငယ်နှင့် ၎င်း၏မိခင်ဖြစ်သူတို့မှာ ကွမ်းခြံကုန်းမြို့နယ်မှဖြစ်ကြပြီး သံတွဲမြို့မှ အမျိုး တစ်ဦးနာရေးသို့လာရောက်ရင်း အဖြစ်ဆိုးကြုံကြရခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများကို တောင်ကုတ် ဆေးရုံ၊ သံတွဲဆေးရုံတို့မှ ကုသပေးခဲ့ကြပြီး အချို့မှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ လာရောက်ကုသနေကြသည်။

“ကျွန်တော့်ဘေးနားက သေသွားတဲ့ သုံးနှစ်ကလေးမလေးကို မြင်ယောင်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံချင်တော့ဘူး” ဟု ကိုဝင်းဇော်က ပြောရင်း အသံတိမ်ဝင်သွားသည်။ မြင့်မားသော ရိုးမတောင်ပေါ်မှ ကွေ့ကောက်သည့် လမ်းကြီးမှာ ကျဉ်းမြောင်းသည့်အပြင် လမ်းသားမကောင်းခြင်းကလည်း ပြဿနာတစ်ရပ်ဖြစ်သည်။

ရန်ကုန်မှပြန်လာ၍ ရခိုင်ရိုးမပေါ် ဖြတ်သန်းတိုင်း ကိုယ့်ရပ်ကိုယ့်မြေ ပြန်ရောက်ပြီဟူ၍ ကြည်နူးစိတ်ဖြစ်မိသည့် ကိုဝင်းဇော်တစ်ယောက် ယခုအခါမှာတော့ သူချစ်တဲ့ ရိုးမကိုဖြတ်သန်းတိုင်း အဖြစ်ဆိုးကို သတိရသည့် စိုးရိမ်စိတ်များ ၀င်လာတော့မည်ဖြစ်သည်။ ။

မြေပြင်အထက် ၆ မိုင်အကွာလေထုလွှာထဲမှာ သက်ရှိဇီဝကောင်များကို တွေ့ရှိ

-------------------------------------------------------------------------------
ဘယ်သူကမှ အဲဒီနေရာမှာ သက်ရှိတွေရှိမယ်လို့ မထင်မိခဲ့ပါဘူး။ သိပ္ပံပညာရှင်များက ကမ္ဘာ့မြေပြင်အထက် ၄-၆ မိုင်ခန့်ကွာဝေးတဲ့ troposphere လို့ခေါ်တဲ့ လေထုလွှာထဲမှာ လွင့်မြောနေပြီး အသက်ရှင်နေထိုင်နေတဲ့ အဏုဇီဝကောင်များစွာကို ပထမဆုံးအကြိမ်အဖြစ် အံ့အားသင့်စွာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ရှိချက်ဟာ ကမ္ဘာကြီးရဲ့ရာသီဥတုပြောင်းလဲမှု၊ ရောဂါပြန့်ပွားမှု နဲ့ အခြားဂြိုဟ်တွေမှာ သက်ရှိရှိနိုင်မှု စတဲ့အဖြေများစွာအတွက် အရေးကြီးတဲ့ ပါဝင်ပတ်သက်မှု ဖြစ်ပါတယ်။ 

အရင်တုံးက အဲဒီလေထုလွှာထဲမှာ ပြန့်လွင့်နေတဲ့ အမှုန်အမွှားတွေအားလုံးက ဖုန်မှုန့်ဆားမှုန့်တွေလို့ သိပ္ပံပညာရှင်များက ယူဆထားကြပါတယ်။ အဲဒီ အဏုဇီဝကောင်တွေကို NASA DC-8 လေယာဉ်ပျံရဲ့တောင်ပံမှာ တပ်ဆင်ထားတဲ့ ကိရိယာကနေ ဖမ်းယူရရှိတာဖြစ်ပါတယ်။ နဂိုရည်ရွယ်ချက်က ကမ္ဘာ့မြေပြင်အထက် အောက်နဲ့ အထက်လေထုလွှာတို့မှာရှိတဲ့လေထုကို လေမုန်တိုင်းနဲ့ပတ်သက်တဲ့ စမ်းသပ်မှုပြုလုပ်ရာကနေ အဆိုပါ သေးငယ်တဲ့ဇီဝကောင်တွေကို ဖမ်းယူရခဲ့တာဖြစ်ပါတယ်။ အဲဒီ အဏုဇီဝကောင်လေးတွေက ရာသီဥတုနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့အခန်းမှာ ပါဝင်မယ်လို့ ပညာရှင်များက ယူဆနေကြောင်း Proceedings of the National Academy of Sciences ဂျာနယ်ရဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ ဟာရီကိန်းတွေ၊ မိုးတိမ်တွေ၊ ရေခဲဖြစ်ပေါ်လာမှုတွေမှာ သက်ရောက်မှုရှိနိုင်ကြောင်း ဂျော်ဂျီယာနည်းပညာကျောင်းမှ ပရောဖက်ဆာ Athanasios Nenes က ပြောပါတယ်။

သိပ္ပံပညာရှင်များက အဏုဇီဝကောင်တွေဟာ လေထုမှာလွင့်ပါနေတဲ့ ကာဗွန်ဒြပ်ပေါင်းစုကို မှီဝဲစားသုံးမယ်လို့ ယုံကြည်ကြပြီး အသေအချာတော့ မဟုတ်သေးပါဘူး။ အဲဒီသက်ရှိကောင်လေးတွေက တိမ်တွေထဲမှာလည်း ရှိမရှိဆိုတာလည်း လောလောဆယ် မသိရသေးကြောင်း လက်ထောက်ပရောဖက်ဆာ  Kostas Konstantinidis က ပြောပါတယ်။ ဒါဟာ အခြားဂြိုဟ်တွေရဲ့ လေထုလွှာထဲမှာလည်း သက်ရှိတွေ ရှိနိုင်မယ်လို့ ဆိုလိုတာလား? အကယ်၍ ဒီလိုဇီဝကောင်လေးတွေက ကမ္ဘာ့လေထုလွှာမှာ ရှင်သန်နေနိုင်ခဲ့ရင် တခြားဂြိုဟ်များမှာလည်း မဖြစ်နိုင်ဘူးလို့ ထင်စရာအကြောင်းမရှိပါဘူး။
(Ref; Gimodo, Jan 30, http://gizmodo.com/5980166/surprised-scientists-find-lifeforms-six-miles-above-earths-surface)

Myanmar1
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ရာထူးမှ ဦးတေဇ နှုတ်ထွက်ခြင်းအပေါ်သတင်းစာရှင်းလင်းပွဲပြုလုပ်

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ရာထူးမှ ဦးတေဇ နှုတ်ထွက်သွားခြင်းနှင့်ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ဇန်နဝါရီလ (၃၁)ရက် ယနေ့နေ့လည် (၂)နာရီက ရန်ကုန်မြို့UMFCCI တွင် ကျင်းပခဲ့သည်။

သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဌ ဦးစံဖြိုးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့သည်။

ဦးတေဇအနေနှင့် အသင်းဥက္ကဌရာထူးမှ နှုတ်ထွက်သွားခြင်းအပေါ် အသင်းဗဟိုကော်မတီဝင်များနှင့် အမှုဆောင်များအနေဖြင့် လက်မခံပါကြောင်း၊ မြန်မာနိုင်ငံရဲ့ ကျောက်မျက်အချောထည်ဈေးကွက် အောင်မြင်စွာဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံတကာ အဆင့်မှီ ကျောက်မျက်ဓါတ်ခွဲခန်း ပေါ်ပေါက်လာဖို့အတွက် ကြိုးစားအကောင်အထည်ဖော်နေဆဲကာလမှာ အသင်းဥက္ကဌ၏ လမ်းညွှန်ချက်လိုအပ်နေကြောင်း ရှင်းလင်းပြောကြားသည်။ ထို့ကြောင့် ဦးတေဇအနေနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌရာထူးကို ပြန်လည်လက်ခံပေးရန်အတွက် ဗဟိုကော်မတီဝင်များနှင့် အမှုဆောင် ၁၀၀ ရာခိုင်နှုန်းမှ လက်မှတ်ရေးထိုးတောင်းဆိုထားကြောင်း ရှင်းလင်းပြောကြားသည်။

ဦးတေဇသည် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဌရာထူးမှ နှုတ်ထွက်ခွင့်ကို လွန်ခဲ့သည့် (၂)နှစ် ရဟက်ယာဉ်ပျက်ကျအပြီးမှ တစ်ကြိမ်၊ ၂၀၁၂ ဒီဇင်ဘာ (၅)ရက်နေ့က တစ်ကြိမ် နှုတ်ထွက်စာတင်ခဲ့ကြောင်းလည်း CJ Myanmar မှ သိရှိရသည်။
မှ CJMyanmar

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ရာထူးမှ ဦးတေဇ နှုတ်ထွက်ခြင်းအပေါ်သတင်းစာရှင်းလင်းပွဲပြုလုပ်။
--------------------------------------------------

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ရာထူးမှ ဦးတေဇ နှုတ်ထွက်သွားခြင်းနှင့်ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ဇန်နဝါရီလ (၃၁)ရက် ယနေ့နေ့လည် (၂)နာရီက ရန်ကုန်မြို့UMFCCI တွင် ကျင်းပခဲ့သည်။

သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဌ ဦးစံဖြိုးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့သည်။

ဦးတေဇအနေနှင့် အသင်းဥက္ကဌရာထူးမှ နှုတ်ထွက်သွားခြင်းအပေါ် အသင်းဗဟိုကော်မတီဝင်များနှင့် အမှုဆောင်များအနေဖြင့် လက်မခံပါကြောင်း၊ မြန်မာနိုင်ငံရဲ့ ကျောက်မျက်အချောထည်ဈေးကွက် အောင်မြင်စွာဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံတကာ အဆင့်မှီ ကျောက်မျက်ဓါတ်ခွဲခန်း ပေါ်ပေါက်လာဖို့အတွက် ကြိုးစားအကောင်အထည်ဖော်နေဆဲကာလမှာ အသင်းဥက္ကဌ၏ လမ်းညွှန်ချက်လိုအပ်နေကြောင်း ရှင်းလင်းပြောကြားသည်။ ထို့ကြောင့် ဦးတေဇအနေနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌရာထူးကို ပြန်လည်လက်ခံပေးရန်အတွက် ဗဟိုကော်မတီဝင်များနှင့် အမှုဆောင် ၁၀၀ ရာခိုင်နှုန်းမှ လက်မှတ်ရေးထိုးတောင်းဆိုထားကြောင်း ရှင်းလင်းပြောကြားသည်။

ဦးတေဇသည် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဌရာထူးမှ နှုတ်ထွက်ခွင့်ကို လွန်ခဲ့သည့် (၂)နှစ် ရဟက်ယာဉ်ပျက်ကျအပြီးမှ တစ်ကြိမ်၊ ၂၀၁၂ ဒီဇင်ဘာ (၅)ရက်နေ့က တစ်ကြိမ် နှုတ်ထွက်စာတင်ခဲ့ကြောင်းလည်း CJ Myanmar မှ သိရှိရသည်။

အေးချမ်းမွန်မှ  CJMyanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဇေကမ္ဘာမှ ရောင်းချခဲ့သော ပီစီအိုဖုန်းများအား ဆက်သွယ်ရေးမှ တစ်လခွဲခန့် လိုင်းပိတ်ထားမှု ဖြစ်ပေါ်

ရန်ကုန်၊ ဇန်န၀ါရီ ၃၁။
ဇေကမ္ဘာကုမ္ပဏီမှ ကော့မှူးမြို့နယ် ၀ါးဘလောက်သောက်
ကျေးရွာတွင် ငွေအကျေချေပြီးရောင်းချခဲ့သော ပီစီအိုဖုန်း
များကို လက်ကျန်ငွေ ကျပ် တစ်သိန်းသွင်းရန် ကျန်ရှိနေ
သေးသည်ဟုဆိုကာ ဆက်သွယ်ရေးမှ ၁လခွဲခန့် လိုင်းပိတ် ခဲ့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့ နယ်တွင် ဇေကမ္ဘာကုမ္ပဏီမှရောင်းချခဲ့သော ပီစီအိုဖုန်းများထဲမှ ငွေအကျေချေပြီး ဝယ်ယူခဲ့သော၂၂လုံးကို
ငွေကျပ် တစ်သိန်း သွင်းရန် ကျန်ရှိနေသေးသည် ဟုဆိုကာ
လိုင်းပိတ်ခဲ့ရာ လိုင်းပိတ်ခံရသူများမှ မြန်မာ့ဆက်သွယ်ရေးကို တိုင်ကြားခဲ့သဖြင့် ဇေကမ္ဘာကုမ္ပဏီမှ လာရောက်ဖြေရှင်းခဲ့သော
ကြောင့် ဇန်န၀ါရီ ၃၀ရက်နေ့တွင် ဖုန်းလိုင်းများ ပြန်ဖွင့်ပေးခဲ့
ကြောင်း ပီစီအိုဖုန်းဝယ်ယူခဲ့သူ ကိုအောင်နေမျိုးက ပြော
ကြားသည်။

“မနေ့က ဇေကမ္ဘာကနေ လာရှင်းသွားပါပြီ။ ဖုန်းလိုင်းတွေ လည်း ပြန်ဖွင့်ပေးလိုက်ပါပြီ။ကြိုတင်ငွေသွင်းတာ တစ်သိန်းနဲ့
နှစ်သိန်းကို မှားသွား တာပါ”ဟု မြန်မာ့ဆက်သွယ်ရေးမှ စီမံရေးရာရုံးအုပ် ဒေါ် အေးငွေက မြန်မာ့ခေတ်သို့
ပြောကြားသည်။

ဇေကမ္ဘာမှ သွားရောက်ဖြေရှင်းရာတွင် ပါဝင်ခဲ့သော
ဗိုလ်မှူးကျော်လွင် က “မနေ့ကဆက်သွယ်ရေးမှာ သွားရှင်း
ခဲ့တာက ပိုက်ဆံသွားသွင်း ပေးတာ မဟုတ်ပါဘူး။ လိုင်းပိတ်
ခံရတဲ့လူတွေရဲ့ ဖုန်းတွေကို ပြန်ဖွင့်ပေးဖို့ ညှိနှိုင်းပြီး
မေတ္တာရပ်ခံပေးခဲ့တာပါ”ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဖုန်းလိုင်းအပိတ်ခံရသူများမှာ ဇေကမ္ဘာကုမ္ပဏီကို ပေးသွင်း
ရမည့် ငွေကျပ် ၄သိန်း ၁သောင်း ၅ထောင်ကျပ်ကို ဇေကမ္ဘာ
ကုမ္ပဏီမှ ဦးကျော်ဦး ဆိုသူထံသို့ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ
၁ရက်နေ့မှ စတင်ပြီး အကျေပေးချေခဲ့ပြီးဖြစ်ကြောင်း နိုဝင်ဘာ
၁၄ ရက်နေ့တွင် ငွေကျပ် ၁သိန်း ပေးသွင်း ရန် ကျန်ရှိနေသေး
သည်ဟူသော အကြောင်းကြားစာများ ရောက်လာပြီး ဒီဇင်ဘာ ၂၀ရက်နေ့တွင် ဖုန်းလိုင်းများ အပိတ်ခံခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။

ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇေသီဟကပြောကြားရာတွင်
ကော့မှူးမြို့နယ်သို့ ရောင်းချေပေးခဲ့သော ပီစီအိုဖုန်းအလုံး ၂၀၀
တွင် ၂၂လုံး မှာ ထိုကဲ့သို့ လိုင်းပိတ်ခံခဲ့ရပြီး ဖုန်းလိုင်းများ
ပြန်ပွင့်စေရန် ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ပေး မည် ဖြစ်ပြီးအဖြစ်မှန်ကို စုံစမ်းသွားမည် ဖြစ်ကြောင်း
ပြောကြားသည်။
The Myanma Age
ဆုဝေ

ဇေကမ္ဘာမှ ရောင်းချခဲ့သော ပီစီအိုဖုန်းများအား 
ဆက်သွယ်ရေးမှ တစ်လခွဲခန့် လိုင်းပိတ်ထားမှု ဖြစ်ပေါ်

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ အတွင်း လူသတ်မှုနှင့်မုဒိမ်းမှု အများဆုံးဖြစ်

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သောအမှုကြီး ၁၀မျိုးတွင်
လူသတ်မှုနှင့်မုဒိမ်းမှုမှာ ယခင်နှစ်များကဲ့သို့ အများဆုံးဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အမှုကြီး ၁၀ မျိုး စုစုပေါင်း ၂၃၁၈ မှုဖြစ်ပွားခဲ့ရာတွင် လူသတ်မှု ၁၃၂၃၊ မုဒိမ်းမှု ၆၅၄ ရှိပြီး၊ ကျန်အမှုကြီးများထက် ထိုနှစ်မျိုးက လွန်စွာများပြားခဲ့သည်။တစ်နိုင်ငံလုံး အမှုကြီး ၁၀ မျိုးဖြစ်ပွားမှုတွင် ၂၀၁၁ ခုနှစ်၌ ၂၂၉၀ မှုရှိ၍ ၂၀၁၂ က ၂၈ မှုပိုများခဲ့သည်။
စုစုပေါင်းမှုခင်းဖြစ်ပွားမှုများမှာ နှစ်အလိုက် တိုးလာသည်ကိုလည်း စာရင်း
ဇယားများအရ သိရှိရသည်။ အမှုကြီး ၁၀မျိုးတွင် မပါသော ခိုးမှုများမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုများလာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်
များတွင်ဖော်ပြထားသည်။ တစ်နိုင်ငံလုံးနည်းတူ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော
အမှုကြီး ၁၀ မျိုးတွင်လည်း လူသတ်မှုနှင့်မုဒိမ်းမှုက ပထမနှင့်ဒုတိယအများဆုံး
ဖြစ်ခဲ့သည်။ ရန်ကုန်တွင် တစ်နှစ်တာအတွင်း ရာဇ၀တ်မှုပေါင်း ၃၅၆ မှုဖြစ်ပွား
ခဲ့ရာတွင် လူသတ်မှု ၁၆၄ မှုဖြစ်ပွားကာ ၁၅၄ မှုအား တရားစွဲဆိုနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မုဒိမ်းမှုမှာ ၁၃၅ မှုဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အဆိုပါ
ပြစ်မှုကြီးနှစ်ခု ဖြစ်ပွားနှုန်းမှာ တစ်နှစ်တာ ဖြစ်ပွားသော အမှုစုစုပေါင်း၏ ထက်ဝက်ကျော်ပင်ရှိသည်။ လုယက်မှု ၃၀၊ ဖောက်ထွင်းမှု ၁၈ မှု၊ တိရစ္ဆာန်
ခိုးမှုနှင့် မတရားအသင်းသုံးမှု အသီးသီးဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ကပြောသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် (၂၀၀၁ မှ ၂၀၁၀)တွင်လည်း ပြစ်မှုကြီးများတွင် လူသတ်မှုနှင့် မုဒိမ်းမှုမှာ အများဆုံးဖြစ်ပွားခဲ့သည်။ ဆယ်နှစ်အတွင်း
လူသတ်မှု ၁၁၇၇ မှု ဖြစ်ပွားခဲ့ပြီး မုဒိမ်းမှု ၇၅၅ ဖြစ်ပွားခဲ့ကြောင်း ပြစ်မှု
မှတ်တမ်းများအရ သိရသည်။
ရန်ကုန်တွင် ခိုးမှု ၈၉၈ မှု ဖြစ်ပွားခဲ့ရာတွင် ၅၄၇ မှုသာ ဖော်ထုတ်နိုင်ခဲ့ပြီး ၃၅၁ မှုမှာမူ တရားခံမမိခဲ့ဘဲ ယာဉ်တိုက်မှု ၁၈၀၃မှု ဖြစ်ပွားခဲ့ရာတွင်လည်း ၁၅၀၉ မှုသာ ဖော်ထုတ်နိုင်ခဲ့ကြောင်း စာရင်းဇယားများအရ သိရှိရသည်။ ယာဉ်တိုက်မှုများတွင် ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၆၃၄ မှု ပိုများသကဲ့သို့ ၂၀၁၀ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၀၀၈ မှု ပိုများလာသည်။
ရန်ကုန်တွင် အထက်ပါအမှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခဲ့သော အမှုဆယ်မျိုးဖြစ်သည့် လောင်းကစား၊ လက်နက်ပုန်း၊ ယစ်မျိုး၊ ပြည့်တန်ဆာ၊
ခြေချုပ်၊ ရဲဘက်၊ ခိုးမှုမသင်္ကာ၊ ၅/ညနှင့် ဆင်ဆာမဲ့ရေဒီယို အမှုပေါင်း ၂၅၄၅၇ မှု ဖြစ်ပွားရာတွင် ၂၅၁၆၀ မှု တရားစွဲဆိုနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တစ်နိုင်ငံလုံးတွင် လူကုန်ကူးမှုမှာ ၁၁၉ မှု အရေးယူနိုင်ခဲ့သောကြောင့် ၂၀၁၁ နှင့် နှိုင်းယှဉ်ပါက ၁၇ မှု လျော့နည်းကာ ၂၀၁၀ ထက် ၅၂ မှု လျော့နည်းပြီး ၂၀၀၉ ထက် ၃၆ မှု လျော့နည်းခဲ့ကြောင်း သတင်း
ရရှိသည်။

7Day News
X2O ဗုံးပေါက်မှု မတရားစွပ်စွဲ အပြစ်ဒဏ်ခံခဲ့ရတဲ့ကိုဖြိုးဝေအောင်

X2O ဗုံးပေါက်မှု မတရားစွပ်စွဲ အပြစ်ဒဏ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်သော ကိုဖြိုးဝေအောင်သည် အဆိုပါ ပြစ်မှု့တွင် အမှန်တကယ်ကျူးလွန်သူမဟုတ်ဘဲ အပြစ်ဒဏ်ခံခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီမှာ ၆ နာရီအထိ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ တွင် ပြုလုပ်မှာ ဖြစ်ကြောင်းသိရပါတယ်။

၂၀၁၀ ခုနှစ် တွင် ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ X2O ရေကစား မဏ္ဍာပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မတရားစွပ်စွဲပြိး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ချမှတ်ခံရရာမှ ၂၀၁၂ခုနှစ် သြဂုတ်လ ၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ကိုဖြိုးဝေအောင်ထောင်တွင်း၌ လုံလောက်သော ဆေးကုသမှုများမရှိခဲ့ကြောင့် အသည်းကင်ဆာနှင့် အခြားသော နောက်ဆက်တွဲ ရောဂါများခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။

ထောင်မှ ပြန်လွှတ်လာပြီး ၄င်းကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ဆန္ဒရှိသော်လည်း ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခု သတင်းစာရှင်းလင်းပွဲကို မကွယ်လွန်ခင်က မှာကြားခဲ့ခြင်းအတိုင်း ကျန်ရစ်သူမိသားစုမှ ပြုလုပ်ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရပါတယ်။
မှ Myanmar1

(Source; M-Media, Jan 30, 2013)

အေးချမ်းမွန်မှ Myanmar1 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မလေးရှား နိုင်ငံတွင် မျိုးသုဉ်း ပျောက်ကွယ်လု နီးပါး ဖြစ်နေသော ဆင်ပုများ အဆိပ်မိ သေဆုံး

မလေးရှား နိုင်ငံ အတွင်းရှိ သဘာဝ သစ်တောများ၌ ထိန်းသိမ်းထားသည့် မျိုးသုဉ်း ပျောက်ကွယ်လု နီးပါး ဖြစ်နေသော ဆင်ပုများ သေဆုံး နေသည်ကို တွေ့ရှိ ခဲ့ကြောင်း၊ အဆိုပါ ဆင်များသည် အဆိပ် မိခြင်းကြောင့် သေဆုံး ရနိုင်ဖွယ် ရှိကြောင်း တာဝန်ရှိသူ များက ပြောကြား ခဲ့သည်။

အဆိုပါ ဆင်များသည် ခန္ဓာကိုယ် အတွင်း သွေးယိုစီးမှုကို ခံစား ခဲ့ရကြောင်း၊ ၎င်းတို့သည် တစ်ကောင်နှင့် တစ်ကောင် မနီးမဝေးတွင် သေဆုံး နေသည်ကို တွေ့ရှိခဲ့ပြီး သုံးလသား အရွယ် ဆင်ပုလေးအား သေဆုံးနေ သော ၎င်း၏ မိခင်ဖြစ်သူ ဆင်မကြီး၏ နံဘေးတွင် တွေ့ရှိခဲ့ ရသောကြောင့် ၎င်းသည် မိခင် ဖြစ်သူအား နှိုးရန် ကြိုးစားထားပုံ ရကြောင်း သိရသည်။

အဆိုပါ ဆင်များသည် မျိုးတူအုပ်စုမှ ပေါက်ဖွား လာကြပြီး သက်တမ်း လေးနှစ်နှင့် နှစ် ၂ဝ အကြားတွင် ရှိကြောင်း၊ ဘော်နီယို ကျွန်းစုရှိ ဆာဘက်ရှ် ပြည်နယ် Gunung Rara သဘာဝ သစ်တောမှ တိရစ္ဆာန် ဆေးကု ဆရာဝန် တစ်ဦးဖြစ်သူ ဆန်နာသန်က ပြောကြားခဲ့သည်။

သေဆုံးနေသော ဆင်လေးကောင်၏ ရုပ်အလောင်းကို ပြီးခဲ့သည့် ရက်သတ္တပတ်က တွေ့ရှိ ခဲ့ပြီးနောက် အခြား ဆင်လေးကောင်၏ ရုပ်အလောင်းကို နှစ်ရက် အကြာတွင် တွေ့ရှိခဲ့ကြောင်း တာဝန် ရှိသူများက ပြောကြား ခဲ့သည်။

အဆိုပါ သေဆုံးနေသော ဆင်များတွင် ဆင်စွယ်များ ရှိခြင်းနှင့် သေနတ် ဒဏ်ရာများ မရှိခြင်းကြောင့် တိရစ္ဆာန် ခိုးဖမ်းသူ များ၏ လက်ချက်ကြောင့် သေဆုံးခြင်း မဟုတ်ကြောင်း ဆာဘက်ရှ် တောရိုင်း တိရစ္ဆာန် ဌာနမှ ညွှန်ကြားရေးမှူး လူရန်တီ အက်စ်အမ်ဘူက ပြောကြားခဲ့သည်။

ထို့နောက်တွင် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ရန် အတွက် အသားစ နမူနာများကို ပေးပို့ခဲ့ကြောင်း၊ ယင်း ဆင်များ၏ အစာ ချေဖျက်မှု စနစ် အတွင်းရှိ ပျက်စီးနေသော သက်သေ အထောက် အထားများက အဆိပ် မိ ခြင်းကြောင့် သေဆုံးရ နိုင်ဖွယ် ရှိသည်ကို ညွှန်ပြလျက် ရှိကြောင်း နာသန်က ပြောကြားခဲ့သည်။ စမ်းသပ်မှု များက ဆင်များသည် အဆိပ်မိ ခြင်းကြောင့် သေဆုံးခြင်း ဟုတ်၊ မဟုတ်ကို အတည်ပြု သွားမည်ဖြစ် ကြောင်း သိရသည်။

မှ မြ၀တီ

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ပြည်ပဧည့်များ ငပလီတွင် ရေအောက်ကမ္ဘာ လေ့လာနိုင်ပြီ

ငပလီတွင် နိုင်ငံခြားသားများ ရေအောက်ကမ္ဘာ လေ့လာနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ ပင်လယ် ရေငုပ်ခြင်းကို စိတ် ဝင်စားသည့် ပြည်ပ ဧည့်များ အတွက် ရေငုပ် ဝတ်စုံဝတ် ရေအောက် ခရီး၊ ပျော်စရာ ပင်လယ်ကမ္ဘာ လေ့လာရေး ခရီး (ရေပေါ် လေပိုက် မျက်နှာဖုံး ဖော်၍ ကူးခတ် လေ့လာခြင်း၊ က ယက်လှေလှော်ခြင်း၊ ရေကူးငါးမြား ခြင်း၊ တံငါရွာ လေ့လာခြင်း)၊ ငပလီ ဝန်းကျင်ရေမြေ သဘာဝလေ့လာ ခြင်း၊ သံတွဲမြစ်ရိုး တစ်လျှောက် လေ့လာခြင်း တို့ကို ငပလီရေ လွှာ အားကစား စင်တာမှ ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။
”တခြားနိုင်ငံတွေမှာလည်း ဒီလို Water Sport Center တွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ ဆီမှာလည်း အဲဒါမျိုးတွေ ဖြည့် ဆည်းပေးချင်လို့ စဖွင့်လိုက်တာ” ဟု စင်တာ ဖွင့်ထားသည့် Asia Whale ခရီးသွားလုပ်ငန်းမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။
ပြည်ပ ဧည့်များသည် ထိုသို့ ရေငုပ်ခြင်း (Scuba Diving)ကို ယခင် က မြိတ်ကျွန်းစု များတွင်သာ ပြုလုပ် ကြပြီး အပန်းဖြေ ကမ်းခြေတွင် ယခုကဲ့သို့ ဝန်ဆောင်မှုပေး သည် မှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။
ဒေသခံများ၏ လူနေမှု ဘဝကို လေ့လာလို သူများသည် သံတွဲအနီး ဝန်းကျင်ရှိ မောင်ရွှေလေး တံငါရွာ အပါအဝင် ရွာများ၊ သံတွဲမြစ်ရိုး တစ်လျှောက် ဒေသခံများ ၏ နေ့စဉ် လူနေမှု ဘဝများကို လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။ ရေငုပ်ခြင်း အတွက် ငပလီ ကမ်းခြေမှ ကားဖြင့် တစ်နာရီခွဲ သွားရောက်နိုင်မည့် နေရာတွင် စီစဉ်ပေးကြောင်း၊ လက်ရှိတွင် အီတလီ၊ ဂျာမနီ စသည့် နိုင်ငံသားများ အများဆုံး လာရောက် လေ့လာကြကြောင်း၊ ငပလီသည် နေ့စဉ် လေကြောင်းလိုင်း ရှိသောကြောင့် နောက်ပိုင်းတွင် ပြည်ပဧည့် ပိုများ လာမည်ဟု ခန့်မှန်းထားကြောင်း Asia Whale ခရီးသွား လုပ်ငန်းမှ သိရသည်။

မှ Popular Myanmar News Journal

ပြည်ပဧည့်များ ငပလီတွင် ရေအောက်ကမ္ဘာ လေ့လာနိုင်ပြီ

(ရန်ကုန်၊ ဇန်နဝါရီ ၂၈)

မေဇင်ဝင်း 

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ယာဉ်ထိန်းရဲများ လာဘ်ပေး လာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင်

Thursday 31st January 2013
ရန်ကုန်တိုင်း ဒေသကြီးရှိ ယာဉ်ထိန်းရဲများ လာဘ်ပေး လာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင် တယ်လို့ ယခုလ အတွင်းက ရန်ကုန်မြို့တော် ခန်းမမှာ ပြုလုပ်ခဲ့တဲ့

သတင်းစာ ရှင်းလင်းပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ လာဘ်ပေး လာဘ်ယူမှုများနဲ့ ပတ်သက်ပြီး တိုင်ကြားမှုများ မရှိ တဲ့အတွက် တိုင်ကြား လိုသူတွေမှ တိုင်ကြား နိုင်ဖို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ အတွက် တိုင်းကြားချက် တွေရှိခဲ့ရင် ပြစ်မှုဆိုင်ရာ ဥပဒေ၊ ရဲလက်စွဲ ဥပဒေများ အရ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသည်တင် ကားများမှ ပိုက်ဆံများ ပစ်ချပေး ရင်တော့ အဆိုပါ ခရီးသည်တင် ကားများကိုပါ အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ယာဉ်ထိန်း ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပုံ အသစ်နဲ့ ဆောင်ရွက် နေပြီး စည်ပင် သာယာ နယ်နိမိတ် ၃၁ မြို့နယ်မှာ တစ်မြို့နယ် တပ်ဖွဲ့တစ်စုနဲ့ စည်ပင် သာယာ နယ်နိမိတ်ပြင်ပ ၁၄ မြို့နယ်ကို နှစ်မြို့နယ် တပ်ဖွဲ့စု တစ်ဖွဲ့စီနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ တပ်ဖွဲ့စု တစ်စု မှာတော့ ဒုရဲမှူး အဆင့်ရှိသူ တစ်ဦး၊ ရဲအုပ် ၄ ဦး၊ ဒုရဲအုပ် ၃ ဦးနဲ့ အခြားအဆင့် ၂၈ ဦး စုစုပေါင်း ၃၆ ဦး ပါဝင်ဖွဲ့စည်း ထားတယ်လို့ သိရပါတယ်။
မှ MRTV-4

အေးချမ်းမွန်မှ  MRTV-4 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Microsoft မှဖန်တီးသော ခန္ဓာကိုယ် ကို စမတ်ဖုန်းလို သုံးနိုင်မည့်  နည်းပညာ

Microsoft မှဖန်တီးသော ခန္ဓာကိုယ် ကို စမတ်ဖုန်းလို သုံးနိုင်မည့် 
နည်းပညာ
Thursday January 31, 2013

၂၀၁၀ ခုနှစ်က ပြသပြီး ကမ္ဘာ့နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လက်ကို ထိတွေ့မျက်နှာပြင်အဖြစ် အသုံးပြုခြင်း ကို လက်တွေ့ပြသခဲ့လို့ ဆုများလည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာ ကို ပြန်လည် Upgrade လုပ်နေပါပြီ။ နောက်ဆိုရင် လူတိုင်း လက်မှာကိုင်ရ တဲ့ ဖုန်း၊ စားပွဲပေါ် တင်ရတဲ့ ကွန်ပြူတာ၊ လပ်တော့နဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းနေရာ အတော်များများမှာ လွမ်းမိုး လာမယ့်လို့ ယုံကြည်ထားကြပါတယ်။ ယင်းနည်းပညာ ဘယ်လိုအလုပ်လုပ် မလဲဆိုတာ လူတိုင်းစိတ်ဝင်စားပါတယ်။ သူ့ရဲ့  အလုပ်လုပ်ပုံက ဒီလို ဖြစ်ပါတယ်။

လက်မောင်းမှာ ဥပမာ ပေးပြပါတယ်။ ခန္ဓာကိုယ် အရေအပြားကို တစ်ခုခုနဲ့ ထိခိုက်လိုက်တဲ့အခါ အသံလှိုင်း၊ တုန်ခါမှုများဖြစ်ပေါ်စေပါတယ်။ ဥပမာ - ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလုံး ပစ်ချသကဲ့သို့ ဖြစ်ပြီး လက်မောင်း တစ်နေရာကို လက်ညိုးနဲ့ အသာလေး တောက်တဲ့အခါ သူ့ကြောင့် Sound Wave နဲ့ Vibration ဟာ ပြန့်နှံ့သွားပါမယ်။ ဒီတော့ ကိုယ်မှာ ယင်း အသံလှိုင်းနဲ့ တုန်ခါမှုကို ခြေရာခံမယ့် စက်သေးသေးလေး တစ်ခုတော့ ကပ်ထား၊ ပတ်ထားဖို့လိုပါမယ်။ 28 MHz လို့လို Frequency ကိုတောင် ခြေရာခံပြီး respond လုပ်မှာ ဖြစ်ပါတယ်။

ဒီတော့ အသားအရေကို Projector မျက်နှာပြင်လို အသုံးပြုမှာမို့ အလင်းရောင်သက်သက်ပဲ ဖြစ်ပါတယ်။ ဘာလေဆာ ရောင်ခြည်မှမပါပါဘူး။ ယင်း ပရိုဂျက်တာထိုးထားတဲ့ အလင်းရောင် နေရမှာ အသံလိုင်း Frequency အနိမ့်အမြင့် မျိုးစုံ ပေးစွမ်းခြင်းဖြင့် Body user interface တစ်ခု ဖြစ်ပေါ် လာ စေဖို့ ဖြစ်ပါတယ်။

အထက်ပါ ရှင်းလင်းပြသမှုက အကြမ်းဖျင်းပဲ ရှိပါတယ်။ ဒါကို မိုက်ခရိုဆော့ဖ်မှ နက်နက်နဲနဲကို လေ့လာသုသေတနပြုလုပ်လို့ ဖန်တီးနေပါတယ်။ မိုက်ခရိုဆော့ဖ်ဆိုပေမယ့် အပြင်က အင်ဂျင်နေယာများ ဖြစ်ပြီး မိုက်ခရိုဆော့ရဲ့  ဓာတ်ခွဲခန်းကို အသုံြး့ပုခြင်း မျှသာ ဖြစ်ပါတယ်။ ဒီတော့ ထွက်လာမယ့် ထုတ်ကုန်ပစ္စည်းက Microsoft နဲ့တော့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

အနာဂတ်မှာ အသုံးပြုရမယ့် အိုင်တီ Gadget များဟာ ရုပ်ရှင်တွေထဲကလိုပဲ လက်ဖဝါးတွေ၊ လက်မောင်းတွေ နဲ့ အခြား ခန္ဓာကိုယ် အရေအပြားနေရာ များမှာသာ ဖြစ်တော့မှာဆိုတော့ နည်းပညာလောကသားတိုင်း စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။
--
Ref: mircosoft,wiki
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/microsoft.html

--
TechSpace Journal

--TechSpace Journal
ကိုရီးယားက နှစ်လယ်ပိုင်းတွင် မြန်မာလုပ်သား ၅၀၀၀ ကျော် ခေါ်ယူမည်

Photo

  31 January, 2013 
ကိုရီးယားနိုင်ငံက ယခုနှစ်လယ်ပိုင်းတွင် မြန်မာနိုင်ငံမှ အလုပ်သမား ၅၀၀၀ ကျော်ကို EPS စနစ်ဖြင့် ခေါ်ယူမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Choi Jung-In က ပြောသည်။ ကုန်ထုတ်လုပ်ငန်းအတွက် မြန်မာအလုပ်သမား ၄၉၀၀ ခေါ်ယူမည်ဖြစ်ပြီး ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် အနည်းငယ်စီ ခေါ်ယူမည်ဖြစ်ကြောင်း ယင်းကပြောသည်။ လုပ်သားများ ခေါ်ယူရေးအတွက် EPS စာမေးပွဲ ဖြေဆိုနိုင်ရန် လျှောက်လွှာများကို မတ်လ ၁၈ ရက်မှ ၂၁ ရက်အတွင်း၌ ရောင်းချပေးမည်ဖြစ်ပြီး မေ ၁၈ နှင့် ၁၉ ရက်များတွင် စာမေးပွဲ စစ်ဆေးမည်ဖြစ်သည်။ စာမေးပွဲနှင့်သက်ဆိုင်သော အချက်အလက်များကို မတ်လ ၁၁ ရက်တွင် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာ ပေးသွားမည်ဟု ဆိုသည်။

၎င်းစာမေးပွဲကို ဝင်ရောက်ဖြေဆို၍ ကိုရီးယားနိုင်ငံသို့ သွားရောက်လိုသူများမှာ အနည်းဆုံး ပတ်စပို့သက်တမ်း တစ်နှစ်ရှိနေသူ ဖြစ်ရမည်ဖြစ်သည်။ ထို့ပြင် ယခုတစ်ကြိမ် ဘာသာစကား ကျွမ်းကျင်မှုအတွက် စစ်ဆေးရာတွင် ယခင်နှစ်များက မေးခွန်းပုံစံများအတိုင်း မဟုတ်ဘဲ မေးခွန်းပြောင်းလဲမှုများ ရှိမည်ဖြစ်ရာ ဘာသာစကား ကျွမ်းကျင်မှု ပိုမိုရှိအောင် လေ့လာထားရန်လိုကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနအစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်ကပြောသည်။ “စာမေးပွဲမေးခွန်းတွေ ပြောင်းမယ်ဆိုတာက အရင်ကလို မေးခွန်း ၂၀၀၀ ပေးထားတာကို ရရင် ဖြေနိုင်တာမျိုး မဟုတ်ဘဲ မေးခွန်းလွှဲမေးတာတွေလည်း ရှိမယ်ဆိုတော့ အတိုကောက် ဒါမြင်ရင် ဒါဖြေဆိုတာ မဟုတ်တော့ဘူး။ မေးခွန်းလွဲတာတွေ ရှိမယ်ဆိုတော့ တကယ်နားလည်ထားဖို့ လိုအပ်တယ်။ ဟိုနိုင်ငံရောက်တော့ တကယ်လက်တွေ့မှ မပြောနိုင်တာတွေ ရှိတဲ့အတွက် မေးခွန်းပုံစံ ပြောင်းရခြင်းဖြစ်တယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

ကိုရီးယားနိုင်ငံသို့ အလုပ်သမား ခေါ်ယူစေလွှတ်မှုကို ရွှေအင်းဝအနေဖြင့် မဟုတ်တော့ဘဲ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီက ၂၀၁၁ နှစ်ဆန်းပိုင်းမှ ဝန်ဆောင်မှုပေးနေပြီး ယခုအချိန်ထိ အလုပ်သမား ၅၅၄၇ ဦး စေလွှတ်ခဲ့ပြီးဖြစ်သည်။ ယခုအကြိမ် စာမေးပွဲဖြေဆိုရာတွင် စာရွက်ဖြင့် ဖြေဆိုခြင်း မဟုတ်တော့ဘဲ ကွန်ပျူတာဖြင့် စစ်ဆေးသည့်စနစ်ကို စတင်ပြောင်းလဲတော့မည် ဖြစ်သည်။ သို့သော် စာမေးပွဲဖြေဆိုသူ များလွန်းပါက နောက်စစ်ဆေးမှုများတွင် တစ်ကြိမ် ၃၀ အထက် စာရွက်ဖြင့်ပင် ဖြေဆိုရမည်ဖြစ်သည်။ ကိုရီးယားနိုင်ငံက ယခုနှစ်တွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ အလုပ်သမား ၆၅၀၀၀ ခေါ်ယူမည်ဖြစ်ပြီး ထိုအထဲမှ ၁၀၀၀၀ မှာ ယင်းနိုင်ငံတွင် ခြောက်နှစ် နေထိုင်လုပ်ကိုင် ထားသူများထဲမှ ပြန်လည်ခေါ်ယူမည် ဖြစ်သည်။

အဆိုပါ ၁၅ နိုင်ငံအတွင်း၌ မြန်မာနိုင်ငံ အနေဖြင့် ကိုရီးယားနိုင်ငံတွင် အလုပ်သမား သွားရောက်လုပ်ကိုင်မှုမှာ အလည်အပတ်တွင် ရှိနေသေးကြောင်း Mr. Choi Jung-In ကပြောသည်။ ကိုရီးယားအလုပ်သမား စေလွှတ်မှုအတွက် ဝန်ဆောင်ခကို ၂၀၁၁ ခုနှစ်တွင် ကျပ်ရှစ်သိန်း သတ်မှတ်ထားရာမှ  ၂၀၁၂ ခုနှစ် ဧပြီတွင် ခုနစ်သိန်းသို့ လျှော့ချခဲ့သည်။ ထို့အတူ ပြီးခဲ့သည့် နိုဝင်ဘာမှစ၍ ဝန်ဆောင်ခကို ကျပ်ခြောက်သိန်းခွဲသို့ လျှော့ချခဲ့၍ လက်ရှိတွင် ထိုနှုန်းအတိုင်းသာ ပေးဆောင်ရမည်ဖြစ်သည်။ ခြောက်သိန်းခွဲထဲတွင် လေယာဉ်လက်မှတ်ခ၊ ဗီဇာကြေး၊ ဆေးစစ်ခ၊ သင်တန်းနှင့် စာရွက်စာတမ်းကြေးများ ပါဝင်ပြီးဖြစ်ကြောင်း သိရသည်။

သိမ့်သိမ့်စိုး၊ အေးမြတ်သူ By 7Day News
သားဖြစ်သူကို ထီးနန်း အရိုက်အရာ လွှဲပြောင်းပေးရန် နယ်သာလန် ဘုရင်မ ထီးနန်း စွန့်ပြီ

နယ်သာလန် နိုင်ငံ၏ ဘုရင်မ ဘီထရစ်ဇ်သည် သူမ၏ သားဖြစ်သူ မင်းသား ဝီလမ် အလက်ဇန္ဒားအား ထီးနန်း အရိုက် အရာကို လွှဲပြောင်း ရန်အတွက် ထီးနန်း စွန့်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

မင်းသား ဝီလမ် အလက်ဇန္ဒားသည် ထီးနန်းကို ဆက်ခံရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည့်အတွက် ထီးနန်း ကို စွန့်ခဲ့ခြင်း ဖြစ်ကြောင်း ဘုရင်မ ဘီထရစ်ဇ်က နိုင်ငံပိုင် ရုပ်သံမှ တစ်ဆင့် ပြည်သူများထံ ပြောကြား ခဲ့သည်။ဝီလမ် အလက် ဇန္ဒားသည် လာမည့် ဧပြီ ၃ဝ ရက်တွင် နယ်သာလန် နိုင်ငံ၏ ဘုရင်အဖြစ် ထီးနန်းကို တရားဝင် ဆက်ခံမည်ဖြစ်ပြီး မင်းသမီး မက်ဇီမာ ဇော်ရီ ဂွေတာနှင့် လက်ထပ်ပြီးနောက် သားသမီး သုံးဦး ထွန်းကား ခဲ့သည်။

အသက် ၄၅ နှစ် အရွယ်ရှိပြီ ဖြစ်သည့် မင်းသား ဝီလမ်သည် မကြာမီ နယ်သာလန် နိုင်ငံ၏ ဘုရင် ဖြစ်လာ တော့မည် ဖြစ်သည့်အတွက် ထီးနန်းနှင့် မသင့်လျော်သည့် အရာ အားလုံးကို စွန့်လွှတ် ရမည် ဖြစ်သည်။သို့ရာတွင် နယ်သာ လန် နိုင်ငံ၏ နိုင်ငံရေး ကိစ္စများ၌ ယခုအခါ တော်ဝင် မိသားစု၏ ပါဝင်မှု အခန်းကဏ္ဍ သည် လျော့နည်း လာသည်ကို တွေ့ရသည်။

ဘုရင်မ ဘီထရစ်ဇ်သည် ၁၉၈ဝ ပြည့်နှစ်က မိခင်ဖြစ်သူ ဘုရင်မ ဂျူလီယာနာ ထံမှ ထီးနန်း အရိုက်အရာကို ဆက်ခံ ခဲ့သော နယ်သာလန် နိုင်ငံ၏ ဆဋ္ဌမမြောက် ထီးနန်း ဆက်ခံသူ ဖြစ်ကြောင်း သိရသည်။

မှ မြ၀တီ